Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Sunday, December 14, 2008

ပြတင်းပေါက်




ကိုယ့် ဘ၀ ကိုက ခတ်ပြီးသား ဘောင်တွေနဲ့ 

အသားကျ......

ဘယ်သူတွေ ဘာပြောပြော...

ငါ့ ကို ပိတ်မထားကြပါနဲ့ ..

ငါ က အိုမာခယမ်းကိုလည်း ရှုသွင်းချင်တယ်...

မြိုမငြိမ်းနဲ့ လည်း ပျံ့ လွင့် ချင်တယ်

မောင်ချောနွယ်ရဲ့ "ရထား"လည်း စီးချင်တယ်...

(ကို)အောင်ချိမ့် နဲ့ လည်း" ခရီး "သွားချင်သေး....

"မီးလောင်ပြင် " ရုပ်ရှင် ကိုတော့ (ကို)ဖော်ဝေး နဲ့ အတူကြည့် ချင်တယ်

ဘယ်သူတွေ ဘာပြောပြော...

ငါ ကိုပိတ်မထားကြပါနဲ့ ...

အိုဘားမားရဲ့ မိန့် ခွန်းတွေ လည်းနားထောင်ချင်တယ်..

အိုစမာ ကို တွေ့ ပြီလား ငါသိချင်တယ်..

မော်ရင်ဟို ဘာတွေကြွားလည်း ငါစိတ်ဝင်စားတယ်...

ဘယ်သူတွေ ဘာပြောပြော...

ငါ ကိုပိတ်မထားကြပါနဲ့ ...

ဘောင်တွေ ဘယ်လောက် ခတ်ထား ခတ်ထား...

ငါ့ ရင် ဘတ် ကို ငါ ဆွဲ ဖွင့် ထားမယ်...

လေကောင်းလေသန့် များ...

ဝင်ရောက်နိုင်ပါကြောင်း....။ ။ငလင်း

ဒီ ကဗျာ အကြောင်းက ပြောပြရင် ပိုရှုပ် သွားမှာ.....အဲဒါကြောင့် မပြောတော့ ဘူး...။ကျွန်တော် တကယ်ခံစားရတဲ့ အတိုင်းရေးထားတာ ပါ...။







Read More...

အချစ်တဲ့ လား.....ရူးနေပြီ..



အကွေ့ ကွေ့ ၊ အ၀ိုက်ဝိုက်

အရှိုက်ရှိုက်၊ အဖိုဖို....

နေညိုချိန် တောင်ပြာတန်းမှာ

ပုဝါပါးလေး လှမ်းထားတယ်....။



အယိမ်းယိမ်း၊ အနွဲ့ နွဲ့ 

အသွဲ့ သွဲ့ ၊ အယဉ်ယဉ်....

ရောထွေးယှက်တင်၊ စံပယ်တစ်ခင်း..

ခပ်ပြင်းပြင်းလေး မွှေးသွားတယ်။



အနုနု၊ အရွရွ

အလွလွ၊ အစိုင်စိုင်...

နှင်းဆီခိုင် ရင်အစူး ...

အကြိမ်ကြိမ် သာ ယစ်မူး လို့ ..

အရူးဖြစ်ခဲ့ ပြီ လေ..။ ။ငလင်း

ဒီကဗျာ လေး ရေးဖြစ်ပုံက ဒီလိုပါ...။ titanic ဇာတ်ကား ကိုကြည့် ပြီး ခံစားမိ ပုံ လေး ချရေးထားတာ..
ကျွန်တော် က video တို့ movies တို့ သိပ် မကြည့်  ပါဘူး..။titanic ဇာတ်ကားကတော့ အရမ်းလူပြောများ
ပြီး နာမည်ကြီး တော့ ကြည့် ချင်စိတ်တွေဖြစ် လာ လို့ ...ကြည့် လိုက်မိတဲ့ အခါ....ဒီကဗျာလေးကို ချ ရေး
လိုက်မိတာပါပဲ...။အဲဒီဇာတ်ကားထဲ က.....ပင်လယ်...
ကျောက်ဆောင်....
ကံတရား.....
သင်္ဘော...
အချစ်ရဲ့ ..ရယူခြင်း၊ပေးဆပ်ခြင်း....
ရုန်းကန်ခြင်း.....အဲဒါတွေ ကို ရယူခံစားမိပေမယ့် ...
ကျွန်တော်က သူမနဲ့ ချစ်ခြင်း တစွန်းတစ ကိုပဲ ရေဖွဲ့ ခံစား နိုင်ခဲ့ ပါတယ်...။
( ကျွန်တော့် သူငယ်ချင်း wynnsun က ကဗျာ ရေးခိုင်းတာ တစ်ရက်တောင် မပြည့် သေးဘူး..
အငမ်းမရ ထ ရေးဖြစ်တယ်...ဘယ်အချိန်ထဲ ကရေးချင် နေတယ် ...သိဝူး...ဟီး)






to be continued....

Read More...

