နောင်တ …
တန်ဖိုးထားရမယ့်အရာတစ်ခုကို တန်းဖိုးမထားမိလို့  ဖြစ်လာရတာပါ..
တန်ဖိုးထားရမယ့် လူတွေအကြောင်းပါ..
တန်ဖိုးထားရမယ့်လူတွေက ဘယ်သူတွေများလဲ..
ပတ်ဝန်းကျင်က လူတွေအားလုံးဟာ တန်ဖိုးထားရမယ့်လူတွေပါပဲ..
အထင်သေးမိတဲ့သူတွေကို လေ့လာကြည့်ပါ..
ကျွန်တော်တို့  မဖြတ်သန်းခဲ့ရတဲ့ဘ၀တွေကို သူတို့ ဖြတ်သန်းခဲ့ကြရတယ်..
ကျွန်တော်တို့ မှာ မရှိတဲ့ အရည်အချင်းတွေ သူတို့ မှာ ရှိနေကြတယ်..
ကျွန်တော်တို့ ကို ခင်မင်ချစ်မြတ်နိုးတဲ့သူတွေကို စာနာကြည့်ပါ..
ဘယ်လိုအကျိုးကျေးဇူးကိုမှ မမျှော်လင့်ဘဲ အနစ်နာခံနေတဲ့သူတွေ
အများကြီးရှိနေတယ်..
ကျွန်တော်တို့ ပြန်မပေးနိုင်တဲ့ မေတ္တာတွေကို သူတို့ ကျွန်တော်တို့ ကို ပေးနေကြတယ်..
ကျွန်တော်တို့ ဟာ ကိုယ့်ကိုပေးတဲ့ မေတ္တာတွေမှာ ပျော်မွေ့ ရင်း
ကိုယ်ကတုန့် ပြန်ဖို့  တွန့် ဆုတ်ရင်းနဲ့ 
ပတ်ဝန်းကျင်က မအောင်မြင်သူတွေကို နှိုမ့်ချရင်း
မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ရင်း
အောင်မြင်မှုတွေကို စားသုံးလာကြတယ်
တစ်ချိန်တည်းမှာပဲ
ကိုယ့်ကို မေတ္တာမတုန့် ပြန်သူတွေကို မေတ္တာတွေပေးရင်း
မိမိညံ့ဖျင်းမှုတွေနဲ့  ပြိုင်ဘက်တွေကို လမ်းခင်းပေးရင်း
ကျဆုံးနေကြတယ်
သဘာဝတရားက ကျွန်တော်တို့ ကို ဒါဏ်ခတ်တာပါ..
တန်ဖိုးမထားတတ်တဲ့ ကျွန်တော်တို့ ဟာ ဒါဏ်ခတ်ခံကြရတာပါ..
(One True Thing ကို ကြည့်ပြီးတော့ တွေးမိလာတဲ့ အတွေးလေးကို ချရေးထားတာပါ။ မကြည့်ရသေးရင်တော့ ညွှန်းလိုက်ပါရစေ။)
1 comment:
Love it..,
Touched by the words u used...
Love your poem about Chelsea as well.
Soe Mya Nandar Thet Lwin
Post a Comment