Monday, June 30, 2008
ဇာတ်ကားများမှ နှစ်သက်မိသော စကားလုံးများနှင့် အတွေးအခေါ်များ (၁)
ရုရှားတွေကတော့ ဟောလီးဝုဒ်ဇာတ်ကားတွေကို အဆိုးမြင်ဘက်ကဘဲ ကြည့်တတ်ကြပါတယ်။ ဟောလီးဝုဒ်ဇာတ်ကားတွေဟာ နည်းပညာတွေ၊ လူသတ်မှုတွေ၊ အကြမ်းဖက်မှုတွေကြားထဲက ရုန်းမထွက်နိုင်ဘူးလို့  ယူဆကြပါတယ်။ သူတို့  အဆိုးမြင်တာကိုတော့ အပြစ်ပြောဖို့  နည်းနည်းခက်ပါတယ်။ သူတို့ မှာလည်း သူတို့ ခံစားချက်နဲ့  သူတို့ ကိုး။ ဟောလီးဝုဒ်ကားတွေမှာ သူတို့ က အမြဲတမ်း ဗီလိန်နေရာကို အပိုင်စားယူထားရတာကိုး။ ကျွန်တော့်အမြင်ကတော့ သူတို့ ရဲ့ ဇာတ်ကားတော်တော်များများဟာ American Dreams တွေကို သရုပ်ပေါ်အောင် ရိုက်ထားကြတယ်လို့  မြင်ပါတယ်။ အမေရိကန်မှာသာ ဒီလို အံ့မခန်းတွေ ဖြစ်နိုင်တယ် ဆိုတဲ့ အယူအဆကို တစ်ကမ္ဘာလုံးကို ရိုက်သွင်းပေးချင်ပုံပါပဲ။ မည်သို့ ဆိုစေ အချို့ သော ဇာတ်ကားများထဲမှ စကားလုံးများ၊ အတွေးအခေါ်များဟာ ဖျောက်ဖျက်ဖို့ ခက်လောက်အောင် စွဲမြဲကျန်ရစ်ခဲ့လေ့ရှိပါတယ်။
ကျွန်တော်တို့ တော်တော်များများ အားလပ်ချိန်ဆို တနည်းနည်းနဲ့  အပန်းဖြေနိုင်ဖို့  ကြိုးစားကြပါတယ်။ အပြင်လည်း မထွက်ချင်တဲ့အချိန်၊ ပိုက်ဆံလည်း သိပ်အကုန်မခံချင်တဲ့အချိန်၊ စာအုပ်တစ်အုပ်ဖတ်ဖို့ လည်း စိတ်မပါတဲ့အချိန်၊ လှုပ်လှုပ်ရှားရှားလည်း မလုပ်ချင်ဘူးဆိုရင် ဇာတ်ကားလေးတစ်ကားတော့ ကြည့်ဖြစ်ကြတာပါပဲ။ ဒီလိုအချိန်မျိုးမှာ ကားကောင်းလေးတော့ ကြည့်ချင်ကြတာချည်းပါပဲ။ ကျွန်တော်ကတော့ အဆင်ပြေတယ်ခင်ဗျ။ သူငယ်ချင်းတစ်ယောက်က ဇာတ်ကားကောင်းလေးတွေ ပေးလေ့ရှိပါတယ်။ ကျွန်တော်က အသာလေး ကြည့်ရုံပါပဲ။ အခုကားလေးကတော့ ၂၀၀၃ တည်းက ထွက်တာပါ။ ကျွန်တော်က ခုမှ ကြည့်ဖူးလို့ ပါ။ မိမိယုံကြည်ချက်တစ်ခု အကောင်အထည်ပေါ်လာစေဖို့  စနစ်တကျ အကွက်ချပြီး အောင်မြင်အောင် အသက်စွန့် ဆောင်ရွက်သွားခဲ့တဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့  အမျိုးသမီးတစ်ယောက် အကြောင်းပါ။ မကြည့်ရသေးရင်တော့ ကြည့်ဖို့  တိုက်တွန်းလိုပါတယ်။ လှည့်ကွက်တွေများလွန်းတဲ့အတွက် အက်ရှင်ကားတစ်ကားလို ရသမျိုးကို ပေးနိုင်လို့ အတွေးအခေါ်တွေ၊ အယူအဆလေးတွေနဲ့ တင် ငြီးငွေ့ မနေရအောင် ဆွဲဆောင်ထားပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုပေမယ့် ကျွန်တော်နှစ်သက်မိတဲ့ ဇာတ်ဝင်ခန်းထဲက စကားလုံးလေးတွေ (တစ်ချို့ စကားတွေက နာမည်ကြီးတွေရဲ့  စကားတွေကို ယူသုံးထားတာပါ )ကို မျှဝေပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့  နာမည်ကတော့ The life of David Gale ပါ။ ဒါလေးကတော့ torrent link လေးပါ။
“…the hunt is sweeter
than the kill.”
“….living by your wants
will never make you happy.
….fully human is
to strive to live by ideas and ideals...”
"The old law of an eye for an eye
leaves us all blind."
If you're not a liberal at 30,
you've got no heart.
And if you're still a liberal at 40,
you've got no brain.
You're not here to save me
You're here to save my
son's memory of his father.”
Read More...
Sunday, June 29, 2008
My Abstracts (1100290608)
(This section is to express just abstracts of my thoughts arisen from a little knowledge & experience at my age. Let’s figure it out more. May be my experience concerning a topic is 26 in number. I’m going to zip it here in one or two sentences. I hope you can unzip them up to your experience & knowledge i.e. may be 28, 30 or more. Then, feel free to share yours by commenting, please!!! OK??? )
As long as I find myself dealing with a challenging environment,
I’m sure success is next to me.
Read More...
Saturday, June 28, 2008
လောကကြီးရဲ့  အစွန်းနှစ်ဘက်မှာ
လောကကြီးအား ဟားတိုက်ရယ်မောခြင်း
လောကကြီးကို ဟားတိုက်မယ်ဆိုလို့  လောကအပြင်က လူသားလားလို့ တော့ မထင်လိုက်ပါနဲ့ ..
လောကဆိုတဲ့ အပြောကျယ်တဲ့ ပင်လယ်ပြင်ကြီးထဲမှာ အလိုက်သင့် ရွက်လွှင့်ဖို့  ကြိုးစားနေတဲ့ ခရီးသည်တစ်ယောက်ပါပဲ..
အိုဘယ့်လောကကြီး..
