Thursday, July 3, 2008

My Abstracts (1211020708)

(This section is to express just abstracts of my thoughts arisen from a little knowledge & experience at my age. Let’s figure it out more. May be my experience concerning a topic is 26 in number. I’m going to zip it here in one or two sentences. I hope you can unzip them up to your experience & knowledge i.e. may be 28, 30 or more. Then, feel free to share yours by commenting, please!!! OK??? )

“Sometimes equanimity is the best & hardest policy for me, especially in dealing with closed people.”






Read More...

Wednesday, July 2, 2008

ဇာတ်ကားများမှ နှစ်သက်မိသော စကားလုံးများနှင့် အတွေးအခေါ်များ (၂)


သိုးသူငယ်များအတွက် ခြင်္သေ့ကြီးများ

ဇာတ်ကားခေါင်းစဉ်ကတော့ ပထမကမ္ဘာစစ်တုန်းက ဗြိတိန်စစ်တပ်နဲ့  ခေါင်းဆောင်တွေအပေါ် ဂျာမန်ဗိုလ်ချုပ်တစ်ယောက် မှတ်ချက်ချထားတဲ့အပေါ်မှာ အခြေပြုပြီးပေါ်ပေါက်လာတာပါ။ သူတို့ ဆီက ဇာတ်လမ်းဝေဖန်ရေးတွေအဆိုအရတော့ ဒီဇာတ်ကားဟာ လက်ရှိအမေရိကန်ရဲ့  နိုင်ငံခြားရေးနဲ့ စစ်ရေးဆိုင်ရာ ပေါ်လစီတွေကို ဝေဖန်ချင်ပေမယ့် တိကျတဲ့ အဖြေတစ်ခုကို မပေးဘဲ တွေးစရာ၊ မေးစရာတွေ ကျန်အောင် ချန်ထားပေးခဲ့တဲ့ကားမျိုးလို့  ဆိုပါတယ်။



ကျွန်တော်ကတော့ ဒီကားကို တချို့ အပိုင်းတွေ နှစ်ခါလောက်ပြန်ကြည့်ခဲ့ရတယ်။ ဇာတ်ကားရဲ့  အင်္ဂလိပ်စကားပြောအဆင့်အတန်းက ကျွန်တော့်ကို နောက်ကောက်ချသွားတတ်လို့ ပါ။ ဒါတောင် ဇာတ်လမ်းအကျဉ်းကို ကြိုဖတ်ထားသေးတာ။ တကယ်တော့ သူတို့ ဆီမှာတောင် လူတိုင်းစိတ်ဝင်စားမယ့် ဇာတ်ကားမျိုးတော့ မဟုတ်လောက်ပါဘူး။ ဒါပေမယ့် စကားပြော (dialogue) တွေ၊ မတူညီတဲ့ ရှုထောင့်အမြင်တွေ၊ သရုပ်ဆောင်တွေရဲ့  ပါးပါးနပ်နပ်အားပြိုင်မှုတွေကိုမှ ကြည့်ချင်တဲ့သူတွေအတွက် ညွှန်းရမယ့် ဇာတ်ကားကောင်းတစ်ခုပါ။ ကျွန်တော်ကတော့ ကျွန်တော်ကြိုက်တဲ့ Meryl Streep ပါလို့  ကြည့်ဖြစ်သွားတာပါ။ ဒီဇာတ်ကားလေးကြည့်ပြီး တွေးစရာလေးတွေ ကျန်ခဲ့မယ်လို့တော့ ယူဆပါတယ်။ ဒါကတော့ torrent link လေးပါ။ ဒါလေးတွေကတော့ ထုံးစံအတိုင်း ကျွန်တော်သဘောကျတဲ့ ဇာတ်ဝင်ခန်းထဲက စာသားတွေပါ။

How many times are you people going to ask the same question? (Senator Irving)

Till we get the answer. ( Janine Roth)

Your position affords you the luxury of that opinion. Mine does not” (Janine Roth)

“First step? But what have we been doing for the past six years, Senator?” (Janine Roth)

I realised my gifts aren’t my theories but my ability to recognise great potential in others(Dr.Stephen Malley)

“It’s called potential. That’s a far better signal of what you might do than getting an A in some class you might forget about in two years” (Dr.Stephen Malley)

“..the tough thing about adulthood is that it starts before you even know it starts..” (Dr.Stephen Malley)

Read More...

