နှစ်နှစ်ခြိုက်ခြိုက်ပြည့်ပြည့်၀၀ အိပ်မောကျနိုင်ကြပါစေ။
( ပြည်ပရောက်နေတဲ့ မြန်မာတွေအနေနဲ့  Sleeping disorders တွေကို ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိတ်ဆွေထဲမှာပဲဖြစ်ဖြစ် ကြုံဖူးကြမှာပါ။ ဒီပို့စ်လေးကတော့ Newsweek ရဲ့  Time for bed ကို ဆီလျော်အောင် ဘာသာပြန်ပေးလိုက်တာပါ။ ဒီရက်ပိုင်း ကိုယ်တိုင်ပို့ စ်ရေးဖို့  သိပ်စိတ်မပါလို့  စာလိုက်ဖတ်ရင်း သဘောကျတာနဲ့ ဘာသာပြန်လိုက်တာပါ။ အားလုံး နှစ်နှစ်ခြိုက်ခြိုက်ပြည့်ပြည့်၀၀ အိပ်မောကျနိုင်ကြပါစေ။ )
Joel Friedman ပြောတာကတော့ သူ့ မှာ ဆိုးဆိုးရွားရွား ဟောက်တတ်တဲ့ပြဿနာ ရှိတယ်။ သူ့ သူငယ်ချင်းတွေဆိုရင် ခရီးထွက်တဲ့အခါ သူနဲ့ အခန်းတွဲနေဖို့ အမြဲငြင်းကြတယ်တဲ့။ သူ့ ရဲ့ ဟောင်သံကြောင့် မိန်းမခမျာလည်း ညညဆို မကြာခဏနိုးရပါတယ်တဲ့။ တစ်ရက်မှာ ဒီလိုဟောက်နေရင်းကနေ အဟောက်ရပ်သွားတာကို သတိပြုမိလိုက်တဲ့ မိန်းမလုပ်သူက သူအသက်ရှုပါရပ်နေတယ်ဆိုတာကို သတိထားမိသွားတယ်။ တော်တော်လေး စိတ်ပူသွားပြီး ဆရာဝန်ဆီခေါ်သွားပြခဲ့ပါတယ်တဲ့။
ဆရာဝန်ကောက်ချက်ကတော့ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း (Sleep apnea) ပါတဲ့။
တကယ်တော့လည်း ဆီးချိုရောဂါဟာ Sleep apnea ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုပါ။ Sleep apnea ဟာ ညအိပ်စဉ် ၁၀ စက္ကန့် ၊ ဒါမှမဟုတ် ဒီထက်ပိုပြီး အသက်ရှုရပ်ရပ်သွားတတ်တဲ့ အခြေအနေတစ်မျိုးပါ။ Freidman ကတော့ သူဒီလိုဖြစ်နေတာကို လုံးဝမသိခဲ့ပါဘူး။ ယောက်ျားအားလုံးရဲ့  ၅% နဲ့ အမျိုးသမီးတော်တော်များများမှာ ဖြစ်တတ်တဲ့ Sleep apnea ဟာ အဖြစ်များတယ်လို့ ပြောနိုင်ပေမယ့် ဝေဒနာရှင်အများစုကတော့ ကိုယ့်ကိုယ်ကို သတိမထားမိကြပါဘူး။ အသက်ရှူရပ်နေပေမယ့် သူတို့ မနိုးကြလို့ ပါ။ ဒါပေမယ့် နေ့ ဘက်မှာတော့ သူတို့ ပင်ပန်းနေကြပါလေရော။ ဒါကြောင့် အိပ်မပျော်တဲ့ လူ့ အသိုင်းအ၀န်းကြီး တစ်နေ့ တစ်ခြား များပြားလာပေမယ့် ရောဂါမရှာဖွေနိုင်တာတို့ ၊ ရောဂါအမည်မှားတပ်တာတို့  ရှိနေရတာပါ။