အသင့်အလိုကျ ကပြအသုံးတော်ခံရသည်မှာ ပင်ပန်းလွန်းလှပါတယ်။
အသင်ဟာ အသွင်အမျိုးမျိုးနဲ့  လူသားတို့ (ကျွန်ုပ်အပါအ၀င်) ကို ဖန်တီးပေတယ်။
ထိုထိုလူသားတို့ အား တစ်မျိုးနဲ့ တစ်မျိုး မရိုးမထပ်ကုန်သော စိတ်နှလုံးကိုယ်စီကိုလည်း အပိုင်စားပေးလေတယ်။
အဆင်းအနံ့ မရှိသော ပန်းမာန်တို့ ကိုလည်း ပွင့်လန်းခွင့်ပေးလေတယ်။
အသစ်သစ်သော ရုပ်ဝတ္ထုပစ္စည်းတွေနဲ့  ဖြူစင်မှုတွေကို အရောင်ဆိုးတတ်သေးတယ်။
အယူအဆအမျိုးမျိုးကိုလည်း ချပြရှင်သန်စေပြီး ငြိမ်းချမ်းမှုတွေကို ဖျက်ဆီးတတ်သေးတယ်။
အစဉ်အလာဆိုတဲ့ လေပြေအေးတွေနဲ့  အမှန်တရားကို ချွေးသိပ်ထားတတ်သေးတယ်။
ရင့်ကျက်လာအောင်ဆိုပြီး ခါးသီးမှုတွေကို ပေးတတ်သေးတယ်။
ယဉ်ပါးလာအောင်ဆိုပြီး ချိုမြိန်မှုတွေလည်း အလျှံပယ်ဖန်တီးပေးထားတယ်။
အားထုတ်လာအောင်ဆိုပြီး အောင်မြင်မှုတွေကို အယောင်ပြတတ်သေးတယ်။
အသင်ဟာ တတ်လည်းတတ်နိုင်လှပေတယ်။
ထို့ ကြောင့် အသင့်အား ဟားတိုက်ရယ်မောလိုက်ပါတယ်။
လောကကြီးအား ချီးမွမ်းဂုဏ်ပြုခြင်း
လောကကြီးကို ချီးမွမ်းမယ်ဆိုလို့  လောကအလိုကျ လူသားလားလို့ တော့ မထင်လိုက်ပါနဲ့ ..
လောကဆိုတဲ့ အပြောကျယ်တဲ့ ပင်လယ်ပြင်ကြီးကို ရွက်လွှင့်အနိုင်ယူဖို့  ကြိုးစားနေတဲ့ ခရီးသည်တစ်ယောက်ပါပဲ..
အိုဘယ့်လောကကြီး..
အသင့်အလိုကျ ကပြအသုံးတော်ခံရသည်မှာ ပင်ပန်းလွန်းလှပါတယ်။
အသင်ဟာ အလှတရား အမျိုးမျိုးနဲ့  လူသားတို့ (ကျွန်ုပ်အပါအ၀င်) ကို ဖန်တီးပေတယ်။
ထိုထိုလူသားတို့ အား တစ်မျိုးနဲ့ တစ်မျိုး မရိုးမထပ်ကုန်သော မျှော်လင့်ချက် ကိုယ်စီကိုလည်း အပိုင်စားပေးလေတယ်။
အဆင်းအနံ့ မရှိသော ပန်းမာန်တို့ ကို ပွင့်လန်းခွင့်ပေးပြီး အဆင်းအနံ့ ရှိသော ပန်းမာန်တို့ ကို အလှတိုးစေတယ်။
အသစ်သစ်သော ရုပ်ဝတ္ထုပစ္စည်းတွေနဲ့  ဖြူစင်မှုတွေကို မှတ်ကျောက်တင်တတ်သေးတယ်။
အယူအဆအမျိုးမျိုးကိုလည်း ချပြရှင်သန်စေပြီး ငြိမ်းချမ်းမှုတွေကို တန်ဖိုးထားတတ်စေတယ်။
အမှန်တရားကို ချွေးသိပ်ထားတတ်တဲ့ အစဉ်အလာဆိုတဲ့ လေပြေအေးတွေကို အချိန်တန်လျှင် မောင်းထုတ်ပေးတတ်တယ်။
ရင့်ကျက်လာအောင် ခါးသီးမှုတွေကို ပေးတတ်တယ်။
ယဉ်ပါးလာအောင် ချိုမြိန်မှုတွေလည်း အလျှံပယ်ဖန်တီးပေးထားတယ်။
အားထုတ်လာအောင် အောင်မြင်မှုတွေကို အယောင်ပြတတ်တယ်။
အသင်ဟာ တတ်လည်းတတ်နိုင်လှပေတယ်။
ထို့ ကြောင့် အသင့်အား ချီးမွမ်းဂုဏ်ပြုလိုက်ပါတယ်။
Read More...
Friday, June 27, 2008
You Are What You Keep
Sam Gosling ဟာ ကြမ်းခင်းထားတဲ့ ကော်ဇောတစ်လျှောက် ဒူးထောက်ပြီး ဟိုစမ်းဒီစမ်း ဟိုရှာဒီရှာ လုပ်နေလေရဲ့ ။ ဒီကေဘယ်ကြိုးတွေကို ကြည့်ပါဦး.. ဒီပုလင်းဖုံးတွေကကော ဘာအဓိပ္ပါယ်လဲ.. ဘောပင်တွေကလည်း အများကြီး.. ဟော..ဒီမှာလည်း စာအိတ်ဖွင့်တဲ့ ဓားလေးတစ်ခု..စိတ်ဝင်စားစရာပဲ.. စသဖြင့် သူ့ ဟာသူရေရွတ်နေလေရဲ့ ။ သူပိုက်စိတ်တိုက်ရှာနေတဲ့ အခန်းထဲမှာကတော့ ဓါတ်ပုံတွေ၊ အပုံလိုက်ဖြစ်နေတဲ့ စီဒီတွေ၊ ဂီတပွဲတွေက စာအတိုအစတွေ၊ နိုင်ငံရေးပို့ စတာတွေ၊ “Winners Make It Happen” လို့ အပိုတွေ ရေးထားတဲ့ ခြုံထည်တစ်ခု စတာတွေနဲ့  ပြည့်ကျပ်နေပါတယ်။ Oliva Newton-John ရဲ့ စီဒီတစ်ချပ်ကိုတွေ့ တော့ မှုခင်းစုံထောက်ကားထဲက ဇာတ်လိုက်စတိုင်နဲ့  အဟား လို့  တောင် ရေရွတ်နေလိုက်သေးတယ်။ တကယ်တော့ သူဟာ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ထောက်လှမ်းနေတာ မဟုတ်ရပါဘူး။ နယူးစ်ဝိခ်သတင်းထောက်တစ်ယောက်ရဲ့  ရုံးခန်းပါ။ Gosling ကတော့ သူ့ ရဲ့ ကိုယ်ရည်ကိုယ်သွေး (personality) ကိုရည်ညွှန်းမယ့် အချက်အလက်တွေကို ရှာဖွေနေတာပါ။