Tuesday, July 1, 2008

My Abstracts (0435010708)

(This section is to express just abstracts of my thoughts arisen from a little knowledge & experience at my age. Let’s figure it out more. May be my experience concerning a topic is 26 in number. I’m going to zip it here in one or two sentences. I hope you can unzip them up to your experience & knowledge i.e. may be 28, 30 or more. Then, feel free to share yours by commenting, please!!! OK??? )

At first I tried to see grey intead of white & black,

then I could no more see white as it is & black either.




Read More...

Monday, June 30, 2008

ဇာတ်ကားများမှ နှစ်သက်မိသော စကားလုံးများနှင့် အတွေးအခေါ်များ (၁)



ရုရှားတွေကတော့ ဟောလီးဝုဒ်ဇာတ်ကားတွေကို အဆိုးမြင်ဘက်ကဘဲ ကြည့်တတ်ကြပါတယ်။ ဟောလီးဝုဒ်ဇာတ်ကားတွေဟာ နည်းပညာတွေ၊ လူသတ်မှုတွေ၊ အကြမ်းဖက်မှုတွေကြားထဲက ရုန်းမထွက်နိုင်ဘူးလို့  ယူဆကြပါတယ်။ သူတို့  အဆိုးမြင်တာကိုတော့ အပြစ်ပြောဖို့  နည်းနည်းခက်ပါတယ်။ သူတို့ မှာလည်း သူတို့ ခံစားချက်နဲ့  သူတို့ ကိုး။ ဟောလီးဝုဒ်ကားတွေမှာ သူတို့ က အမြဲတမ်း ဗီလိန်နေရာကို အပိုင်စားယူထားရတာကိုး။ ကျွန်တော့်အမြင်ကတော့ သူတို့ ရဲ့ ဇာတ်ကားတော်တော်များများဟာ American Dreams တွေကို သရုပ်ပေါ်အောင် ရိုက်ထားကြတယ်လို့  မြင်ပါတယ်။ အမေရိကန်မှာသာ ဒီလို အံ့မခန်းတွေ ဖြစ်နိုင်တယ် ဆိုတဲ့ အယူအဆကို တစ်ကမ္ဘာလုံးကို ရိုက်သွင်းပေးချင်ပုံပါပဲ။ မည်သို့ ဆိုစေ အချို့ သော ဇာတ်ကားများထဲမှ စကားလုံးများ၊ အတွေးအခေါ်များဟာ ဖျောက်ဖျက်ဖို့ ခက်လောက်အောင် စွဲမြဲကျန်ရစ်ခဲ့လေ့ရှိပါတယ်။