သန်းပေါင်း ၅၀-၆၀ သော အမေရိကန်တွေကတော့ Sleeping disorders တွေထဲကတစ်ခုဖြစ်တဲ့ အိပ်မပျော်ခြင်းဝေဒနာ (insomnia) ကို နှစ်စဉ်ခံစားနေရပါတယ်။ University of Toronto က သုသေတနပညာရှင်တွေကတော့ ၂၀၅၀ မှာ ဒီအရေအတွက်ဟာ နှစ်ဆတိုးလာမယ်လို့  ဆိုနေပါတယ်။ ဒီအရေအတွက်ထဲက ၂၈သန်းလောက်ဟာ insomnia နဲ့ တွဲပြီး ခြေထောက်အလိုလိုလှုပ်နေတတ်တဲ့ အာရုံကြောဆိုင်ရာ ဝေဒနာတစ်ခုဖြစ်တဲ့ Restless legs syndrome ကိုပါခံစားနေရတယ် (Restless legs syndrome ကြောင့်လည်း အအိပ်ပျက်နေရတာပါ)။ ၁၂သန်းကနေ ၁၅သန်းလောက်ထိကတော့ Sleep apnea နဲ့  တွဲနေတာပါ။ တစ်သိန်းလေးသောင်းသော ဝေဒနာရှင်တွေကတော့ နေ့ ဘက်မှာ ရုတ်တရက် အိပ်ချင်လာတတ်တဲ့ အာရုံကြောပြဿနာတစ်ခုဖြစ်တဲ့ Narcolepsy ကိုပါ ခံစားနေရပါတယ်။ တစ်ခြားသော Parasomnia disorders တွေဖြစ်တဲ့ ညအိပ်စဉ်လမ်းလျှောက်ခြင်း (Sleepwalking)၊ အိပ်မက်ဆိုးများ မက်ခြင်း (Night terrors)၊ အိပ်နေစဉ် အစာထစားခြင်း (Sleep-eating syndrome)၊ အိပ်နေစဉ် ၀ုန်းဒိုင်းထကြဲခြင်း (Sleep violence) စတာတွေကို ကိုယ်တိုင်သတိမထားမိဘဲ ခံစားနေကြရပါတယ်။
“ Sleeping disorders တွေနဲ့  ပက်သက်လာရင် လျှော့လျှော့ပေါ့ပေါ့ ကောက်ချက်ချနေကြတာဟာ အဓိကပြဿနာကြီးတစ်ရပ်ပါပဲ။”
National Center on Sleep Disorders Research ရဲ့  ဒါရိုက်တာဖြစ်တဲ့ Carl Hunt ရဲ့ မှတ်ချက်ပါ။ သူ့ အဆိုအရ ဒီဝေဒနာရှင်တွေရဲ့  ၆၀-၇၀% လောက်ကို ရောဂါအမည်အမှန် မတပ်နိုင်ခဲ့ ပါတဲ့။ ပြဿနာရဲ့  အစိတ်အပိုင်းတစ်ခုက လူတွေကိုယ်တိုင်က အိပ်ခြင်းကို အလေးမထားကြတာပါတဲ့။ Sleep specialists တွေကတော့ ဆေးလောက အသိုင်းအ၀ိုင်းရဲ့ Sleeping disorders တွေအပေါ် Awareness နည်းတာကို ဝေဖန်နေကြပါတယ်။ သူတို့ က ဆေးကုသမှုပါရဂူတွေ အနေနဲ့ Sleeping disorders တွေအပေါ် Awareness ပိုထားကြရလိမ့်မယ်လို့  ဆိုပါတယ်။ The Stanford University Center for Human Sleep Research ရဲ့ ဒါရိုက်တာနဲ့  တွဲဘက်ပါမောက္ခဖြစ်တဲ့ Carl Hunt က ဒီဝေဒနာရှင်တွေဟာ ဆရာဝန်တွေဆီ ရောက်လာကြမယ့် ရောဂါအမှန်ကို မရှာဖွေနိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။
ဝေဒနာရှင်တွေအနေနဲ့ ကလည်း အအိပ်ပျက်နေတာကို ရောဂါတစ်ခုဆိုတာမျိုးအဖြစ် သဘောမပေါက်ကြပါဘူး။ ဒီတော့ ဒါကိုပေါ်လွင်လာအောင် မေးတဲ့အခါမှာ
“ခင်ဗျား ညဘက်အိပ်ဖို့ ကြိုးစားတဲ့အခါမှာ အိပ်လို့ မရတာမျိုး၊ အိပ်ဖို့ ခက်နေတာမျိုးရှိလား..
နေ့ ဘက်မှာကော နိုးနိုးကြားကြားနေနိုင်ဖို့  တော်တော်ကြိုးစားနေရလား..