တစ်နေ့ တစ်နေ့  သူများအိပ်ခန်းတွေ၊ ရုံးခန်းတွေ၊ ဆေး စတိုး တွေကို ရှာဖွေနေတဲ့ စိတ္တဗေဒပညာရှင် Gosling က ကျွန်တော်တို့ အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ စာအုပ်တွေအစ ပုလင်းဖုံးအထိဟာ ကျွန်တော်တို့  ဘယ်လိုလူစားမျိုးလဲ၊ ဘာတွေကို တန်ဖိုးထားသလဲ ဆိုတာတွေကို ဖော်ပြနေတဲ့ စကားမပြောသော သဲလွန်စများလို့  ဆိုပါတယ်။ သူ့ ရဲ့  “လေ့လာကြည့်ပါ၊ မင်းပစ္စည်းတွေက ပြောနေတဲ့ မင်းအကြောင်းတွေ” (Snoop: What Your Stuff Says About You) ဆိုတဲ့ စာအုပ်ထဲမှာတော့ လူတွေရဲ့  ပစ္စည်းပစ္စယတွေက မျက်နှာချင်းဆိုင်တွေ့ ဆုံကြတာထက်တောင် သူတို့ ရဲ့ ကိုယ်ရည်ကိုယ်သွေး (personalities) တွေကို ပိုပြီးပြောပြနိုင်တယ်၊ တစ်ခါတစ်ရံမှာ သူတို့ ရဲ့  အရင်းနှီးဆုံးမိတ်ဆွေတွေမှ ပြောနိုင်မှာတွေကိုတောင် ပြောပြပါတယ် လို့ ရေးသားထားပါတယ်။ ဒီရှုပ်ပွနေတဲ့ အခန်းပိုင်ရှင် သတင်းထောက်ကိုတော့ က အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ယောက်လို့  ကောက်ချက်ချပါတယ် (သူ့ မှတ်ချက် မှန်ပါတယ်)။ သူက ဒီသတင်းထောက်ဟာ အပြင်ဆွဲ (extravert) တစ်ယောက်၊ စိတ်ခံစားမှု တည်ငြိမ်သူတစ်ယောက်၊ ပွင့်လင်းသော၊ ဆန်းသစ်သော၊ လွတ်လပ်သော အတွေးအခေါ်ရှိသူ တစ်ယောက်၊ အနှောင်အဖွဲ့ ကင်းသူ တစ်ယောက်ဖြစ်ပြီး ဟာသဥာဏ်ရှိသူတစ်ယောက်လို့  ပါတီပွဲသွားဖို့  ကောင်းသူတစ်ယောက်လို့  ဆိုပါတယ် (သတင်းထောက်တော့ သူပြောတာ တကယ်ကို ဒက်ထိမှန်တာပဲ လို့  ပြန်ပြောပါတယ်)။ နောက်ရုံးခန်းတစ်ခုဖြစ်တဲ့ ရိုးရိုးရှင်းရှင်းနဲ့  အမှတ်တရဓါတ်ပုံတွေ ကင်းမဲ့နေတဲ့ ရုံးခန်းတစ်ခုက တော့ ပိုင်ဆိုင်သူဟာ အတွင်းဆွဲ တစ်ယောက်၊ စိတ်လှုပ်ရှားလွယ်သူ တစ်ယောက်၊ ချွေတာတတ်သူတစ်ယောက် ဖြစ်ပြီး အထီးကျန်ဆန်သူ တစ်ယောက်ဖြစ်ကြောင်း ပြနေခဲ့ပါတယ်။ အခြေခံတော့ ကျပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ လေ့လာစူးစမ်းမှုမျိုးလုပ်ဖို့ ဆိုတာက ဓါတ်ပုံတွေ အများကြီးတွေ့ တိုင်း ကျော်ကြားတယ်၊ စီဒီတွေတွေ့ တိုင်း ဂီတကို မြတ်နိုးတယ်လို့  ပြောဖို့ လောက်တော့ မရိုးရှင်းသေးပါဘူး။ ထင်ရှားနေတဲ့ ပစ္စည်းတွေက ပြဿနာအပေးဆုံးလို့ ဆိုပါတယ်။ အဓိပ္ပါယ်ကောက် လွဲသွားစေနိုင်ပါတယ်တဲ့။ ဒီ အပြင်ဆွဲ သတင်းထောက်ကိစ္စမှာဆိုရင် စာအုပ်စင်ပေါ်မှာရှိနေတဲ့ Hooters တံဆိပ် ငရုပ်ဆီဘူးက သတင်းထောက်ဟာ Hooters အမြဲသုံးစွဲသူပါလို့  မလိုအပ်ဘဲ ကောက်ချက်လွဲသွားစေနိုင်ပါနိုင်တယ်တဲ့ (သတင်းထောက်ကတော့ ဘာမှတ်ချက်မှ မပေးပါဘူး)။
သူ့ ရဲ့ စာအုပ်ထဲမှာတော့ အခြားသူတစ်ယောက်ရဲ့ စိတ်ဝင်စားမှုအစစ်အမှန်နဲ့ ထူးခြားမှုတွေကို ထိထိမိမိ စူးစမ်းခန့်မှန်းနိုင်သူ (snooper) တစ်ယောက်ဖြစ်အောင် သင်ပေးထားတယ်လို့  ပြောပါတယ်။ တကယ်တော့ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀ ကျော်လောက်ကတည်းက လူတွေရဲ့  အလေ့အထ (behavior) တွေကို လေ့လာခန့်မှန်းခဲ့ကြပါတယ်။ ဂရိတွေးခေါ်ပညာရှင် Theophrastus က The Charactors ဆိုပြီး လူတွေရဲ့  Personality profiles ပေါင်း (၃၀) ဖေါ်ပြထားခဲ့ပါတယ်။ နောက် ရာစုနှစ်ပေါင်းလေးခုလောက်အကြာမှာတော့ ဂရိဆေးပညာရှင် Galen က လူ့ သဘောသဘာဝ တွေဟာ အကောင်းမြင်တတ်ခြင်း (sanguine) ၊ တည်ငြိမ်ခြင်း (phlegmatic) ၊ စိတ်အားငယ်ခြင်း (melancholic) ၊ စိတ်ဆတ်ခြင်း (choleric) စတဲ့အခြေခံ (၄)ခုအတိုးအလျော့ ကနေ ဖြစ်လာတာပါလို့  ဆိုခဲ့ပါတယ်။ အနီးစပ်ဆုံးဆိုရင်တော့ ဒုတိယကမ္ဘာစစ်အတွင်းက Katherince Briggs နှင့်သမီးဖြစ်သူ Isabel Brigg Meyers တို့ က လူတွေကို ဆန့် ကျင်ဘက်သဘာဝတွေဖြစ်တဲ့ အပြင်ဆွဲ (extraversion) နှင့် အတွင်းဆွဲ (introversion) ၊ စီရင်သူ (judging) နှင့်အစီရင်ခံသူ (percieving) စတာတွေနှင့် အမျိုးအစားခွဲခြားပြခဲ့လို့  Meyers-Briggs Type Indicator ဆိုပြီးပေါ်ပေါက်လာခဲ့ပါတယ်။ Gosling ကတော့ ပွင့်လင်းမှု (openness) ၊ သတိကြီးမှု (conscientiousness) ၊ အပြင်ဆွဲမှု (extraversion) ၊ နားလည်လက်ခံနိုင်မှု (aggreeableness) နှင့် စိတ်ပိုင်းဆိုင်ရာ အစွန်းရောက်မှု (neuroticism) စတာတွေအပေါ် အခြေခံထားပါတယ်။ ရှုပ်ရှုပ်ထွေးထွေး နေတတ်တဲ့သူတွေဟာ အပြင်ဆွဲမှုကိုညွှန်းဆိုသော ရမှတ်များကောင်းပြီး သတိကြီးမှုမှာတော့ ရမှတ်တွေ နည်းနေလေ့ရှိပါတယ်။ ရှင်းလင်းပြီး ဘာမှပြင်ဆင်ထားလေ့မရှိတဲ့ အခန်းပိုင်ရှင်တွေဟာ ပွင့်လင်းမှုပိုင်းမှာ အားနည်းကြပြီး သတိကြီးမှုပိုင်းမှာ အားသာကြပါတယ်။
တကယ်တော့ လူတစ်ယောက်ရဲ့ အကြိုက်ကို ပြောနိုင်ဖို့  ရိုးရှင်းသော နောက်တစ်နည်းကတော့ သူ့ကို