ကျွန်တော်တို့ တော်တော်များများ အားလပ်ချိန်ဆို တနည်းနည်းနဲ့  အပန်းဖြေနိုင်ဖို့  ကြိုးစားကြပါတယ်။ အပြင်လည်း မထွက်ချင်တဲ့အချိန်၊ ပိုက်ဆံလည်း သိပ်အကုန်မခံချင်တဲ့အချိန်၊ စာအုပ်တစ်အုပ်ဖတ်ဖို့ လည်း စိတ်မပါတဲ့အချိန်၊ လှုပ်လှုပ်ရှားရှားလည်း မလုပ်ချင်ဘူးဆိုရင် ဇာတ်ကားလေးတစ်ကားတော့ ကြည့်ဖြစ်ကြတာပါပဲ။ ဒီလိုအချိန်မျိုးမှာ ကားကောင်းလေးတော့ ကြည့်ချင်ကြတာချည်းပါပဲ။ ကျွန်တော်ကတော့ အဆင်ပြေတယ်ခင်ဗျ။ သူငယ်ချင်းတစ်ယောက်က ဇာတ်ကားကောင်းလေးတွေ ပေးလေ့ရှိပါတယ်။ ကျွန်တော်က အသာလေး ကြည့်ရုံပါပဲ။ အခုကားလေးကတော့ ၂၀၀၃ တည်းက ထွက်တာပါ။ ကျွန်တော်က ခုမှ ကြည့်ဖူးလို့ ပါ။ မိမိယုံကြည်ချက်တစ်ခု အကောင်အထည်ပေါ်လာစေဖို့  စနစ်တကျ အကွက်ချပြီး အောင်မြင်အောင် အသက်စွန့် ဆောင်ရွက်သွားခဲ့တဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့  အမျိုးသမီးတစ်ယောက် အကြောင်းပါ။ မကြည့်ရသေးရင်တော့ ကြည့်ဖို့  တိုက်တွန်းလိုပါတယ်။ လှည့်ကွက်တွေများလွန်းတဲ့အတွက် အက်ရှင်ကားတစ်ကားလို ရသမျိုးကို ပေးနိုင်လို့ အတွေးအခေါ်တွေ၊ အယူအဆလေးတွေနဲ့ တင် ငြီးငွေ့ မနေရအောင် ဆွဲဆောင်ထားပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုပေမယ့် ကျွန်တော်နှစ်သက်မိတဲ့ ဇာတ်ဝင်ခန်းထဲက စကားလုံးလေးတွေ (တစ်ချို့ စကားတွေက နာမည်ကြီးတွေရဲ့  စကားတွေကို ယူသုံးထားတာပါ )ကို မျှဝေပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့  နာမည်ကတော့ The life of David Gale ပါ။ ဒါလေးကတော့ torrent link လေးပါ။

“…the hunt is sweeter

than the kill.”


“….living by your wants

will never make you happy.

….fully human is

to strive to live by ideas and ideals...”


"The old law of an eye for an eye

leaves us all blind."


If you're not a liberal at 30,

you've got no heart.

And if you're still a liberal at 40,

you've got no brain.


You're not here to save me

You're here to save my

son's memory of his father.”


Read More...

Sunday, June 29, 2008

My Abstracts (1100290608)

(This section is to express just abstracts of my thoughts arisen from a little knowledge & experience at my age. Let’s figure it out more. May be my experience concerning a topic is 26 in number. I’m going to zip it here in one or two sentences. I hope you can unzip them up to your experience & knowledge i.e. may be 28, 30 or more. Then, feel free to share yours by commenting, please!!! OK??? )

As long as I find myself dealing with a challenging environment,

I’m sure success is next to me.




Read More...

Saturday, June 28, 2008

လောကကြီးရဲ့  အစွန်းနှစ်ဘက်မှာ


လောကကြီးအား ဟားတိုက်ရယ်မောခြင်း

လောကကြီးကို ဟားတိုက်မယ်ဆိုလို့  လောကအပြင်က လူသားလားလို့ တော့ မထင်လိုက်ပါနဲ့ ..

လောကဆိုတဲ့ အပြောကျယ်တဲ့ ပင်လယ်ပြင်ကြီးထဲမှာ အလိုက်သင့် ရွက်လွှင့်ဖို့  ကြိုးစားနေတဲ့ ခရီးသည်တစ်ယောက်ပါပဲ..

အိုဘယ့်လောကကြီး..