Sunday, July 6, 2008

အဖြေညှိကြဖို့  ပုံပြင်လေးတစ်ပုဒ်

ဘလော့တွေမှာ ပုံပြင်လေးတွေရေးကြလို့  ကျွန်တော်လည်း ပုံပြင်လေးတစ်ပုဒ်ကို ဖန်တီးလိုက်ပါတယ်။ ဟိုးရှေးရှေးတုန်းက လူသားလေးတစ်ယောက် ရှိသတဲ့။ သူဟာ ပျောက်ဆုံးနေတဲ့ သူ့ ရဲ့ နောက်တစ်ခြမ်းကို ရှာဖွေနေသူပေါ့။ သူဟာ သိုးမလေးယောင်ဆောင်ထားတဲ့ ဘီလူးမလေးကိုလည်း သူ့ ရဲ့ နောက်တစ်ခြမ်း လို့  ထင်ခဲ့တယ်။ ဘီလူးမလေးမှန်းသိတော့ သူ့ ရဲ့မပြီးဆုံးသေးတဲ့ ခရီးအတွက် ဆက်လက် ထွက်ခွာလာခဲ့တယ်။ နောက်တော့ သူ့ ရဲ့နောက်တစ်ခြမ်းလို့  သူတထစ်ချယုံကြည်မိသူလေးကိုသွားတွေ့  တယ်။ ဒါပေမယ့် သူမဟာ တခြားသောဂြိုလ်ကမ္ဘာက ဂြိုလ်သူမလေးဖြစ်နေလေရဲ့။ဒါနဲ့  ဒီလူသားလေးဟာ ဆက်လက်ခရီးဆက်ခဲ့တယ်။ ဒီလိုနဲ့  အကြင်နာနတ်သမီးလေးတစ်ပါးကို သွားတွေ့ တယ်။ အကြင်နာနတ်သမီးလေးကိုတော့ သူရှာနေတဲ့ တစ်ခြမ်းမဟုတ်မှန်း အစောကြီးကတည်းက သူသိထားခဲ့တယ်။ ဒါကြောင့် သူ့ ရဲ့ ခရီးကို သူဆက်ထွက်လာခဲ့တယ်။ ဟော..နောက်ဆုံးမှာတော့သူ့  ရဲ့နောက်တစ်ခြမ်းကို ရှာဖွေတွေ့ ရှိခဲ့ပါပြီ။ သိုးကလေးလိုလည်း ဖြူစင်၊ ဂြိုလ်ကမ္ဘာသူလေးအလား ဆန်းကြယ်၊ နတ်သမီးကဲ့သို့  ကြင်နာတတ်တဲ့ ပြီးပြည့်စုံတဲ့သူ့ ရဲ့ နောက်တစ်ခြမ်းပေါ့။ ဒါပေမယ့် လူသားမလေးဟာ သုံးကြိမ်သုံးခါတိတိ ကမ္ဘာငယ်လေးတွေထဲက ပြေးထွက်လာတဲ့လူသားလေးကို သူ့  ရဲ့ကမ္ဘာငယ်လေးထဲမှာ အမြဲနေထိုင်သွားမယ့် သူ့ ရဲ့ ပျောက်ဆုံးနေတဲ့ တစ်ခြမ်းလို့  မယုံနိုင်ဘူး ဖြစ်နေရှာတယ်။ ဒီတော့လူသားလေးဟာ မရေးတတ်၊ရေးတတ်နဲ့  ကဗျာလေးတစ်ပုဒ် ရေးစပ်ကာပို့  လိုက်လေရဲ့။ ကဗျာလေးကတော့


ဟိုတစ်ယောက်က ချစ်ဦးဆိုပြီး
မေ့မရနိုင် မဖြစ်မိပြီ။
သူကစမှား သစ္စာပြားလို့ 
ခွင့်မလွှတ်နိုင် ဖြစ်ခဲ့သည်။

ဒုတိယက အချစ်ဦးလို့ 
အမှတ်တရ ဆိုနိုင်သည်။
ဘာသာမတူ စရိုက်ကွဲမို့ 
ရင်နာနာနှင့် လမ်းခွဲသည်။

နောက်ဆုံးတစ်ယောက်တော့
ကိုယ့်ကိုချစ်လို့  သနားမိသည်။
သို့ သော်ငြားလည်း
တစ်သက်ရေးမို့  လမ်းခွဲသည်။

အချစ်မှန်ကို မကြုံခဲ့သူမို့ 
နောက်ထပ်ဆုံဖို့  တွေးကြောက်သည်။
သို့ ပင်ငြားလည်း ကိုယ်ချစ်သူကို
ခါမတန်ဘဲ တွေ့ မိပြီ။
သူချစ်မချစ် ကိုယ်မသိလို့ 
ရင်လေးသည် ရင်လေးသည်။

ကဲ.. တစ်ချို့ က ပုံပြင်လေးတွေကို ကိုယ့်စိတ်ကြိုက် ဇာတ်သိမ်းချင်တတ်ကြတယ်။ ကိုယ့်စိတ်ကြိုက် ဇာတ်သိမ်းကြည့်နိုင်ကြဖို့  ပုံပြင်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်မယ်နော်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Read More...

Sunday, February 3, 2008

NO ALIENS, BUT ALIENS

dedicated to my siblings abroad


We all are sons of the earth,

And sure no aliens here.

But even plants to grow

All rely on favoring ground.

And also men for rise

Have to regard their homeland.

You’re white

And I’m brown.

You’ve got your family

And I’ve got my own.

Your world raised you

And my world raised me.

You feel with your soul

And I feel with my soul.

We can change views

But we can’t change souls.

So we’re aliens on ground.

Read More...

Monday, January 7, 2008

A poem of a non-professional poet !

Today unexpectedly I'm let to read a poem. It's recently written by my teacher , my best russian friend, Katya Vasiliy. I really like this poem because here I can find out & feel what the author feels. It's in Russian. But I don't like to change it's taste by translating to my second language. So, it's only for ones who know Russian language. And... I've got her permission to post it.

Не все ль равно, какая я и кто я?
Лишь облака на небе и на воле,
Лишь дух от Света сам бывает Светом.
А я-то где?А я пока что где-то.
В цветах, в огне, и в искрах звезд и капель
Плывет мой человеческий корабль.
Он хочет отыскать святые гроты.
А для чего? Наверно, для чего-то!

Read More...