Thursday, April 9, 2009




Read More...

Sunday, December 14, 2008

ပြတင်းပေါက်




ကိုယ့် ဘ၀ ကိုက ခတ်ပြီးသား ဘောင်တွေနဲ့ 

အသားကျ......

ဘယ်သူတွေ ဘာပြောပြော...

ငါ့ ကို ပိတ်မထားကြပါနဲ့ ..

ငါ က အိုမာခယမ်းကိုလည်း ရှုသွင်းချင်တယ်...

မြိုမငြိမ်းနဲ့ လည်း ပျံ့ လွင့် ချင်တယ်

မောင်ချောနွယ်ရဲ့ "ရထား"လည်း စီးချင်တယ်...

(ကို)အောင်ချိမ့် နဲ့ လည်း" ခရီး "သွားချင်သေး....

"မီးလောင်ပြင် " ရုပ်ရှင် ကိုတော့ (ကို)ဖော်ဝေး နဲ့ အတူကြည့် ချင်တယ်

ဘယ်သူတွေ ဘာပြောပြော...

ငါ ကိုပိတ်မထားကြပါနဲ့ ...

အိုဘားမားရဲ့ မိန့် ခွန်းတွေ လည်းနားထောင်ချင်တယ်..

အိုစမာ ကို တွေ့ ပြီလား ငါသိချင်တယ်..

မော်ရင်ဟို ဘာတွေကြွားလည်း ငါစိတ်ဝင်စားတယ်...

ဘယ်သူတွေ ဘာပြောပြော...

ငါ ကိုပိတ်မထားကြပါနဲ့ ...

ဘောင်တွေ ဘယ်လောက် ခတ်ထား ခတ်ထား...

ငါ့ ရင် ဘတ် ကို ငါ ဆွဲ ဖွင့် ထားမယ်...

လေကောင်းလေသန့် များ...

ဝင်ရောက်နိုင်ပါကြောင်း....။ ။ငလင်း

ဒီ ကဗျာ အကြောင်းက ပြောပြရင် ပိုရှုပ် သွားမှာ.....အဲဒါကြောင့် မပြောတော့ ဘူး...။ကျွန်တော် တကယ်ခံစားရတဲ့ အတိုင်းရေးထားတာ ပါ...။







Read More...

Idealistic or Realistic??


School life taught to be idealistic.. Life after school has been teaching to be realistic..

ကျောင်းသားဘ၀တစ်လျှောက် သင်ယူမှုတွေ၊ လေ့လာသိရှိထားတဲ့ ကမ္ဘာကျော်၊ နိုင်ငံကျော်တွေရဲ့ လွှမ်းမိုးမှု၊ ရောင်ပြန်ဟပ်မှုအနေနဲ့ ဆန္ဒတွေ၊ မျှော်လင့်ချက်တွေဟာ အကောင်းတွေဆီကိုပဲ ဦးတည်နေခဲ့တယ်.. အိပ်မက်တွေဟာလည်း လှပနေခဲ့တယ်.. အတွေးအခေါ်ပိုင်းမှာလည်း ရှင်းရှင်းလင်းလင်းတွေးချင်တယ်.. မိမိအတွေးအခေါ်အတိုင်းပဲ ပြတ်ပြတ်သားသားဆုံးဖြတ်ချင်ခဲ့တယ်.. ဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေဆောင်ရွက်ချင်ခဲ့တယ်.. အဆိုအမိန့်တွေ၊ သတ်မှတ်ချက်တွေ၊ စံနမူနာပြမှုတွေရဲ့နောက်ကို ကောက်ကောက်ပါအောင်လိုက်နေမိတယ်.. ကိုယ့်ဘ၀ကို ရာနှုန်းပြည့် ကိုယ်စွမ်းအားနဲ့ ရွက်လွှင့်မောင်းနှင်နိုင်မယ်လို့ ယုံကြည်ခဲ့မိတယ်.. အခုအချိန်ထိလည်း ဒီယုံကြည်ချက်တွေကို လုံးဝစွန့်ပစ်လိုက်ဖို့တော့ စိတ်ကူးမရှိသေးပါ..