အသင့်အလိုကျ ကပြအသုံးတော်ခံရသည်မှာ ပင်ပန်းလွန်းလှပါတယ်။

အသင်ဟာ အသွင်အမျိုးမျိုးနဲ့  လူသားတို့ (ကျွန်ုပ်အပါအ၀င်) ကို ဖန်တီးပေတယ်။

ထိုထိုလူသားတို့ အား တစ်မျိုးနဲ့ တစ်မျိုး မရိုးမထပ်ကုန်သော စိတ်နှလုံးကိုယ်စီကိုလည်း အပိုင်စားပေးလေတယ်။

အဆင်းအနံ့ မရှိသော ပန်းမာန်တို့ ကိုလည်း ပွင့်လန်းခွင့်ပေးလေတယ်။

အသစ်သစ်သော ရုပ်ဝတ္ထုပစ္စည်းတွေနဲ့  ဖြူစင်မှုတွေကို အရောင်ဆိုးတတ်သေးတယ်။


အယူအဆအမျိုးမျိုးကိုလည်း ချပြရှင်သန်စေပြီး ငြိမ်းချမ်းမှုတွေကို ဖျက်ဆီးတတ်သေးတယ်။

အစဉ်အလာဆိုတဲ့ လေပြေအေးတွေနဲ့  အမှန်တရားကို ချွေးသိပ်ထားတတ်သေးတယ်။

ရင့်ကျက်လာအောင်ဆိုပြီး ခါးသီးမှုတွေကို ပေးတတ်သေးတယ်။

ယဉ်ပါးလာအောင်ဆိုပြီး ချိုမြိန်မှုတွေလည်း အလျှံပယ်ဖန်တီးပေးထားတယ်။

အားထုတ်လာအောင်ဆိုပြီး အောင်မြင်မှုတွေကို အယောင်ပြတတ်သေးတယ်။

အသင်ဟာ တတ်လည်းတတ်နိုင်လှပေတယ်။

ထို့ ကြောင့် အသင့်အား ဟားတိုက်ရယ်မောလိုက်ပါတယ်။


လောကကြီးအား ချီးမွမ်းဂုဏ်ပြုခြင်း

လောကကြီးကို ချီးမွမ်းမယ်ဆိုလို့  လောကအလိုကျ လူသားလားလို့ တော့ မထင်လိုက်ပါနဲ့ ..

လောကဆိုတဲ့ အပြောကျယ်တဲ့ ပင်လယ်ပြင်ကြီးကို ရွက်လွှင့်အနိုင်ယူဖို့  ကြိုးစားနေတဲ့ ခရီးသည်တစ်ယောက်ပါပဲ..

အိုဘယ့်လောကကြီး..

အသင့်အလိုကျ ကပြအသုံးတော်ခံရသည်မှာ ပင်ပန်းလွန်းလှပါတယ်။

အသင်ဟာ အလှတရား အမျိုးမျိုးနဲ့  လူသားတို့ (ကျွန်ုပ်အပါအ၀င်) ကို ဖန်တီးပေတယ်။

ထိုထိုလူသားတို့ အား တစ်မျိုးနဲ့ တစ်မျိုး မရိုးမထပ်ကုန်သော မျှော်လင့်ချက် ကိုယ်စီကိုလည်း အပိုင်စားပေးလေတယ်။

အဆင်းအနံ့ မရှိသော ပန်းမာန်တို့ ကို ပွင့်လန်းခွင့်ပေးပြီး အဆင်းအနံ့ ရှိသော ပန်းမာန်တို့ ကို အလှတိုးစေတယ်။

အသစ်သစ်သော ရုပ်ဝတ္ထုပစ္စည်းတွေနဲ့  ဖြူစင်မှုတွေကို မှတ်ကျောက်တင်တတ်သေးတယ်။

အယူအဆအမျိုးမျိုးကိုလည်း ချပြရှင်သန်စေပြီး ငြိမ်းချမ်းမှုတွေကို တန်ဖိုးထားတတ်စေတယ်။