ခင်အောင်ပေါင်းဖို့ ပါပဲ။ ဒါပေမယ့် ဒီလို အကဲခတ်ခွဲခြမ်းစိတ်ဖြာမှု (typologies) တွေကို တဘက်သား မိမိအပေါ် ပိုမိုဂရုစိုက်လာစေမယ့် နည်းလမ်းတစ်ခုအဖြစ် ကျွန်တော်တို့  လက်ခံထားရဆဲပါ။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့  တစ်ဦးချင်းဝိသေသန (individuality) တွေအတွက် တင်းခံနေကြမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို စိတ်အားငယ်တတ်သူလား၊ အတွင်းဆွဲများဖြစ်နေပလား၊ ရှုပ်ပွနေလေ့ရှိတဲ့ အခန်းကို ကိုယ့်ရဲ့  ဆန်းသစ်တီထွင်နိုင်မှုကို ပြတဲ့ သင်္ကေတတစ်ခုအဖြစ် ထားမလားစတာတွေအပေါ် မူတည်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး (personality) ကို သက်တောင့်သက်သာ ခွဲခြမ်းစိတ်ဖြာကြည့်ထားရပါမယ်။ Gosling က ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အချို့သော သူတွေဟာ ကျွန်တော်တို့ ကို အကောင်းဆုံး အခွင့် အလမ်းတွေ ပေးနိုင်သလို အဆိုးဆုံး အန္တရာယ်တွေကို လည်း ပေးနိုင်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဟာ ကိုယ့်ကို ဒုက္ခပေးမလား၊ ကူညီမှာလားဆိုတာကို အလျင်အမြန် ဆုံးဖြတ်နိုင်ဖို့  လိုအပ်ပါတယ်၊ ကျွန်တော်တို့ ဘယ်လိုလူမျိုးဆိုတာ ကျွန်တော်တို့ မျိုှးရိုးကို ရောင်ပြန်ဟပ်နေလို့  ကျွန်တော်တို့ အားလုံးဟာ ကိုယ့် အပေါ် ထင်မြင်သုံးသပ်ချက်တွေကို သိရှိထားချင်ကြတာပါ လို့ ဆိုပါတယ်။ ရှုပ်ထွေးလှတဲ့ ရုံးခန်းပိုင်ရှင် သတင်းထောက်နဲ့  သူ့ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက်ရော ဒီသတင်းထောက်ဟာ ဖွဲ့စည်းစီမံဆောင်ရွက်နိုင်မှု အားနည်းတဲ့ အပြင်ဆွဲ တစ်ယောက်ဆိုတာ သိထားကြတာဟာ အထောက်အကူ ဖြစ်ပါ့မလား။ အထောက်အကူမဖြစ်ဘဲလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ဒီသတင်းထောက်ဟာ သူ့ ကို အတွင်းဆွဲတစ်ယောက်လို့  မထင်မိစေဖို့  နောင်ဆို ဧည့်သည်လာတာနဲ့  ငရုပ်ဆီဘူးကို ၀ှက်ထားသင့်တယ်ဆိုတာ သိသွားရပါပြီ။
( Jennie Yabroff ရဲ့  You are what you keep ကို ဆီလျော်အောင် ပြန်ဆိုထားတာပါ။ Terms တွေကို ဘာသာပြန်ရတာ သိပ်အားမရလှလို့  definitions လေးတွေရှာပြီး ထည့်ပေးလိုက်ပါတယ်။ )
Personality : A set of qualities that make a person (or thing) distinct from another.
Extraversion : the act, state, or habit of being predominantly concerned with and obtaining
gratification from what is outside the self
Introversion : the state of or tendency toward being wholly or predominantly concerned
with and interested in one's own mental life
Neuroticism : A mental or personality disturbance not attributable to any known neurological
or organic dysfunction
Read More...
Sunday, June 22, 2008
Time for Bed!
နှစ်နှစ်ခြိုက်ခြိုက်ပြည့်ပြည့်၀၀ အိပ်မောကျနိုင်ကြပါစေ။
( ပြည်ပရောက်နေတဲ့ မြန်မာတွေအနေနဲ့  Sleeping disorders တွေကို ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိတ်ဆွေထဲမှာပဲဖြစ်ဖြစ် ကြုံဖူးကြမှာပါ။ ဒီပို့စ်လေးကတော့ Newsweek ရဲ့  Time for bed ကို ဆီလျော်အောင် ဘာသာပြန်ပေးလိုက်တာပါ။ ဒီရက်ပိုင်း ကိုယ်တိုင်ပို့ စ်ရေးဖို့  သိပ်စိတ်မပါလို့  စာလိုက်ဖတ်ရင်း သဘောကျတာနဲ့ ဘာသာပြန်လိုက်တာပါ။ အားလုံး နှစ်နှစ်ခြိုက်ခြိုက်ပြည့်ပြည့်၀၀ အိပ်မောကျနိုင်ကြပါစေ။ )
Joel Friedman ပြောတာကတော့ သူ့ မှာ ဆိုးဆိုးရွားရွား ဟောက်တတ်တဲ့ပြဿနာ ရှိတယ်။ သူ့ သူငယ်ချင်းတွေဆိုရင် ခရီးထွက်တဲ့အခါ သူနဲ့ အခန်းတွဲနေဖို့ အမြဲငြင်းကြတယ်တဲ့။ သူ့ ရဲ့ ဟောင်သံကြောင့် မိန်းမခမျာလည်း ညညဆို မကြာခဏနိုးရပါတယ်တဲ့။ တစ်ရက်မှာ ဒီလိုဟောက်နေရင်းကနေ အဟောက်ရပ်သွားတာကို သတိပြုမိလိုက်တဲ့ မိန်းမလုပ်သူက သူအသက်ရှုပါရပ်နေတယ်ဆိုတာကို သတိထားမိသွားတယ်။ တော်တော်လေး စိတ်ပူသွားပြီး ဆရာဝန်ဆီခေါ်သွားပြခဲ့ပါတယ်တဲ့။
ဆရာဝန်ကောက်ချက်ကတော့ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း (Sleep apnea) ပါတဲ့။