လိုအပ်သလောက်အိပ်နေလျက်နဲ့  နေ့ တိုင်းနေ့ တိုင်း ပင်ပန်းနေတာမျိုးရှိလား..” စသဖြင့် မေးယူနိုင်ပါတယ်။ ခက်တာက တစ်ချို့ သော ဖြစ်ရပ်တွေမှာ လူနာကိုယ်တိုင်က သူတို့ လုံလုံလောက်လောက် မအိပ်ဘူးဆိုတာကို သဘောမပေါက်နိုင်ကြဘူး။ အရေးကြီးတာတွေပေါ်နေရင် လိုအပ်ချက်အရသော်လည်းကောင်း၊ ကိုယ်တိုင်ရွေးချယ်မှုအရသော်လည်းကောင်း အိပ်ချိန်တွေကို အရင်မောင်းထုတ်ပစ်လိုက်ကြတာပဲ လို့  ဒေါက်တာဟန့် ထ်က ဆက်ပြောပါတယ်။ လူနာတွေက “သေချာတာပေါ့၊ ကျွန်တော် ပင်ပန်းနေတတ်တယ်၊ အိပ်ရေး၀၀ မအိပ်ရဘူးဆိုတာလဲ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒါဟာ ဘ၀ပဲလေ” လို့ ပြောလေ့ရှိပါတယ်တဲ့။
Sleep Disorder Center of St.Boniface Hospital ရဲ့ ဒါရိုက်တာဖြစ်ပြီး Principles and Practice of Sleep Medicine ရဲ့ coauthor တစ်ဦးဖြစ်တဲ့ Dr. Meir Kryger ကလည်း မကြာခင်က လူနာတစ်ယောက်ကို တွေ့ ခဲ့ရတယ်တဲ့။ နှစ်ပေါင်းများစွာမှာ ပျမ်းမျှအိပ်ချိန် တစ်ညကို ၅ နာရီတောင်မရှိဘူး။ အနှစ် ၂၀ ကျော် သူနာပြုလုပ်လာတဲ့ ဒီအမျိုးသမီးဟာ သူနဲ့ တွေ့ တဲ့အချိန်မှာ လူနာတွေအနားမှာ နိုးနိုးကြားကြားမနေနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်နေပါပြီ။ ဒီအမျိုးသမီးအနေနဲ့  နှစ်ပေါင်းများစွာ လေးငါးနာရီစီလောက်ပဲ အိပ်ပြီး နောက်နေ့ မှာ အလုပ်မလုပ်နိုင်ဖြစ်ဖြစ်နေတဲ့ အခြေအနေမျိုးကို ဆိုးရွားသထက် ဆိုးရွားစွာ ခံစားလာရသော်လည်း ဆရာဝန်ကို မပြဘဲနေလာတာ သူတော်တော်အံသြရတယ်လို့  ဆိုပါတယ်။
သုသေတနပညာရှင်များအဆိုအရ အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်ညကို အနည်းဆုံး (၇) နာရီကနေ (၈) နာရီတော့ အိပ်သင့်တယ်လို့  ဆိုပါတယ်။ ကလေးတွေမှာ ပိုတောင်လိုအပ်ပါတယ်။ 2002 poll by the National Sleep Foundation ကတော့ အမေရိကန် အရွယ်ရောက်ပြီးသူတွေရဲ့  (၇၀%) ရဲ့ ညအိပ်ချိန် ဟာ (၈) နာရီအောက် နည်းပြီး (၄၀%) က (၇) နာရီအောက်နည်းတယ် ဆိုတာ တွေ့ ရှိခဲ့ရပါတယ်။ Responders တွေရဲ့ သုံးပုံတစ်ပုံမှာ ရဲ့ လက္ခဏာတွေကို တွေ့ ရတယ်လို့ ဆိုပါတယ်။ National Center on Sleep Disorders Research ကလည်း ယူအက်စ်မှာ လူဦးရေသန်းပေါင်း (၇၀) လောက်ဟာ Sleep problems တွေကိုခံစားနေရပြီး သန်းပေါင်း (၃၀) လောက်ကတော့ ညအိပ်ချိန်မလုံလောက်မှုကြောင့် နေ့ ဘက်အလွန်အမင်းအိပ်ချင်မှုတွေကို ခံစားနေရတယ်လို့  ဆိုပါတယ်။