ဒါပေမယ့်.. လက်တွေ့ဟာ လက်တွေ့ပါပဲ.. စာအုပ်ထဲက အရည်အချင်းတွေဟာ လက်တွေ့ဘ၀မှာ ခိုင်မာတဲ့ ရွက်တိုင်တွေလားဆိုတာ သံသယဖြစ်စပြုလာတယ်.. ကိုယ့်ကိုယ်ကို အားမရမှုတွေဟာ ပိုမိုတိုးပွားလာတယ်.. ဖြစ်သင့်တယ်ထင်လို့ ဖြစ်သင့်တာတွေကို လုပ်နေတဲ့သူတစ်ယောက်ဟာ တစ်ကယ်ဖြစ်ချင်လို့ လုပ်နေတဲ့သူတွေ (တနည်းအားဖြင့် enthusiasts တွေ)၊ တစ်ကယ်ကို ဖြစ်ထိုက်သူတွေ (တနည်းအားဖြင့် genius တွေ) လိုတော့ အကောင်းဆုံးတွေနဲ့ နီးစပ်အောင် မလုပ်နိုင်ဘူး ဆိုတာ ပိုမိုသဘောပေါက်လာမိတယ်.. တခါတလေတော့လည်း နည်းလမ်းတွေကို သိပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ်ဖို့ ခက်ခဲလွန်းနေတယ်.. တစ်သက်လုံးရွံရှာစက်ဆုပ်ခဲ့တဲ့ နည်းလမ်းတွေ၊ အကျင့်ဆိုးတွေကို နည်းလမ်းကောင်းတွေ၊ အရည်အချင်းတွေအဖြစ် ထင်ယောင်ထင်မှားဖြစ်လာမိတယ်.. တခါတရံမှာ ကိုယ်တိုင် ကျင့်သုံးတတ်လာတယ်.. ရရှိလာတဲ့ အသီးအပွင့်တွေကို မြိန်ယှက်စွာ စားသုံးတတ်လာတယ်.. ဒါကိုကော realistic ဖြစ်လာတယ်လို့ ပြောကြမှာလား.. သေချာတာတော့ သာမန်လူတစ်ယောက်အတွက် realistic ဖြစ်လာလေလေ.. ideal တွေနဲ့ ဝေးကွာလေလေ.. idealistic ဖြစ်လာလေလေ.. reality တွေနဲ့ဝေးကွာလေလေပါပဲ.. Idealistic realism တို့၊ Realistic idealism တို့ ဆိုတာတွေကတော့ အင်မတန်တော်တဲ့ ပုဂ္ဂိုလ်တွေပဲ ကျင့်သုံးကြတယ် ထင်တာပဲ.. ကျွန်တော်တော့ ကျင့်သုံးဖို့ဝေးစွ.. နားတောင်မလည်ပါ..


Read More...

အချစ်တဲ့ လား.....ရူးနေပြီ..



အကွေ့ ကွေ့ ၊ အ၀ိုက်ဝိုက်

အရှိုက်ရှိုက်၊ အဖိုဖို....

နေညိုချိန် တောင်ပြာတန်းမှာ

ပုဝါပါးလေး လှမ်းထားတယ်....။



အယိမ်းယိမ်း၊ အနွဲ့ နွဲ့ 

အသွဲ့ သွဲ့ ၊ အယဉ်ယဉ်....

ရောထွေးယှက်တင်၊ စံပယ်တစ်ခင်း..

ခပ်ပြင်းပြင်းလေး မွှေးသွားတယ်။



အနုနု၊ အရွရွ

အလွလွ၊ အစိုင်စိုင်...

နှင်းဆီခိုင် ရင်အစူး ...