အမှန်တရားကို ချွေးသိပ်ထားတတ်တဲ့ အစဉ်အလာဆိုတဲ့ လေပြေအေးတွေကို အချိန်တန်လျှင် မောင်းထုတ်ပေးတတ်တယ်။

ရင့်ကျက်လာအောင် ခါးသီးမှုတွေကို ပေးတတ်တယ်။

ယဉ်ပါးလာအောင် ချိုမြိန်မှုတွေလည်း အလျှံပယ်ဖန်တီးပေးထားတယ်။

အားထုတ်လာအောင် အောင်မြင်မှုတွေကို အယောင်ပြတတ်တယ်။

အသင်ဟာ တတ်လည်းတတ်နိုင်လှပေတယ်။

ထို့ ကြောင့် အသင့်အား ချီးမွမ်းဂုဏ်ပြုလိုက်ပါတယ်။

Read More...

Friday, June 27, 2008

You Are What You Keep

Sam Gosling ဟာ ကြမ်းခင်းထားတဲ့ ကော်ဇောတစ်လျှောက် ဒူးထောက်ပြီး ဟိုစမ်းဒီစမ်း ဟိုရှာဒီရှာ လုပ်နေလေရဲ့ ။ ဒီကေဘယ်ကြိုးတွေကို ကြည့်ပါဦး.. ဒီပုလင်းဖုံးတွေကကော ဘာအဓိပ္ပါယ်လဲ.. ဘောပင်တွေကလည်း အများကြီး.. ဟော..ဒီမှာလည်း စာအိတ်ဖွင့်တဲ့ ဓားလေးတစ်ခု..စိတ်ဝင်စားစရာပဲ.. စသဖြင့် သူ့ ဟာသူရေရွတ်နေလေရဲ့ ။ သူပိုက်စိတ်တိုက်ရှာနေတဲ့ အခန်းထဲမှာကတော့ ဓါတ်ပုံတွေ၊ အပုံလိုက်ဖြစ်နေတဲ့ စီဒီတွေ၊ ဂီတပွဲတွေက စာအတိုအစတွေ၊ နိုင်ငံရေးပို့ စတာတွေ၊ “Winners Make It Happen” လို့ အပိုတွေ ရေးထားတဲ့ ခြုံထည်တစ်ခု စတာတွေနဲ့  ပြည့်ကျပ်နေပါတယ်။ Oliva Newton-John ရဲ့ စီဒီတစ်ချပ်ကိုတွေ့ တော့ မှုခင်းစုံထောက်ကားထဲက ဇာတ်လိုက်စတိုင်နဲ့  အဟား လို့  တောင် ရေရွတ်နေလိုက်သေးတယ်။ တကယ်တော့ သူဟာ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ထောက်လှမ်းနေတာ မဟုတ်ရပါဘူး။ နယူးစ်ဝိခ်သတင်းထောက်တစ်ယောက်ရဲ့  ရုံးခန်းပါ။ Gosling ကတော့ သူ့ ရဲ့ ကိုယ်ရည်ကိုယ်သွေး (personality) ကိုရည်ညွှန်းမယ့် အချက်အလက်တွေကို ရှာဖွေနေတာပါ။