ဒေါက်တာဟန့် ထ်နဲ့  သုတေသနပညာရှင်တွေကတော့ နေ့ ညမရွေး အွန်လိုင်းမှာ ဈေးဝယ်နိုင်၊ ထွေရာလေးပါးလျှောက်ကြည့်နိုင်၊ မေးလ်တွေပို့ နိုင်အောင် ဖန်းတီးပေးထားတဲ့ အင်တာနက်ဟာလည်း ဒါတွေရဲ့  အကြောင်းရင်းတစ်ခုလို့  ဆိုပါတယ်။ New York University က Medical director တစ်ဦးဖြစ်တဲ့ Dr. David M. Rapoport ကလည်း ကျွန်တော်တို့ ဟာ အိပ်ရေးအင်မတန်ပျက်တဲ့ လူ့ အသိုင်းအ၀ိုင်းတစ်ခု ဖြစ်လာပြီ လို့ ဆိုပါတယ်။
ဒါဟာ ပုဂ္ဂိုလ်တစ်ဦးချင်းကိစ္စ မဟုတ်တော့ဘဲ လူထုကျန်းမာရေးကိစ္စတစ်ခု ဖြစ်လာပါပြီ။ Columbia University’s Mailman School of Public Health and Obesity Research Center က သုတေသနပညာရှင်တွေကလည်း အအိပ်နည်းလေ၊ ၀လာနိုင်လေလို့  ဆိုပါတယ်။ အသက် (၃၂)နှင့် (၅၉)ကြားပုဂ္ဂိုလ်များကို သုသေတနပြုရာမှာ တစ်ညကို (၄)အောက် နည်းပြီး အိပ်တဲ့သူတွေဟာ တစ်ည (၇-၉) နာရီလောက် အိပ်တဲ့သူတွေထက် (၇၅%) ပိုဝနိုင်တယ်ဆိုတာ တွေ့ ရှိခဲ့ပါတယ်။ အိပ်ချိန်နည်းတာဟာ အစာစားလိုမှုကို လျှော့ချပေးတဲ့ ဟော်မုန်းတွေကို လျော့ထွက်စေတယ်လို့  ယုံကြည်လာကြပါတယ်။ ဒါကြောင့် အအိပ်ပျက်သူတွေဟာ တစ်နေ့ ကို ကယ်လိုရီ ၁၀၀၀ ကျော်လောက် စားလာကြတယ်။ အအိပ်နည်းခြင်းဟာ သွေးထဲက သကြားဓါတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ကိုပါ အထွက်နည်းစေတယ်လို့ ဆိုပါတယ်။
အအိပ်ပျက်လာတာကို ကျန်းမာရေးချို့ ယွင်းမှုတစ်ခုအနေနဲ့  အသိစိတ်နည်းနေသေးတယ်လို့  University of Illinois Medical Center in Chicago ရဲ့ Medical Director တစ်ဦးဖြစ်တဲ့ Dr. James Herdegen က ဆိုပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆိုရင် အိပ်တဲ့အကြောင်းကို ဘယ်သူမှပြောမနေကြဘူး၊ ဒါဟာ အခုမှ ဖွံ့ ဖြိုးလာတဲ့ နယ်ပယ်တစ်ခုပါ လို့ လဲ ဆိုပါတယ်။
ညအထိ အိမ်အပြင်မှာ နေကြရသူတွေအနေနဲ့  အိပ်ရေးပျက်ခြင်းဟာ နောက်နေ့ လုပ်ငန်းတွေမှာ အာရုံစူးစိုက်နိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းတွေ ကျဆင်းစေတာ သိရပါမယ်။ အိပ်ရေးပျက်ခြင်းကြောင့် မှတ်ဥာဏ်တွေ၊ စိတ်အာရုံတည်ငြိမ်မှုတွေ၊ သင်ယူမှုတွေ၊ ကိုယ်ခံစွမ်းအားတွေပါ ထိခိုက်စေတယ်လို့  သုတေသနတွေက ဖော်ထုတ်ထားပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ စိတ်ကျရောဂါတွေနဲ့ လည်း ဆက်စပ်နေပါတယ်။ ဒေါက်တာဟန့်ထ်က ကောင်းကောင်းမွန်မွန်အိပ်ပျော်တဲ့ ညတစ်ညဟာ ဘာနဲ့ မှ အစားမထိုးနိုင်ဘူး၊ အိပ်ခြင်းဟာ တို့ တို့ လိုပဲ အထွေထွေကျန်းမာရေးအတွက် အရေးကြီးတယ်လို့  ဆိုပါတယ်။