အကြိမ်ကြိမ် သာ ယစ်မူး လို့ ..

အရူးဖြစ်ခဲ့ ပြီ လေ..။ ။ငလင်း

ဒီကဗျာ လေး ရေးဖြစ်ပုံက ဒီလိုပါ...။ titanic ဇာတ်ကား ကိုကြည့် ပြီး ခံစားမိ ပုံ လေး ချရေးထားတာ..
ကျွန်တော် က video တို့ movies တို့ သိပ် မကြည့်  ပါဘူး..။titanic ဇာတ်ကားကတော့ အရမ်းလူပြောများ
ပြီး နာမည်ကြီး တော့ ကြည့် ချင်စိတ်တွေဖြစ် လာ လို့ ...ကြည့် လိုက်မိတဲ့ အခါ....ဒီကဗျာလေးကို ချ ရေး
လိုက်မိတာပါပဲ...။အဲဒီဇာတ်ကားထဲ က.....ပင်လယ်...
ကျောက်ဆောင်....
ကံတရား.....
သင်္ဘော...
အချစ်ရဲ့ ..ရယူခြင်း၊ပေးဆပ်ခြင်း....
ရုန်းကန်ခြင်း.....အဲဒါတွေ ကို ရယူခံစားမိပေမယ့် ...
ကျွန်တော်က သူမနဲ့ ချစ်ခြင်း တစွန်းတစ ကိုပဲ ရေဖွဲ့ ခံစား နိုင်ခဲ့ ပါတယ်...။
( ကျွန်တော့် သူငယ်ချင်း wynnsun က ကဗျာ ရေးခိုင်းတာ တစ်ရက်တောင် မပြည့် သေးဘူး..
အငမ်းမရ ထ ရေးဖြစ်တယ်...ဘယ်အချိန်ထဲ ကရေးချင် နေတယ် ...သိဝူး...ဟီး)






to be continued....

Read More...

ကဗျာအရေးကောင်းသော သူငယ်ချင်းတစ်ယောက်အား ကြိုဆိုခြင်း

ကျွန်တော် ပို့စ်တွေမတင်နိုင်တာကြာနေလို့ ဘလော့ဂ်ကိုပါ ခဏပိတ်ထားလိုက်ရပါတယ်.. အခုတော့ ကဗျာအရေးကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ကို ဖိတ်ခေါ်ထားပါတယ်.. ကဗျာတွေကို ချစ်ပြီး အားရင် ကဗျာရေးနေတဲ့သူတစ်ယောက်ပါ.. သူ့ဆီမှာ ရေးထားတဲ့ ကဗျာတွေ အများကြီးရှိပြီး စာအုပ်ထဲမှာပဲ သိမ်းမထားရအောင် ကျွန်တော့်ဘလော့ဂ်လေးကို လာလည်ကြသူတွေလည်း ခံစားကြည့်နိုင်အောင် သူ့ကို ဖိတ်ခေါ်လိုက်တာပါ..

သူငယ်ချင်း .. မင်းခံစားရေးဖွဲ့ထားတဲ့ ကဗျာလေးတွေကို ၀က်ဘ်ပေ့ခ်ျ ပေါ်မှာ မှတ်တမ်းတင်ကြရအောင်..




Read More...