တစ်နေ့ တစ်နေ့  သူများအိပ်ခန်းတွေ၊ ရုံးခန်းတွေ၊ ဆေး စတိုး တွေကို ရှာဖွေနေတဲ့ စိတ္တဗေဒပညာရှင် Gosling က ကျွန်တော်တို့ အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ စာအုပ်တွေအစ ပုလင်းဖုံးအထိဟာ ကျွန်တော်တို့  ဘယ်လိုလူစားမျိုးလဲ၊ ဘာတွေကို တန်ဖိုးထားသလဲ ဆိုတာတွေကို ဖော်ပြနေတဲ့ စကားမပြောသော သဲလွန်စများလို့  ဆိုပါတယ်။ သူ့ ရဲ့  “လေ့လာကြည့်ပါ၊ မင်းပစ္စည်းတွေက ပြောနေတဲ့ မင်းအကြောင်းတွေ” (Snoop: What Your Stuff Says About You) ဆိုတဲ့ စာအုပ်ထဲမှာတော့ လူတွေရဲ့  ပစ္စည်းပစ္စယတွေက မျက်နှာချင်းဆိုင်တွေ့ ဆုံကြတာထက်တောင် သူတို့ ရဲ့ ကိုယ်ရည်ကိုယ်သွေး (personalities) တွေကို ပိုပြီးပြောပြနိုင်တယ်၊ တစ်ခါတစ်ရံမှာ သူတို့ ရဲ့  အရင်းနှီးဆုံးမိတ်ဆွေတွေမှ ပြောနိုင်မှာတွေကိုတောင် ပြောပြပါတယ် လို့ ရေးသားထားပါတယ်။ ဒီရှုပ်ပွနေတဲ့ အခန်းပိုင်ရှင် သတင်းထောက်ကိုတော့ က အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ယောက်လို့  ကောက်ချက်ချပါတယ် (သူ့ မှတ်ချက် မှန်ပါတယ်)။ သူက ဒီသတင်းထောက်ဟာ အပြင်ဆွဲ (extravert) တစ်ယောက်၊ စိတ်ခံစားမှု တည်ငြိမ်သူတစ်ယောက်၊ ပွင့်လင်းသော၊ ဆန်းသစ်သော၊ လွတ်လပ်သော အတွေးအခေါ်ရှိသူ တစ်ယောက်၊ အနှောင်အဖွဲ့ ကင်းသူ တစ်ယောက်ဖြစ်ပြီး ဟာသဥာဏ်ရှိသူတစ်ယောက်လို့  ပါတီပွဲသွားဖို့  ကောင်းသူတစ်ယောက်လို့  ဆိုပါတယ် (သတင်းထောက်တော့ သူပြောတာ တကယ်ကို ဒက်ထိမှန်တာပဲ လို့  ပြန်ပြောပါတယ်)။ နောက်ရုံးခန်းတစ်ခုဖြစ်တဲ့ ရိုးရိုးရှင်းရှင်းနဲ့  အမှတ်တရဓါတ်ပုံတွေ ကင်းမဲ့နေတဲ့ ရုံးခန်းတစ်ခုက တော့ ပိုင်ဆိုင်သူဟာ အတွင်းဆွဲ တစ်ယောက်၊ စိတ်လှုပ်ရှားလွယ်သူ တစ်ယောက်၊ ချွေတာတတ်သူတစ်ယောက် ဖြစ်ပြီး အထီးကျန်ဆန်သူ တစ်ယောက်ဖြစ်ကြောင်း ပြနေခဲ့ပါတယ်။ အခြေခံတော့ ကျပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ လေ့လာစူးစမ်းမှုမျိုးလုပ်ဖို့ ဆိုတာက ဓါတ်ပုံတွေ အများကြီးတွေ့ တိုင်း ကျော်ကြားတယ်၊ စီဒီတွေတွေ့ တိုင်း ဂီတကို မြတ်နိုးတယ်လို့  ပြောဖို့ လောက်တော့ မရိုးရှင်းသေးပါဘူး။ ထင်ရှားနေတဲ့ ပစ္စည်းတွေက ပြဿနာအပေးဆုံးလို့ ဆိုပါတယ်။ အဓိပ္ပါယ်ကောက် လွဲသွားစေနိုင်ပါတယ်တဲ့။ ဒီ အပြင်ဆွဲ သတင်းထောက်ကိစ္စမှာဆိုရင် စာအုပ်စင်ပေါ်မှာရှိနေတဲ့ Hooters တံဆိပ် ငရုပ်ဆီဘူးက သတင်းထောက်ဟာ Hooters အမြဲသုံးစွဲသူပါလို့  မလိုအပ်ဘဲ ကောက်ချက်လွဲသွားစေနိုင်ပါနိုင်တယ်တဲ့ (သတင်းထောက်ကတော့ ဘာမှတ်ချက်မှ မပေးပါဘူး)။

