Wednesday, July 2, 2008

ဇာတ်ကားများမှ နှစ်သက်မိသော စကားလုံးများနှင့် အတွေးအခေါ်များ (၂)


သိုးသူငယ်များအတွက် ခြင်္သေ့ကြီးများ

ဇာတ်ကားခေါင်းစဉ်ကတော့ ပထမကမ္ဘာစစ်တုန်းက ဗြိတိန်စစ်တပ်နဲ့  ခေါင်းဆောင်တွေအပေါ် ဂျာမန်ဗိုလ်ချုပ်တစ်ယောက် မှတ်ချက်ချထားတဲ့အပေါ်မှာ အခြေပြုပြီးပေါ်ပေါက်လာတာပါ။ သူတို့ ဆီက ဇာတ်လမ်းဝေဖန်ရေးတွေအဆိုအရတော့ ဒီဇာတ်ကားဟာ လက်ရှိအမေရိကန်ရဲ့  နိုင်ငံခြားရေးနဲ့ စစ်ရေးဆိုင်ရာ ပေါ်လစီတွေကို ဝေဖန်ချင်ပေမယ့် တိကျတဲ့ အဖြေတစ်ခုကို မပေးဘဲ တွေးစရာ၊ မေးစရာတွေ ကျန်အောင် ချန်ထားပေးခဲ့တဲ့ကားမျိုးလို့  ဆိုပါတယ်။



ကျွန်တော်ကတော့ ဒီကားကို တချို့ အပိုင်းတွေ နှစ်ခါလောက်ပြန်ကြည့်ခဲ့ရတယ်။ ဇာတ်ကားရဲ့  အင်္ဂလိပ်စကားပြောအဆင့်အတန်းက ကျွန်တော့်ကို နောက်ကောက်ချသွားတတ်လို့ ပါ။ ဒါတောင် ဇာတ်လမ်းအကျဉ်းကို ကြိုဖတ်ထားသေးတာ။ တကယ်တော့ သူတို့ ဆီမှာတောင် လူတိုင်းစိတ်ဝင်စားမယ့် ဇာတ်ကားမျိုးတော့ မဟုတ်လောက်ပါဘူး။ ဒါပေမယ့် စကားပြော (dialogue) တွေ၊ မတူညီတဲ့ ရှုထောင့်အမြင်တွေ၊ သရုပ်ဆောင်တွေရဲ့  ပါးပါးနပ်နပ်အားပြိုင်မှုတွေကိုမှ ကြည့်ချင်တဲ့သူတွေအတွက် ညွှန်းရမယ့် ဇာတ်ကားကောင်းတစ်ခုပါ။ ကျွန်တော်ကတော့ ကျွန်တော်ကြိုက်တဲ့ Meryl Streep ပါလို့  ကြည့်ဖြစ်သွားတာပါ။ ဒီဇာတ်ကားလေးကြည့်ပြီး တွေးစရာလေးတွေ ကျန်ခဲ့မယ်လို့တော့ ယူဆပါတယ်။ ဒါကတော့ torrent link လေးပါ။ ဒါလေးတွေကတော့ ထုံးစံအတိုင်း ကျွန်တော်သဘောကျတဲ့ ဇာတ်ဝင်ခန်းထဲက စာသားတွေပါ။

How many times are you people going to ask the same question? (Senator Irving)

Till we get the answer. ( Janine Roth)

Your position affords you the luxury of that opinion. Mine does not” (Janine Roth)

“First step? But what have we been doing for the past six years, Senator?” (Janine Roth)

I realised my gifts aren’t my theories but my ability to recognise great potential in others(Dr.Stephen Malley)

“It’s called potential. That’s a far better signal of what you might do than getting an A in some class you might forget about in two years” (Dr.Stephen Malley)

“..the tough thing about adulthood is that it starts before you even know it starts..” (Dr.Stephen Malley)

1 comment:

RePublic said...

ကျွန်တော်လည်းကြိုက်တယ်ဗျ ..