Saturday, October 25, 2008

Tag ခံရခြင်း


ကျွန်တော် Thesis ကိစ္စကြောင့်တစ်ပိုင်း၊ ပြန်ဖို့ (၈)လလောက်ပဲလိုတော့ ကျန်သမျှအချိန်လေးမှာ Study ပိုင်းကိုပဲ အာရုံနှစ်ထားရတာက တစ်ပိုင်းကြောင့် ကိုယ်တိုင်အပင်ပန်းခံလုပ်ထားခဲ့ရတဲ့ ဘလော့လေးကိုတောင် လှည့်မကြည့်ဖြစ်တာ ကြာသွားပါပြီ။ သွားနေကျ၊ ဖတ်နေကျ ဘလော့တွေကိုတောင် မရောက်တာ တော်တော်ကြာသွားပါပြီ။ ဂျီတော့ခ်လည်း မတက်ဖြစ်ဘူး။ အကြောင်းရှိရင် ဖုန်းပဲဆက်လိုက်တာများတယ်။ အဲ.. မတော်တဆ တက်မိပြီး ချစ်ညီမလေး မီးငယ်နဲ့ဆုံပါလေရော။ မီးငယ်က တွေ့တာနဲ့ အကို့ကို Tag လိုက်မယ်တဲ့။ ရေးပေးမလားတဲ့။ မရေးပေးနိုင်ရင်တော့ မ Tag ပါဘူးတဲ့။ ဒီကတည်းက ထင်တော့ထင်လိုက်သား။ တစ်ခုခု ချောက်ချတော့မယ်လို့း) ။ သူ့ ဘလော့ကိုသွားကြည့်လိုက်တော့။ အားပါးပါး.. အချီကြီးကို ထိတာပဲ။ Tag စရာ ရှားလို့ ဒီမှာ စားပုံသောက်ပုံဆိုပဲဗျ။ ကျွန်တော် weekend မှာ ရေးပါ့မယ်လို့ ကတိပေးလိုက်တယ်။ ဒါပေမယ့် ကျွန်တော် (၂) ပတ်တိတိ ကတိမတည်နိုင်ခဲ့ပါဘူး။ ဒါလေးတောင် မရေးနိုင်လောက်အောင် မအားတာမျိုးတော့ မဟုတ်ပါဘူး။ အာရုံနောက်နေတဲ့အချိန်မျိုးမှာ စာရေးဖို့ဘက်ကို မလှည့်နိုင်တဲ့သဘောပါ။ အဟား.. မီးငယ်ကတော့ သူရေးခိုင်းတာကို နည်းနည်းပဲရေးလို့ရအောင် ရှေ့မှာ အပျိုးတွေအရှည်ကြီးရေးနေတယ်လို့ ပြောတော့မှာပဲ။ (တကယ်လည်း အဲဒီအတိုင်းပဲ.. အဟုတ်)