သူ့ ရဲ့ စာအုပ်ထဲမှာတော့ အခြားသူတစ်ယောက်ရဲ့ စိတ်ဝင်စားမှုအစစ်အမှန်နဲ့ ထူးခြားမှုတွေကို ထိထိမိမိ စူးစမ်းခန့်မှန်းနိုင်သူ (snooper) တစ်ယောက်ဖြစ်အောင် သင်ပေးထားတယ်လို့  ပြောပါတယ်။ တကယ်တော့ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀ ကျော်လောက်ကတည်းက လူတွေရဲ့  အလေ့အထ (behavior) တွေကို လေ့လာခန့်မှန်းခဲ့ကြပါတယ်။ ဂရိတွေးခေါ်ပညာရှင် Theophrastus က The Charactors ဆိုပြီး လူတွေရဲ့  Personality profiles ပေါင်း (၃၀) ဖေါ်ပြထားခဲ့ပါတယ်။ နောက် ရာစုနှစ်ပေါင်းလေးခုလောက်အကြာမှာတော့ ဂရိဆေးပညာရှင် Galen က လူ့ သဘောသဘာဝ တွေဟာ အကောင်းမြင်တတ်ခြင်း (sanguine) ၊ တည်ငြိမ်ခြင်း (phlegmatic) ၊ စိတ်အားငယ်ခြင်း (melancholic) ၊ စိတ်ဆတ်ခြင်း (choleric) စတဲ့အခြေခံ (၄)ခုအတိုးအလျော့ ကနေ ဖြစ်လာတာပါလို့  ဆိုခဲ့ပါတယ်။ အနီးစပ်ဆုံးဆိုရင်တော့ ဒုတိယကမ္ဘာစစ်အတွင်းက Katherince Briggs နှင့်သမီးဖြစ်သူ Isabel Brigg Meyers တို့ က လူတွေကို ဆန့် ကျင်ဘက်သဘာဝတွေဖြစ်တဲ့ အပြင်ဆွဲ (extraversion) နှင့် အတွင်းဆွဲ (introversion) ၊ စီရင်သူ (judging) နှင့်အစီရင်ခံသူ (percieving) စတာတွေနှင့် အမျိုးအစားခွဲခြားပြခဲ့လို့  Meyers-Briggs Type Indicator ဆိုပြီးပေါ်ပေါက်လာခဲ့ပါတယ်။ Gosling ကတော့ ပွင့်လင်းမှု (openness) ၊ သတိကြီးမှု (conscientiousness) ၊ အပြင်ဆွဲမှု (extraversion) ၊ နားလည်လက်ခံနိုင်မှု (aggreeableness) နှင့် စိတ်ပိုင်းဆိုင်ရာ အစွန်းရောက်မှု (neuroticism) စတာတွေအပေါ် အခြေခံထားပါတယ်။ ရှုပ်ရှုပ်ထွေးထွေး နေတတ်တဲ့သူတွေဟာ အပြင်ဆွဲမှုကိုညွှန်းဆိုသော ရမှတ်များကောင်းပြီး သတိကြီးမှုမှာတော့ ရမှတ်တွေ နည်းနေလေ့ရှိပါတယ်။ ရှင်းလင်းပြီး ဘာမှပြင်ဆင်ထားလေ့မရှိတဲ့ အခန်းပိုင်ရှင်တွေဟာ ပွင့်လင်းမှုပိုင်းမှာ အားနည်းကြပြီး သတိကြီးမှုပိုင်းမှာ အားသာကြပါတယ်။