ဒါကတော့လွန်ခဲ့တဲ့သုံးနှစ်လောက်က အသက် ၅၃ နှစ်အရွယ် Chicago က copywriter တစ်ယောက်ရဲ့  ဖြစ်ရပ်လေးပါ။ သူကတော့ သူဆရာဝန်မပြခင် နှစ်ပေါင်းများစွာ ဒီရောဂါဝေဒနာကို ခံစားခဲ့တာဖြစ်မယ်လို့  သုံးသပ်ပါတယ်။ ကျွန်တော်ဟာ နေ့ ဆိုအမြဲပင်ပန်းနေတတ်ပြီး ညဆို နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်တော့တာပဲလို့ ဆိုပါတယ်။ ကျွန်တော်လဲ အမြဲတမ်း ရှစ်နာရီလောက်တော့ ပုံမှန်အိပ်လေ့ရှိတော့ ဘာလို့ ပင်ပန်းနေတယ်ဆိုတာကို မသိခဲ့ဘူး၊ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့  ဆီးချိုရောဂါကြောင့်လို့ ပဲ အမြဲထင်ခဲ့တာပါတဲ့။
တကယ်တော့လည်း ဆီးချိုရောဂါဟာ Sleep apnea ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုပါ။ Sleep apnea ဟာ ညအိပ်စဉ် ၁၀ စက္ကန့် ၊ ဒါမှမဟုတ် ဒီထက်ပိုပြီး အသက်ရှုရပ်ရပ်သွားတတ်တဲ့ အခြေအနေတစ်မျိုးပါ။ Freidman ကတော့ သူဒီလိုဖြစ်နေတာကို လုံးဝမသိခဲ့ပါဘူး။ ယောက်ျားအားလုံးရဲ့  ၅% နဲ့ အမျိုးသမီးတော်တော်များများမှာ ဖြစ်တတ်တဲ့ Sleep apnea ဟာ အဖြစ်များတယ်လို့ ပြောနိုင်ပေမယ့် ဝေဒနာရှင်အများစုကတော့ ကိုယ့်ကိုယ်ကို သတိမထားမိကြပါဘူး။ အသက်ရှူရပ်နေပေမယ့် သူတို့ မနိုးကြလို့ ပါ။ ဒါပေမယ့် နေ့ ဘက်မှာတော့ သူတို့ ပင်ပန်းနေကြပါလေရော။ ဒါကြောင့် အိပ်မပျော်တဲ့ လူ့ အသိုင်းအ၀န်းကြီး တစ်နေ့ တစ်ခြား များပြားလာပေမယ့် ရောဂါမရှာဖွေနိုင်တာတို့ ၊ ရောဂါအမည်မှားတပ်တာတို့  ရှိနေရတာပါ။
သန်းပေါင်း ၅၀-၆၀ သော အမေရိကန်တွေကတော့ Sleeping disorders တွေထဲကတစ်ခုဖြစ်တဲ့ အိပ်မပျော်ခြင်းဝေဒနာ (insomnia) ကို နှစ်စဉ်ခံစားနေရပါတယ်။ University of Toronto က သုသေတနပညာရှင်တွေကတော့ ၂၀၅၀ မှာ ဒီအရေအတွက်ဟာ နှစ်ဆတိုးလာမယ်လို့  ဆိုနေပါတယ်။ ဒီအရေအတွက်ထဲက ၂၈သန်းလောက်ဟာ insomnia နဲ့ တွဲပြီး ခြေထောက်အလိုလိုလှုပ်နေတတ်တဲ့ အာရုံကြောဆိုင်ရာ ဝေဒနာတစ်ခုဖြစ်တဲ့ Restless legs syndrome ကိုပါခံစားနေရတယ် (Restless legs syndrome ကြောင့်လည်း အအိပ်ပျက်နေရတာပါ)။ ၁၂သန်းကနေ ၁၅သန်းလောက်ထိကတော့ Sleep apnea နဲ့  တွဲနေတာပါ။ တစ်သိန်းလေးသောင်းသော ဝေဒနာရှင်တွေကတော့ နေ့ ဘက်မှာ ရုတ်တရက် အိပ်ချင်လာတတ်တဲ့ အာရုံကြောပြဿနာတစ်ခုဖြစ်တဲ့ Narcolepsy ကိုပါ ခံစားနေရပါတယ်။ တစ်ခြားသော Parasomnia disorders တွေဖြစ်တဲ့ ညအိပ်စဉ်လမ်းလျှောက်ခြင်း (Sleepwalking)၊ အိပ်မက်ဆိုးများ မက်ခြင်း (Night terrors)၊ အိပ်နေစဉ် အစာထစားခြင်း (Sleep-eating syndrome)၊ အိပ်နေစဉ် ၀ုန်းဒိုင်းထကြဲခြင်း (Sleep violence) စတာတွေကို ကိုယ်တိုင်သတိမထားမိဘဲ ခံစားနေကြရပါတယ်။
“ Sleeping disorders တွေနဲ့  ပက်သက်လာရင် လျှော့လျှော့ပေါ့ပေါ့ ကောက်ချက်ချနေကြတာဟာ အဓိကပြဿနာကြီးတစ်ရပ်ပါပဲ။”
National Center on Sleep Disorders Research ရဲ့  ဒါရိုက်တာဖြစ်တဲ့ Carl Hunt ရဲ့ မှတ်ချက်ပါ။ သူ့ အဆိုအရ ဒီဝေဒနာရှင်တွေရဲ့  ၆၀-၇၀% လောက်ကို ရောဂါအမည်အမှန် မတပ်နိုင်ခဲ့ ပါတဲ့။ ပြဿနာရဲ့  အစိတ်အပိုင်းတစ်ခုက လူတွေကိုယ်တိုင်က အိပ်ခြင်းကို အလေးမထားကြတာပါတဲ့။ Sleep specialists တွေကတော့ ဆေးလောက အသိုင်းအ၀ိုင်းရဲ့ Sleeping disorders တွေအပေါ် Awareness နည်းတာကို ဝေဖန်နေကြပါတယ်။ သူတို့ က ဆေးကုသမှုပါရဂူတွေ အနေနဲ့ Sleeping disorders တွေအပေါ် Awareness ပိုထားကြရလိမ့်မယ်လို့  ဆိုပါတယ်။ The Stanford University Center for Human Sleep Research ရဲ့ ဒါရိုက်တာနဲ့  တွဲဘက်ပါမောက္ခဖြစ်တဲ့ Carl Hunt က ဒီဝေဒနာရှင်တွေဟာ ဆရာဝန်တွေဆီ ရောက်လာကြမယ့် ရောဂါအမှန်ကို မရှာဖွေနိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။
ဝေဒနာရှင်တွေအနေနဲ့ ကလည်း အအိပ်ပျက်နေတာကို ရောဂါတစ်ခုဆိုတာမျိုးအဖြစ် သဘောမပေါက်ကြပါဘူး။ ဒီတော့ ဒါကိုပေါ်လွင်လာအောင် မေးတဲ့အခါမှာ
“ခင်ဗျား ညဘက်အိပ်ဖို့ ကြိုးစားတဲ့အခါမှာ အိပ်လို့ မရတာမျိုး၊ အိပ်ဖို့ ခက်နေတာမျိုးရှိလား..
နေ့ ဘက်မှာကော နိုးနိုးကြားကြားနေနိုင်ဖို့  တော်တော်ကြိုးစားနေရလား..