ရုရှားမှာ ကျွန်တော်အစိုးရိမ်ဆုံးက vitamin deficiency ပါပဲ။ ဒီကတည်းက စားပုံသောက်ပုံကို အကဲခတ်နိုင်နေလောက်ပြီး)။ မော်စကိုဆိုတာက အများသိတဲ့အတိုင်း လူနေမှုစရိတ်အကြီးဆုံးမြို့ကြီးများထဲက တစ်မြို့လေ။ ကျွန်တော်က အစားအသောက်နဲ့ပက်သက်ပြီး ချွေတာတတ်တဲ့သူတစ်ယောက်မဟုတ်တာတောင် မော်စကိုသားတွေလိုတော့ မစားနိုင်ပါဘူး။ မတတ်နိုင်တာတစ်ပိုင်း၊ နောက်တစ်ပိုင်းကတော့ သူတို့စားပုံသောက်ပုံပါ။ ကိုယ်က တစ်သက်လုံးနေမယ်ဆိုရင်တော့လည်း သူတို့လို စားရမှာပေါ့။ ခုက (၂) နှစ်လောက် ပညာလာသင်တာဆိုတော့လည်း အောင့်အီးပြီး ဒုက္ခခံစားမနေချင်ဘူး။ သူတို့တွေ ကြိုက်လှတဲ့ soup ဆိုလည်း ဆားကပေါ့၊ အရည်ကကျဲကျဲ၊ အဖတ်ကနည်းနည်း၊ ဒိန်ချဉ်က ထည့်လိုက်သေးတယ်။ အစားအသောက်မှန်သမျှဟာ အာလူးကို ပုံစံအမျိုးမျိုးထည့်သွင်းပေါင်းစပ်လုပ်ထားသလား အောက်မေ့ရပါတယ်။ ဘယ်ဟာစားစား တစ်ခုခုလိုနေသလို ခံစားရတယ်။ ဟင်းသီးဟင်းရွက်ကိုလည်း လတ်လတ်ဆတ်ဆတ်ထက် အချဉ်ဖေါက်ပြီး ပိုစားကြတယ်။ ကျွန်တော်တို့က potentially hypertensive တွေဆိုတော့ ဒါမျိုးဆို ခံတွင်းကမတွေ့ဘူးး)။ အဟဲ.. မတတ်နိုင်တော့လည်း ကြံဖန်အကြောင်းရှာရတာပေါ့။ သြော်.. ကျွန်တော့်ရဲ့ ဗီတာမင်ကိစ္စ စကားပြတ်သွားတယ်။ ဆောင်းတွင်းမှာက အဓိကပါ။ ဟင်းသီးဟင်းရွက်တွေ ဈေးကခေါင်ခိုက်နေတဲ့အချိန်ဖြစ်လို့ လူလတ်တန်းစား မော်စကိုသားတွေတောင် အသီးအရွက်၊ အသီးအနှံတန်းတွေကို ကွင်းရှောင်သွားရတဲ့အချိန်မျိုးပါ။ ကျွန်တော်တို့ ကတော့ ဆိုဖွယ်ရာမရှိပေါ့ဗျာ။ ကိုယ်ကိုယ်တိုင် antioxidant တွေရဲ့အရေးပါပုံကိုသိပေမယ့် ခါချဉ်ကောင် မာန်လျှော့ပြီး အသီးအရွက်တန်းတွေကို တတ်နိုင်သလောက် ရှောင်ကွင်းသွားရပါတယ်။ ဆောင်းတွင်းမှာ အအေးဒဏ်ခံရလို့ ချိစ်၊ နို့ထွက်ပစ္စည်းတွေပါတဲ့ အစားအစာတွေကို သတိထားပြီး ပိုစားပါတယ်။ အားဆေးတွေသောက်ဖို့ကို လူငယ်လူရွယ်တွေအတွက် ဘယ်တုန်းကမှ အားမပေးခဲ့ပေမယ့် ဒီကျမှ ဒင်းတို့ရဲ့ ကောင်းကျိုးကို ကိုယ်တွေ့သိရတာပါ။ အဟဲ.. အားဆေးသောက်တယ်ဆိုလို့ အထင်တော့မကြီးပါနဲ့။ မြန်မာပြည်က သယ်လာတာပါ။