အအိပ်ပျက်ခြင်းရဲ့ တစ်ခြားသော အန္တရာယ်တွေလဲ ရှိပါသေးတယ်။ တစ်နှစ်မှာ ယာဉ်တိုက်မှုပေါင်း တစ်သိန်းခန့် ဟာ အအိပ်ပျက်ပြဿနာနဲ့  ပက်သက်နေပါတယ်။ Sleep-related problems တွေ (ဆေးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအ၀င်) အတွက် အစိုးရဟာ ဒေါ်လာ (၁၆) ဘီလီယံလောက် ကုန်ကျနေရသလို ပြည်သူဘက်ကလည်း ဒေါ်လာ (၈၄) သန်းလောက် နှစ်စဉ်သုံးစွဲနေရတယ်လို့ သုသေတနတစ်ခုက ဆိုပါတယ်။ ဒါပေမယ့် တစ်နေ့ တစ်ခြားဝလာ၊ အသက်ကြီးလာတဲ့ လူထုအတွက်တော့ Sleeping disorders တွေကိုကြုံနေရဆဲပါ။
ဒေါက်တာဟန့်ထ်ကတော့ ပိုမိုအလေးထားမှု၊ ပိုမိုကောင်းမွန်တဲ့ကုသမှုနည်းလမ်းတွေနဲ့ ကျော်လွှားနိုင်မယ်လို့  ယုံကြည်နေပါတယ်။ ဝေဒနာရှင်တွေအတွက် သတင်းကောင်းကတော့ ထိရောက်တဲ့ ကုထုံးတွေပေါ်ထွက်နေပြီ ဆိုတာပါပဲ။ Sonata, Ambien အစရှိတဲ့ ရေတိုသုံးအိပ်ဆေးတွေဟာ ယခင်ဆေးများလို addictive မဖြစ်ဘဲ side effects တွေလဲ နည်းလာပါတယ်။ ရေရှည်ကုသမှုတွေအတွက်လည်း Lunesta ဆိုတဲ့ဆေးတစ်မျိုးကို FDA က မကြာသေးခင်က အသိအမှတ်ပြုပေးလိုက်ပါပြီ။ စမ်းသပ်ဆဲဆေးဝါးတွေလည်း အများကြီးပါ။ Sanofi-Aventis , Merck, Pfizer စတဲ့ကုမ္မဏီတွေက ပိုမိုကောင်းမွန်တဲ့ ဆေးအတွက်စမ်းသပ်နေပါတယ်။ ဆေးဝါးကုထုံးတွေသာ မကပါဘူး။ Bilevel Positive Air Pressure (Bi-PAP), Continuous Positive Air Pressure (CPAP) စတဲ့ စက်တွေနဲ့ ကိုကုသပါတယ်။ ပိုမိုအခြေအနေဆိုးတဲ့ မျိုးဆိုရင် ခွဲစိတ်မှုတောင် လုပ်ရတယ်။ CPAP ကြောင့် ကနဦးမှာ ဖေါ်ပြခဲ့တဲ့ Friedman ကို ကြီးမားမြန်ဆန်တဲ့ ပြောင်းလဲမှုကြီး ဖြစ်စေခဲ့တာပေါ့။ သူဘ၀ပြောင်းလဲသွားရပါတယ်လို့ သူကပြောပါတယ်။ ခရီးသွားရင်တောင် ဒီစက်မပါဘဲ သူမအိပ်တော့ဘူး လို့ ပြောပါတယ်။ သူ့ သွေးထဲက သကြားဓါတ်ကိုလည်း ထိန်းချုပ်နိုင်ပြီလို့  ဆိုပါတယ်။
နာတာရှည် အိပ်မပျော်ခြင်း အတွက် ဆိုတဲ့ လူနာရဲ့ အိပ်ခြင်းနဲ့ပတ်သက်တဲ့ အတွေးတွေ၊ အပြုအမူတွေကို ပြောင်းလဲပေးတဲ့ Cognitive Behavior Therapy (CBT) နည်းလမ်းကို သုံးလာကြပါတယ်။ ဟားဘတ်က ဦးဆောင်တဲ့ လေ့လာမှုတစ်ခုကလည်း CBT ဟာ Sleeping pills တွေထက် လူနာများကို သိသိသာသာ ရလဒ်ကောင်းများပေးကြောင်း ကောက်ချက်ချထားပါတယ်။
2 comments:
ဒါဆို အိပ်ပီဗျာ.. :)
ကျန်းမာရေးအတွက် အသိပညာပေးပို့စ်တွေ ဘာသာပြန်တင်ပေးနိုင်ရင် ဒိထက်ပိုပြီး လူငယ် တွေအတွက် ဗဟုသုတရစေမှာ အမှန်ပါ။
အစ်ကိုရေးထားတဲ့ပို့စ်(၁၂)ပုဒ်လုံးကို ကြည့်ပြီး ဖြစ်ပါတယ်။ ဆေးပညာဗဟုသုတတွေ ဒီထက် ပိုတင်နိုင် စေဖို့ တောင်းဆိုပါတယ်။
လေးစားလျက်
ဝင်းဇော်
(၃-၇-၂၀၀၈)
Post a Comment