လိုအပ်သလောက်အိပ်နေလျက်နဲ့  နေ့ တိုင်းနေ့ တိုင်း ပင်ပန်းနေတာမျိုးရှိလား..” စသဖြင့် မေးယူနိုင်ပါတယ်။ ခက်တာက တစ်ချို့ သော ဖြစ်ရပ်တွေမှာ လူနာကိုယ်တိုင်က သူတို့ လုံလုံလောက်လောက် မအိပ်ဘူးဆိုတာကို သဘောမပေါက်နိုင်ကြဘူး။ အရေးကြီးတာတွေပေါ်နေရင် လိုအပ်ချက်အရသော်လည်းကောင်း၊ ကိုယ်တိုင်ရွေးချယ်မှုအရသော်လည်းကောင်း အိပ်ချိန်တွေကို အရင်မောင်းထုတ်ပစ်လိုက်ကြတာပဲ လို့  ဒေါက်တာဟန့် ထ်က ဆက်ပြောပါတယ်။ လူနာတွေက “သေချာတာပေါ့၊ ကျွန်တော် ပင်ပန်းနေတတ်တယ်၊ အိပ်ရေး၀၀ မအိပ်ရဘူးဆိုတာလဲ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒါဟာ ဘ၀ပဲလေ” လို့ ပြောလေ့ရှိပါတယ်တဲ့။
Sleep Disorder Center of St.Boniface Hospital ရဲ့ ဒါရိုက်တာဖြစ်ပြီး Principles and Practice of Sleep Medicine ရဲ့ coauthor တစ်ဦးဖြစ်တဲ့ Dr. Meir Kryger ကလည်း မကြာခင်က လူနာတစ်ယောက်ကို တွေ့ ခဲ့ရတယ်တဲ့။ နှစ်ပေါင်းများစွာမှာ ပျမ်းမျှအိပ်ချိန် တစ်ညကို ၅ နာရီတောင်မရှိဘူး။ အနှစ် ၂၀ ကျော် သူနာပြုလုပ်လာတဲ့ ဒီအမျိုးသမီးဟာ သူနဲ့ တွေ့ တဲ့အချိန်မှာ လူနာတွေအနားမှာ နိုးနိုးကြားကြားမနေနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်နေပါပြီ။ ဒီအမျိုးသမီးအနေနဲ့  နှစ်ပေါင်းများစွာ လေးငါးနာရီစီလောက်ပဲ အိပ်ပြီး နောက်နေ့ မှာ အလုပ်မလုပ်နိုင်ဖြစ်ဖြစ်နေတဲ့ အခြေအနေမျိုးကို ဆိုးရွားသထက် ဆိုးရွားစွာ ခံစားလာရသော်လည်း ဆရာဝန်ကို မပြဘဲနေလာတာ သူတော်တော်အံသြရတယ်လို့  ဆိုပါတယ်။
သုသေတနပညာရှင်များအဆိုအရ အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်ညကို အနည်းဆုံး (၇) နာရီကနေ (၈) နာရီတော့ အိပ်သင့်တယ်လို့  ဆိုပါတယ်။ ကလေးတွေမှာ ပိုတောင်လိုအပ်ပါတယ်။ 2002 poll by the National Sleep Foundation ကတော့ အမေရိကန် အရွယ်ရောက်ပြီးသူတွေရဲ့  (၇၀%) ရဲ့ ညအိပ်ချိန် ဟာ (၈) နာရီအောက် နည်းပြီး (၄၀%) က (၇) နာရီအောက်နည်းတယ် ဆိုတာ တွေ့ ရှိခဲ့ရပါတယ်။ Responders တွေရဲ့ သုံးပုံတစ်ပုံမှာ ရဲ့ လက္ခဏာတွေကို တွေ့ ရတယ်လို့ ဆိုပါတယ်။ National Center on Sleep Disorders Research ကလည်း ယူအက်စ်မှာ လူဦးရေသန်းပေါင်း (၇၀) လောက်ဟာ Sleep problems တွေကိုခံစားနေရပြီး သန်းပေါင်း (၃၀) လောက်ကတော့ ညအိပ်ချိန်မလုံလောက်မှုကြောင့် နေ့ ဘက်အလွန်အမင်းအိပ်ချင်မှုတွေကို ခံစားနေရတယ်လို့  ဆိုပါတယ်။
ဒေါက်တာဟန့် ထ်နဲ့  သုတေသနပညာရှင်တွေကတော့ နေ့ ညမရွေး အွန်လိုင်းမှာ ဈေးဝယ်နိုင်၊ ထွေရာလေးပါးလျှောက်ကြည့်နိုင်၊ မေးလ်တွေပို့ နိုင်အောင် ဖန်းတီးပေးထားတဲ့ အင်တာနက်ဟာလည်း ဒါတွေရဲ့  အကြောင်းရင်းတစ်ခုလို့  ဆိုပါတယ်။ New York University က Medical director တစ်ဦးဖြစ်တဲ့ Dr. David M. Rapoport ကလည်း ကျွန်တော်တို့ ဟာ အိပ်ရေးအင်မတန်ပျက်တဲ့ လူ့ အသိုင်းအ၀ိုင်းတစ်ခု ဖြစ်လာပြီ လို့ ဆိုပါတယ်။
ဒါဟာ ပုဂ္ဂိုလ်တစ်ဦးချင်းကိစ္စ မဟုတ်တော့ဘဲ လူထုကျန်းမာရေးကိစ္စတစ်ခု ဖြစ်လာပါပြီ။ Columbia University’s Mailman School of Public Health and Obesity Research Center က သုတေသနပညာရှင်တွေကလည်း အအိပ်နည်းလေ၊ ၀လာနိုင်လေလို့  ဆိုပါတယ်။ အသက် (၃၂)နှင့် (၅၉)ကြားပုဂ္ဂိုလ်များကို သုသေတနပြုရာမှာ တစ်ညကို (၄)အောက် နည်းပြီး အိပ်တဲ့သူတွေဟာ တစ်ည (၇-၉) နာရီလောက် အိပ်တဲ့သူတွေထက် (၇၅%) ပိုဝနိုင်တယ်ဆိုတာ တွေ့ ရှိခဲ့ပါတယ်။ အိပ်ချိန်နည်းတာဟာ အစာစားလိုမှုကို လျှော့ချပေးတဲ့ ဟော်မုန်းတွေကို လျော့ထွက်စေတယ်လို့  ယုံကြည်လာကြပါတယ်။ ဒါကြောင့် အအိပ်ပျက်သူတွေဟာ တစ်နေ့ ကို ကယ်လိုရီ ၁၀၀၀ ကျော်လောက် စားလာကြတယ်။ အအိပ်နည်းခြင်းဟာ သွေးထဲက သကြားဓါတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ကိုပါ အထွက်နည်းစေတယ်လို့ ဆိုပါတယ်။
အအိပ်ပျက်လာတာကို ကျန်းမာရေးချို့ ယွင်းမှုတစ်ခုအနေနဲ့  အသိစိတ်နည်းနေသေးတယ်လို့  University of Illinois Medical Center in Chicago ရဲ့ Medical Director တစ်ဦးဖြစ်တဲ့ Dr. James Herdegen က ဆိုပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆိုရင် အိပ်တဲ့အကြောင်းကို ဘယ်သူမှပြောမနေကြဘူး၊ ဒါဟာ အခုမှ ဖွံ့ ဖြိုးလာတဲ့ နယ်ပယ်တစ်ခုပါ လို့ လဲ ဆိုပါတယ်။