ကျွန်တော်ကတော့ မနက် (၈)နာရီခွဲ ၀ါ့ဒ်ထဲမှာ လုပ်တဲ့ discussion မှီအောင် နေ့စဉ် (၇) နာရီလောက် အဆောင်ကထွက်ရပါတယ်။ ဒီတော့ (၆)နာရီလောက်ထ၊ ခေါက်ဆွဲပြုတ်၊ ကော်ဖီဖျော်၊ ရေမိုးချိုး၊ အ၀တ်လဲ၊ တစ်နေ့တာအတွက် လိုအပ်မယ်ထင်တာလေးတွေကို ခေါက်ဆွဲစား၊ ကော်ဖီသောက်ရင်း အင်တာနက်မှာ ရှာဖွေဖတ်၊ စားထားတဲ့ ခေါက်ဆွဲပန်းကန်းတောင် တခါတလေ မဆေးနိုင်တော့ဘဲ ကသုတ်ကရုတ် ထွက်ရပါတယ်။ အဲ.. ည ၁၊ ၂ နာရီလောက်မှ အိပ်ဖြစ်တဲ့ညဆိုရင်တော့ ခေါက်ဆွဲလည်း မပြုတ်နိုင်၊ ကော်ဖီလည်းမဖျော်နိုင်တော့ပဲ လစ်ရတော့တာပဲ။
ကဲ..ဆေးရုံရောက်ပြီ။ ရုရှားဆရာဝန်တွေ တော်တော်အံ့သြဖို့တော့ ကောင်းတယ်။ အခန်းထဲမှာ ကော်ဖီရှိတယ်။ တိုလီမုတ်စမုန့်လေးတွေရှိတယ်။ ကြုံတဲ့သူက ၀ယ်ဖြည့်ထားတာပါ။ တနေကုန်ကို ကော်ဖီသောက်လိုက်၊ ၀ါ့ဒ်ထဲမှာအလုပ်လုပ်လိုက်၊ ကိုယ့်အခန်း ပြန်ဝင်လာတဲ့အချိန် မုန့်လေးတွေ ကောက်စားလိုက်နဲ့ ဘယ်လို ဗိုက်ပြည့်နေကြလဲဆိုတာ ကျွန်တော်တော့ စဉ်းစားလို့ကို မရတာ။ ကျွန်တော်တို့လို ပေသီးခေါက်နေရတာလည်း ဖြစ်တော့ ဖြစ်နိုင်တယ်။ ဒီမှာ ဆရာဝန်က လခနည်းပါတယ်။ မာစတာတက်နေတဲ့ ဆရာဝန်ငယ်တွေဟာ ဒေါ်လာ (၁၀၀) ပဲရပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကနေပြီး သူတို့ တစ်လကို ဒေါ်လာ (၁၀၀၀) လောက်တော့ဝင်ပါတယ်။ လူပြောများနေတဲ့ ရုရှားရဲ့ corruption ကို ကိုယ်တွေ့ကြုံတာပါ။ ကန်တင်းမှာ အမြဲသွားစားနေတဲ့သူတွေလည်း ရှိတော့ရှိပါတယ်။ ကျွန်တော်တော့ အဖော်ကောင်းလို့ ကန်တင်းလေး သွားထိုင်ပြီး နေ့လည်စာ စားမိပါတယ်။ ရူဘယ် (၂၅၀) လောက်ထွက်သွားလို့ မြန်မာငွေဆို (၁၅၀၀၀)လောက်ကျတာဆိုပြီး နောက်နောင် အခန်းထဲက တိုလီမုတ်စမုန့်လေးတွေနဲ့ပဲ နှစ်ပါးသွားလိုက်ပါတော့တယ်။ ကော်ဖီကတော့ စွဲသွားမှာတောင်ကြောက်ရပါတယ်။ သောက်လွန်းလို့ပါ။
အဲ.. အဆောင်ပြန်ရောက်ပြီဆိုတော့လည်း ချက်ရပြုတ်ရပြီပေါ့ဗျာ။ အပြန် စူပါမားကဒ်က ၀င်ဝယ်လာတာလေးတွေပေါ့။ ပုံမှန်ချက်ဖြစ်တာတွေကတော့ အအေးခန်းထဲက ကြက်သား၊ ကြက်ဥ၊ ငါး၊ ငါးသေတ္တာ ပါပဲ။ ၀က်သားကတော့ ပိတ်ရက်လောက်မှပဲ စားနိုင်ပါတယ်။ အသီးအရွက်အစားနည်းရခြင်း နောက်တစ်ကြောင်းကလည်း အဲဒါပါပဲ။ အသားဟင်းက တစ်ခွက်၊ အသီးအရွက်က တစ်ခွက်ဆို အချိန်က ပေးရရော။ ကြားရက်တွေမှာ အဲလောက် အချိန်မပေးနိုင်ပါ။ တစ်နေကုန်ပင်ပန်းလာပြီး အစားတစ်လုပ်အတွက် အဲလောက်အချိန်ထပ်မပေးနိုင်တော့ပါ။ ဒီရောက်မှ လူလဲ ဘက်စုံရတော့တာပဲ (ဟင်းချက်ပညာကို ပြောတာပါ)။ တစ်သက်လုံး သူများချက်တာ အခန့်သားစားလာပြီး ခုတော့ ကောင်းကောင်းကြီး ကိုယ်ချင်းစာမိသွားပါပြီဗျာ။သတိရတုန်း အမေနှင့်တစ်ကွ ထမင်းချက်သော အမများ၊ အန်တီများကို စားခဲ့ရသော ထမင်းအလုပ်ပေါင်းများစွာအတွက် ဒီနေရာက ရှိခိုးကန်တော့လိုက်ပါတယ်ဗျာ။