တကယ်တော့ လူတစ်ယောက်ရဲ့ အကြိုက်ကို ပြောနိုင်ဖို့  ရိုးရှင်းသော နောက်တစ်နည်းကတော့ သူ့ကို
ခင်အောင်ပေါင်းဖို့ ပါပဲ။ ဒါပေမယ့် ဒီလို အကဲခတ်ခွဲခြမ်းစိတ်ဖြာမှု (typologies) တွေကို တဘက်သား မိမိအပေါ် ပိုမိုဂရုစိုက်လာစေမယ့် နည်းလမ်းတစ်ခုအဖြစ် ကျွန်တော်တို့  လက်ခံထားရဆဲပါ။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့  တစ်ဦးချင်းဝိသေသန (individuality) တွေအတွက် တင်းခံနေကြမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို စိတ်အားငယ်တတ်သူလား၊ အတွင်းဆွဲများဖြစ်နေပလား၊ ရှုပ်ပွနေလေ့ရှိတဲ့ အခန်းကို ကိုယ့်ရဲ့  ဆန်းသစ်တီထွင်နိုင်မှုကို ပြတဲ့ သင်္ကေတတစ်ခုအဖြစ် ထားမလားစတာတွေအပေါ် မူတည်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး (personality) ကို သက်တောင့်သက်သာ ခွဲခြမ်းစိတ်ဖြာကြည့်ထားရပါမယ်။ Gosling က ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အချို့သော သူတွေဟာ ကျွန်တော်တို့ ကို အကောင်းဆုံး အခွင့် အလမ်းတွေ ပေးနိုင်သလို အဆိုးဆုံး အန္တရာယ်တွေကို လည်း ပေးနိုင်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဟာ ကိုယ့်ကို ဒုက္ခပေးမလား၊ ကူညီမှာလားဆိုတာကို အလျင်အမြန် ဆုံးဖြတ်နိုင်ဖို့  လိုအပ်ပါတယ်၊ ကျွန်တော်တို့ ဘယ်လိုလူမျိုးဆိုတာ ကျွန်တော်တို့ မျိုှးရိုးကို ရောင်ပြန်ဟပ်နေလို့  ကျွန်တော်တို့ အားလုံးဟာ ကိုယ့် အပေါ် ထင်မြင်သုံးသပ်ချက်တွေကို သိရှိထားချင်ကြတာပါ လို့ ဆိုပါတယ်။ ရှုပ်ထွေးလှတဲ့ ရုံးခန်းပိုင်ရှင် သတင်းထောက်နဲ့  သူ့ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက်ရော ဒီသတင်းထောက်ဟာ ဖွဲ့စည်းစီမံဆောင်ရွက်နိုင်မှု အားနည်းတဲ့ အပြင်ဆွဲ တစ်ယောက်ဆိုတာ သိထားကြတာဟာ အထောက်အကူ ဖြစ်ပါ့မလား။ အထောက်အကူမဖြစ်ဘဲလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ဒီသတင်းထောက်ဟာ သူ့ ကို အတွင်းဆွဲတစ်ယောက်လို့  မထင်မိစေဖို့  နောင်ဆို ဧည့်သည်လာတာနဲ့  ငရုပ်ဆီဘူးကို ၀ှက်ထားသင့်တယ်ဆိုတာ သိသွားရပါပြီ။

( Jennie Yabroff ရဲ့  You are what you keep ကို ဆီလျော်အောင် ပြန်ဆိုထားတာပါ။ Terms တွေကို ဘာသာပြန်ရတာ သိပ်အားမရလှလို့  definitions လေးတွေရှာပြီး ထည့်ပေးလိုက်ပါတယ်။ )

Personality : A set of qualities that make a person (or thing) distinct from another.

Extraversion : the act, state, or habit of being predominantly concerned with and obtaining

gratification from what is outside the self

Introversion : the state of or tendency toward being wholly or predominantly concerned

with and interested in one's own mental life

Neuroticism : A mental or personality disturbance not attributable to any known neurological

or organic dysfunction

Read More...