ညအထိ အိမ်အပြင်မှာ နေကြရသူတွေအနေနဲ့  အိပ်ရေးပျက်ခြင်းဟာ နောက်နေ့ လုပ်ငန်းတွေမှာ အာရုံစူးစိုက်နိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းတွေ ကျဆင်းစေတာ သိရပါမယ်။ အိပ်ရေးပျက်ခြင်းကြောင့် မှတ်ဥာဏ်တွေ၊ စိတ်အာရုံတည်ငြိမ်မှုတွေ၊ သင်ယူမှုတွေ၊ ကိုယ်ခံစွမ်းအားတွေပါ ထိခိုက်စေတယ်လို့  သုတေသနတွေက ဖော်ထုတ်ထားပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ စိတ်ကျရောဂါတွေနဲ့ လည်း ဆက်စပ်နေပါတယ်။ ဒေါက်တာဟန့်ထ်က ကောင်းကောင်းမွန်မွန်အိပ်ပျော်တဲ့ ညတစ်ညဟာ ဘာနဲ့ မှ အစားမထိုးနိုင်ဘူး၊ အိပ်ခြင်းဟာ တို့ တို့ လိုပဲ အထွေထွေကျန်းမာရေးအတွက် အရေးကြီးတယ်လို့  ဆိုပါတယ်။
အအိပ်ပျက်ခြင်းရဲ့ တစ်ခြားသော အန္တရာယ်တွေလဲ ရှိပါသေးတယ်။ တစ်နှစ်မှာ ယာဉ်တိုက်မှုပေါင်း တစ်သိန်းခန့် ဟာ အအိပ်ပျက်ပြဿနာနဲ့  ပက်သက်နေပါတယ်။ Sleep-related problems တွေ (ဆေးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအ၀င်) အတွက် အစိုးရဟာ ဒေါ်လာ (၁၆) ဘီလီယံလောက် ကုန်ကျနေရသလို ပြည်သူဘက်ကလည်း ဒေါ်လာ (၈၄) သန်းလောက် နှစ်စဉ်သုံးစွဲနေရတယ်လို့ သုသေတနတစ်ခုက ဆိုပါတယ်။ ဒါပေမယ့် တစ်နေ့ တစ်ခြားဝလာ၊ အသက်ကြီးလာတဲ့ လူထုအတွက်တော့ Sleeping disorders တွေကိုကြုံနေရဆဲပါ။
ဒေါက်တာဟန့်ထ်ကတော့ ပိုမိုအလေးထားမှု၊ ပိုမိုကောင်းမွန်တဲ့ကုသမှုနည်းလမ်းတွေနဲ့ ကျော်လွှားနိုင်မယ်လို့  ယုံကြည်နေပါတယ်။ ဝေဒနာရှင်တွေအတွက် သတင်းကောင်းကတော့ ထိရောက်တဲ့ ကုထုံးတွေပေါ်ထွက်နေပြီ ဆိုတာပါပဲ။ Sonata, Ambien အစရှိတဲ့ ရေတိုသုံးအိပ်ဆေးတွေဟာ ယခင်ဆေးများလို addictive မဖြစ်ဘဲ side effects တွေလဲ နည်းလာပါတယ်။ ရေရှည်ကုသမှုတွေအတွက်လည်း Lunesta ဆိုတဲ့ဆေးတစ်မျိုးကို FDA က မကြာသေးခင်က အသိအမှတ်ပြုပေးလိုက်ပါပြီ။ စမ်းသပ်ဆဲဆေးဝါးတွေလည်း အများကြီးပါ။ Sanofi-Aventis , Merck, Pfizer စတဲ့ကုမ္မဏီတွေက ပိုမိုကောင်းမွန်တဲ့ ဆေးအတွက်စမ်းသပ်နေပါတယ်။ ဆေးဝါးကုထုံးတွေသာ မကပါဘူး။ Bilevel Positive Air Pressure (Bi-PAP), Continuous Positive Air Pressure (CPAP) စတဲ့ စက်တွေနဲ့ ကိုကုသပါတယ်။ ပိုမိုအခြေအနေဆိုးတဲ့ မျိုးဆိုရင် ခွဲစိတ်မှုတောင် လုပ်ရတယ်။ CPAP ကြောင့် ကနဦးမှာ ဖေါ်ပြခဲ့တဲ့ Friedman ကို ကြီးမားမြန်ဆန်တဲ့ ပြောင်းလဲမှုကြီး ဖြစ်စေခဲ့တာပေါ့။ သူဘ၀ပြောင်းလဲသွားရပါတယ်လို့ သူကပြောပါတယ်။ ခရီးသွားရင်တောင် ဒီစက်မပါဘဲ သူမအိပ်တော့ဘူး လို့ ပြောပါတယ်။ သူ့ သွေးထဲက သကြားဓါတ်ကိုလည်း ထိန်းချုပ်နိုင်ပြီလို့  ဆိုပါတယ်။
နာတာရှည် အိပ်မပျော်ခြင်း အတွက် ဆိုတဲ့ လူနာရဲ့ အိပ်ခြင်းနဲ့ပတ်သက်တဲ့ အတွေးတွေ၊ အပြုအမူတွေကို ပြောင်းလဲပေးတဲ့ Cognitive Behavior Therapy (CBT) နည်းလမ်းကို သုံးလာကြပါတယ်။ ဟားဘတ်က ဦးဆောင်တဲ့ လေ့လာမှုတစ်ခုကလည်း CBT ဟာ Sleeping pills တွေထက် လူနာများကို သိသိသာသာ ရလဒ်ကောင်းများပေးကြောင်း ကောက်ချက်ချထားပါတယ်။
သာမာန် အိပ်မပျော်သူတွေအတွက်တော့ အိပ်ရာပုံမှန်ဝင်ခြင်း၊ အိပ်ရာမ၀င်ခင် တရားထိုင်ခြင်း၊ ရေနွေးပူစိမ်ခြင်း၊ ညပိုင်းမှာ လေ့ကျင့်ခန်းတွေ၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ခြင်းစတဲ့ အလေ့အကျင့်ကောင်းလေးတွေကနေ သိသိသာသာ အကျိုးရှိနိုင်ပါတယ်။ အရေးကြီးဆုံးက အိပ်ခြင်းကို ပထမဦးစားပေးကြဖို့ ပါပဲ။
Read More...
Friday, June 20, 2008
Medical Jokes (2)
Medical Record Blunders
ဒုတိယဆရာဝန်ရဲ့ စေ့စပ်မှုအပေါ် မူတည်ပြီး စမ်းသပ်မှုတွေကို အသေးစိတ်ပြန်လုပ်မှာဖြစ်ပေမယ့် တော်တော်များများ အချက်အလက်တွေကတော့ ပထမဆရာဝန်ရဲ့ တွေ့ ရှိချက်တွေအတိုင်း လက်ခံလိုက်ကြတာပါ.. ဆိုလိုတာကတော့ အရေးကြီးတယ်ဆိုတာပါ.. အခုပို့ စ်ကတော့ Medical Joke Websites တွေထဲက ကောင်းနိုးရာရာလေးတွေပါ.. ဆေးမှတ်တမ်းတွေရေးကြတဲ့အခါမှာ တွေ့ ရတဲ့ Language အလွဲ၊ Idea အလွဲလေးတွေပေါ့.. ကျွန်တော်တို့ နိုင်ငံမှာလည်း English လိုပဲ မှတ်တမ်းတွေရေးတဲ့အတွက် ဒီအလွဲလေးတွေကို ကြုံရလေ့ရှိပါတယ်.. ကိုယ်တွေ့ အလွဲလေးတွေကတော့ နောက်မှပေါ့ဗျာ.. အလွဲလေးတွေဆိုပေမယ့် အလွဲကြီးတွေဖြစ်သွားနိုင်တဲ့အတွက် ဆရာဝန်တိုင်းကတော့ ဒီအမှားတွေကို ရှုံ့ ချလေ့ရှိကြပါတယ်.. ခေါင်းစဉ်က blunders ဆိုတဲ့ အသုံးအနှုန်းကိုကြည့်ပြီး ခန့် မှန်းနိုင်မှာပါ.. အားလုံးပျော်ရွှင်နိုင်ပါစေ..
She stated that she had been constipated for most of her life until 1989 when she got a divorce.