အဲ.. ညနေစာ (ခေါ်) နေ့ပေါင်းညစာ စားတဲ့အချိန်လေးကတော့ ကျွန်တော်ရဲ့ အနားယူချိန်၊ ဗဟုသုတရှာမှီးချိန်ပါ။ ကျွန်တော်က ညနေစာစားရင်း စိတ်ဝင်စားတဲ့ သတင်းဝက်ဘ်ဆိုက်တွေလျှောက်ဖတ်တတ်လို့ပါ။ လူကြီးတွေကြားရင်တော့ အစာစားရင်း တခြားအလုပ်လုပ်လို့ နဗန်ကျင်းချင်မလား မသိဘူး။ ကျွန်တော်ကတော့ အကျင့်ပါနေလို့ပါ။ အင်တာနက်မရှိတဲ့နေရာများကတည်းက စာအုပ်တစ်အုပ်နဲ့ အစားစားတဲ့အကျင့်ကြီးက ပါလာတာပါ။ ညဘက်က ကျွန်တော်ရဲ့စာကြည့်ချိန်ပါ။ သတ်သတ်မှတ်မှတ်တော့ မထားပါဘူး။ သိချင်တဲ့စိတ်များရင် များသလို စာများများဖတ်ဖြစ်ပါတယ်။ ပင်ပန်းရင် ပင်ပန်းသလို အနားယူတဲ့အခါလည်း ယူဖြစ်ပါတယ်။ သေချာတာတော့ အဲဒီအချိန်တွေမှာ ကော်ဖီလေးတစ်ခွက်နဲ့ ခေါက်ဆွဲပြုတ်လေး (သို့) မုန့်လေးတစ်ခုလောက်တော့ အနားမှာ ရှိနေတာပေါ့ဗျာ။
ကဲ.. မီးငယ်။ ဆရာဝန်တစ်ယောက်ရဲ့ စားပုံသောက်ပုံဆိုတဲ့ အညွှန်းကိုတော့ ဖြုတ်သင့်ပြီလို့ထင်တယ်။ အမှားသရုပ်ပြနေလို့လေ။ အတတ်နိုင်ဆုံးတော့ အာဟာရကို မျှတအောင်စားပါတယ်။ သတိထားပြီး ကိုယ့်မှာ ချို့တဲ့နိုင်တာကို ပိုစားပါတယ်။ အစားအသောက်တွေကို အာဟာရဆိုတာမျိုးအပြင် refreshment အဖြစ် မြင်ပါတယ်။ အာဟာရဓါတ် ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကို ပိုမိုချစ်မြတ်နိုးလာမိပါတယ်။ လတ်ဆတ်တဲ့ အသား၊ ငါး၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို မြန်မာနိုင်ငံပြန်ရောက်ရင် ပိုမိုတန်ဖိုးထားစားသုံးတတ်လာမယ် ဆိုတာတော့ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ ယုံကြည်နေပါတယ်။

Read More...

Friday, August 22, 2008

သဘောကျမိလို့ ပါ


When a Diplomat says YES he means PERHAPS

When he says PERHAPS, he means NO,

When he says NO he is not a Diplomat.

So also,

When a Lady says NO, she means PERHAPS

When she says PERHAPS, she means YES

When she says YES, she is not a LADY.



(From Take before you shake - Dr. Ajay Kothari)





Read More...