ချယ်လ်ဆီးဆိုတာ ကံကောင်းတတ်လှတဲ့ အသင်းတော့မဟုတ်ဘူးဆိုတာ ဟိုး...ဗီရာလီတို့ လက်ထက်ကတည်းက သိပြီးသားပါပဲ..
ချယ်လ်ဆီးဆိုတာ ဖလားတွေအများကြီးကို ပိုင်ဆိုင်ဖူးတဲ့ အသင်းကြီးမဟုတ်မှန်းလဲ အစကတည်းက သိခဲ့ပြီးသားပါပဲ..
ချယ်လ်ဆီးဆိုတာ သမိုင်းမှာ အောင်မြင်မှုတွေရေးထိုးနိုင်အောင် ကြိုးစားနေဆဲ အသင်းတစ်ခုဆိုတာလဲ သိပြီးသားပါပဲ..
ဒါပေမယ့် အပြာရောင်ကို ချစ်တယ်
.. .. .. အားမာန်တွေကို အားကျတယ်
.. .. .. ကြိုးစားမှုတွေကို လေးစားတယ်
.. .. .. ၀ီရိယတွေကို တန်ဖိုးထားတယ်
အောင်မြင်မှုတွေကို ပါကင်ထုတ်ပြီးသားမလိုချင်ဘူး..
ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ထက်
ပွင့်ဖူးလာဖို့  ကြိုးစားနေတဲ့ ပန်းကလေးကို
ပိုပြီး မြတ်နိုးမိတယ်..
ပိုင်ဆိုင်မှုထက် ပိုင်ဆိုင်ခွင့်ရဖို့ 
ကြိုးစားနေရတာကို ပိုကျေနပ်မိတယ်..
ဒါတွေဟာ ချယ်လ်ဆီးရဲ့ စိတ်ဓါတ်တွေလား..
ချယ်လ်ဆီးဟာ ကျွန်တော့်ရဲ့  အားမာန်တွေလား.
ဒါဆိုရင်
ချယ်လ်ဆီးဟာ ကျွန်တော်
ကျွန်တော်ဟာ ချယ်လ်ဆီးပဲပေါ့ဗျာ..
4 comments:
Chelsea Blog အတွက် ကူးသွားပြီ :P
ကျေးဇူးပါပဲ..
ရွှေထီးကို တမင်မေ့
နေပူမှာ အဆင်မွေ့လို့
လက်တွေ့ဆန် လှိုင်းလေကြားမှာ
လှုပ်ရှား ကြစို့ရယ်ပေါ့
တိုက်ပွဲဝင် ဆက်ကာနွှဲမယ်
ဇွဲ မာန် မချ။
ချယ်ဆီးဗျ .. ချယ်ဆီး
I commented to this poem in Chelsea Blog.
But here i am again to comment as i love the poem.
I love Chelsea all the way with consistent mind.
Soe Mya Nandar Thet Lwin
Post a Comment