Tuesday, June 3, 2008

What should we care?

ပုန်းကွယ်နေသော မှတ်ချက်များ

လူဆိုတာ ပတ်ဝန်းကျင်အပေါ်မှာ အမှီပြုပြီး ရင့်ကျက်လာကြတဲ့ သတ္တ၀ါတွေပါ.. လူတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေအားလုံးဟာ သူဖြတ်သန်းလာခဲ့ရတဲ့ ဘ၀၊ ပတ်ဝန်းကျင်ရဲ့ ရောင်ပြန်ဟပ်မှုတွေ ပါပဲ…

ဘာဖြစ်လို့ လဲ?..

ဒီလူဟာ ဒီပတ်ဝန်းကျင်မှာ ရပ်တည်ရှင်သန်နိုင်ဖို့  အတတ်နိုင်ဆုံး မိမိကိုယ်ကို ပြုပြင်ပြောင်းလဲယူလာရတာကိုး…

ပတ်ဝန်းကျင်ဆိုတာ အလိုက်သင့် ရေစုန်မျှောပြီး လိုက်သွားဖို့ လဲမသင့်၊ တစ်ချိန်လုံး ဆန်ကူးနေလို့ လဲ မဖြစ်တဲ့ ရေစီးကြမ်းတဲ့မြစ်တစ်စင်းပါ… အကူးမတတ်ရင် နစ်မြုပ်သွားမှာ မုချပါ.. တစ်ချို့  သောပတ်ဝန်းကျင်က စုပ်ဝဲနဲ့ တူပါတယ်.. အချိန်တန်ရင် မိုးခါးရည်သောက်ရမဲ့ ပတ်ဝန်းကျင်မျိုးပေါ့.. တစ်ချို့  သောပတ်ဝန်းကျင်ကတော့ ကမ်းခြေကို အရှိန်ပြင်းပြင်းနဲ့  အရောက်ပို့ မယ့် ဒီလှိုင်းတွေလိုပေါ့… အင်မတန်ကောင်းတဲ့ ပတ်ဝန်းကျင်မျိုး ဆိုပါတော့..

ဘယ်လိုပတ်ဝန်းကျင်မျိုးမှာပဲဖြစ်ဖြစ် ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ က အရေးအကြီးဆုံးပါ… ကျွန်တော်သတိထားမိသလောက် ကျွန်တော်တို့ ကို အဓိကထိုးနှက်နေတာ ပတ်ဝန်းကျင်က မှတ်ချက်တွေပါ.. ရည်ရွယ်ချက်တွေကို ကြည့်ပြီး အမျိုးအစားခွဲကြည့်လိုက်တော့

  • ရည်ရွယ်ချက်မဲ့ပြီး ၀သီအရ သူတပါးက မိမိကဲ့သို့ မစွမ်းဆောင်နိုင်ဆိုသော အတ္တ မာနမှ အခြေပြုသော ဝေဖန်မှတ်ချက်များ
  • ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်အောင် ပြောဆိုသော ဝေဖန်မှတ်ချက်များ
  • ကောင်းစေလိုသော ဆန္ဒ၊ ရည်ရွယ်ချက်ဖြင့် ပြောဆိုသော ဝေဖန်မှတ်ချက်များ
  • အကျိုးတစ်ခုခုကို မျှော်ကိုးသော မစစ်မှန်သည့် ချီးမွမ်းမှတ်ချက်များ
  • မည်သို့ သောအကျိုးရလဒ်မျှ မမျှော်ကိုးသော စစ်မှန်သည့် ချီးမွမ်းမှတ်ချက်များ ဆိုတာတွေ ရလာပါတယ်…

သို့ သော်..

သို့ သော်.. အဆိုပါမှတ်ချက်များအားလုံးကို ကျွန်တော်တို့  အချိန်ပြည့်ပြောမနေနိုင်ကြပါ… ဘာဖြစ်လို့ လဲ?..

မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်း..တစ်ဦးချင်းစီအတွက် ဖွင့်မပြောတဲ့ စစ်မှန်တဲ့မှတ်ချက်တွေ ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာ ကိုယ်စီကိုယ်စီ ရှိကြပြီးသားပဲမဟုတ်လား..

ကျွန်တော်တို့  တကယ်အလုပ်လုပ်နေကြတာ ဒီမှတ်ချက်တွေနဲ့ ပဲ မဟုတ်လား..

ဒါတွေဟာ အစစ်အမှန်တွေပါပဲ..

ဒီတော့ ပတ်ဝန်းကျင်က ထုတ်ဖော်ပြောနေတယ့် စစ်မှန်မှုနည်းပါးတဲ့မှတ်ချက်တွေမှာ ဘာလို ကျွန်တော်တို အာရုံအနောက်ခံကြမှာလဲ

ဒီလိုဆို ပတ်ဝန်းကျင်ကို၊ မှတ်ချက်တွေကို ကျွန်တော်တို လုံးဝဂရုစိုက်စရာ မလိုတော့ဘူးပေါ့ ?...

NO..မဟုတ်ပါဘူး

ကျွန်တော်တို ပတ်ဝန်းကျင်ရဲ့ စစ်မှန်တဲ့ ရင်ထဲက မှတ်ချက်တွေကို လေးစားကြရပါမယ်.. ကျွန်တော်တို့ ရဲ့ နေ့ စဉ်အသေးအမွှား အပြုအမူလေးတွေကို မြင်ပြီး ရှင်သန်လာတဲ့ မှတ်ချက်တွေ ဖြစ်လို့ ပါ..

ဥပမာ.. ကျွန်တော်ဟာ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့သူတစ်ယောက် ဆိုပါတော့ကျွန်တော်ဟာ အပြောတစ်ခြား၊ အလုပ်တစ်ခြား အမြဲလုပ်တယ်ဆိုပါတော့ဗျာ..ရေရှည်မှာ ကျွန်တော့်ကို ဘယ်သူမှ ယုံကြည်တော့မှာ မဟုတ်ဘူး.. ကျွန်တော်ဟာ ဘာအရည်အချင်းမှမရှိဘဲ စိုင်ကော်လို့ ချူံပေါ်ရောက်ပြီး ဟိတ်ဟန်တစ်ခွဲသားနဲ နေတယ်ဆိုပါတော့ဗျာရေရှည်မှာ ကျွန်တော့်ကို ဘယ်သူမှာ လေးစားမှာ မဟုတ်ဘူး..အားလုံးဟာ ကျွန်တော်တို့ ရဲ့ နေ့ စဉ်လုပ်နေတဲ့ အသေးအဖွဲအမှားအယွင်းတွေ ရဲ့ ရလဒ်တွေပါ..

ကျွန်တော်တို့ ဟာ အပြင်မှာ ပြုံးပြဆက်ဆံနေကြပေမယ့် ဒီလူဟာ မယုံကြည်ရပါလား.. အသုံးမကျပါလား.. စိတ်ဓါတ်မကောင်းပါလား.. အလုပ်ကြိုးစားပါလား..၀ီရိယရှိပါလား... စတဲ့..စတဲ့မှတ်ချက်များစွာက ကျွန်တော်တို့  ရဲ့ မသိစိတ်တွေထဲမှာ …. …. …. …. ….

4 comments:

Anonymous said...

Ko wynn.sun ရေ အတွေးရော၊ အရေးပါကောင်းတယ်ဗျာ။

Soe Mya Nandar Thet Lwin (Borros Roxo) said...

Brilliant thoughts!!

I love your writings style. I can see the persuasiveness of your skill through to read your post.

Keep Rolling..,
Soe Mya Nandar Thet Lwin

စိုးထက် - Soe Htet ! said...

Yes ! Phenomenal Solicitudes !
Cheers !
sh

Anonymous said...

Keep up with them.. hope to see more. :)