လူနာဝမ်းချုပ်တာဟာ ကွဲသွားတဲ့ အိမ်ထောင်ကြောင့်လို့  ကောက်ချက်ချရမလိုလို.. (လူနာပြောသမျှလိုက်ရေးမိတဲ့ အလွဲပါ)
The patient was in his usual state of good health until his airplane ran out of gas and crashed.
ဒါတော့သူပြောမှလား.. (လေယာဉ်မပျက်ကျခင်အထိ ဘာရောဂါမှ မဖြစ်ဖူးတာကိုပြောချင်တာပါ)
The lab test indicated abnormal lover function.
ဘယ်လိုများစမ်းလိုက်ပါလိမ့်.. (အသည်း liver ကို ပြောချင်တာပါ)
The baby was delivered, the cord clamped and cut, and handed to the pediatrician, who breathed and cried immediately.
ကလေးက ကလေးအထူးကုကြီးကို ဘာသွားလုပ်လိုက်ပါလိမ့်… (ကလေးချက်ချင်း ငိုတယ်၊ အသက်ရှုတယ်ဆိုတာပြောချင်တာပါ)
Exam of genitalia reveals that he is circus sized.
နည်းနည်းနောနော မဟုတ်ပါလား.. ( circumsized ကိုပြောချင်တာပါ)
Bleeding started in the rectal area and continued all the way to Los Angeles.
ရေကာတာကျိုးသလိုများလား… (သွေးထွက်တာက နည်းနည်း၊ နည်းနည်းစိမ့်ထွက်နေပြီး လမ်းတလျှောက်လုံးထွက်လာတာကို ပြောချင်တာပါ)
She is numb from her toes down.
ခြေချောင်းရဲ့ အောက်မှာ ဘာများရှိသေးပါလိမ့်.. ( ၀ါကျအလွဲပါ)
The patient suffers from occasional, constant, infrequent headaches.
ဘယ်လိုနားလည်ရမှာလဲ... ( nonsense ရေးထားတာပေါ်လွင်နေပါတယ်)
By the time he was admitted, his rapid heart had stopped, and he was feeling better.
နှလုံးခုန်ရပ်ပြီး ကောင်းသွားတယ် ဆိုပါလား.. (နှလုံးခုန်မြန်နေတာ ရပ်သွားတယ်လို့ ပြောချင်ပုံပါ)
Patient has chest pain if she lies on her left side for over a year.
တစ်နှစ်ကျော်လောက်လှဲနေမှတော့ မနာဘဲနေမလား.. (ဘယ်ဘက်ကိုလှဲတိုင်းနာနေတာ တစ်နှစ်ကျော်လောက်ရှိပြီလို့ ပြောချင်တာပါ)
On the second day the knee was better and on the third day it had completely disappeared.
တတိယနေ့ မှာ ခြေထောက်ဖြတ်လိုက်ရတာလား.. (နာနေတာပျောက်သွားတာကို ပြောချင်ပုံပါ)
The patient has depressed ever since she began seeing me in 1983.
သြော်..လက်စသတ်တော့ သူက တရားခံကိုး.. ( အသုံးအနှုန်းအလွဲပါ)
Patient has left his white blood cells at another hospital.
သွေးဖြူဥတွေ ဘယ်လိုများကျန်ခဲ့ပါလိမ့်… (သွေးအဖြေတွေကျန်ခဲ့တာ ဖြစ်မှာပါ)
The patient’s past medical history has been remarkably insignificant, with only a forty-pound weight gain in the past three days.
ပေါင်လေးဆယ် သုံးရက်အတွင်းတိုးလာတာကို remarkably insignificant ဆိုတော့လည်း.. (ရေးရိုးရေးစဉ် ရေးသားမှုတွေရဲ့ လွှမ်းမိုးမှုကြောင့်ပါ)
Read More...
Thursday, June 12, 2008
Medical Jokes (1)
ပေါ့ပေါ့ပါးပါးလေး ဖြစ်သွားစေမယ့် ဟာသလေးတွေပါ.. ဘာသာပြန်ကြည့်ပါသေးတယ်.. ပေါ့ရွှတ်ရွှတ်ဖြစ်သွားလို့  ဒီအတိုင်းပဲ တင်ပေးလိုက်တာပါ့.. Medical Joke websites တွေကပါ..
အ၀တ်အစားဆိုတာ ကြေမွနေရင် မီးပူတိုက်ရမှာပေါ့..
An old woman went to visit her daughter and she found her naked, waiting for her husband. The mother asks the daughter: "What are you doing naked?" The daughter responds: "This is the dress of love." When the mother returns home, she strips naked and waits for her husband. When her husband arrives, he asks her: "What are you doing naked, woman?" She responds: "This is the dress of love." And he said to her, "Well, go iron it first."
အတိုကောက်အရေးကောင်းပုံများ..
A woman in Arkansas brought her baby in to see the doctor, and he determined right away the baby had an ear ache.
He wrote a prescription for ear drops. In the directions he wrote, "Put two drops in right ear every four hours" and he abbreviated "right" as an R with a circle around it.
Several days passed, and the woman returned with her baby, complaining that the baby still had an earache, and his little behind was getting really greasy with all those drops of oil.
The doctor looked at the bottle of ear drops and sure enough, the pharmacist had typed the following instructions on the label: "Put two drops in R ear every four hours."
သြော်.. လက်စသတ်တော့ သူနာနေတာ လက်ကိုး..
A man goes to the doctor and says to the doctor:
"It hurts when I press here" (pressing his side)
"And when I press here" (pressing the other side)
"And here" (his leg)
"And here, here and here" (his other leg, and both arms)
So the doctor examined him all over and finally discovered what was wrong... "You've got a broken finger!
ဆုံးရှုံးလိုက်ပုံများ..
A streetwalker was visiting her doctor for a regular check-up. "Any
specific problems you should tell me about?" the doctor asked.
"Well, I have noticed lately that if I get even the tiniest cut, it seems
to bleed for hours," she replied. "Do you think I might be a
hemophiliac?"
"Well," the doctor answered, "hemophilia is a genetic disorder and it is
more often found in men, but it is possible for a woman to be a
hemophiliac. Tell me, how much do you lose when you have your
period?" the doctor inquired.
After calculating for a moment the hooker replied, "Oh, about seven or
eight hundred dollars, I guess."
Read More...
Tuesday, June 10, 2008
Is Executive Function the New IQ?
Why the ability to resist distraction, a skill scientists call "executive function," may be more important to academic success than traditional measures of intelligence.
Wray Herbert
Editor-in-chief of Psychology Today
Newsweek Web Exclusive
အတော်များများ တွေ့ ဖူးကြမှာပါ။ စာသင်ခုံကိုမြဲအောင်မထိုင်နိုင်၊ကိုယ့်အလှည့်မဟုတ်ဘဲ ၀င်ဝင်ပြောတတ်တဲ့၊ အမြဲဂနာမငြိမ်ဖြစ်နေတတ်တဲ့ ကလေးတစ်ယောက်တစ်လေကိုပေါ့။ သူတို့ ရဲ့  ကျောပိုးအိတ်တွေမှာတော့ ကျောင်းကစာရွက်စာတမ်းတွေကို လုံးထွေးထည့်ထားလေ့ရှိပြီးတော့ အိမ်စာဘာပေးလိုက်လဲဆိုတာ တစ်ခြားကလေးတွေကို ပြန်ပြန်မေးရလေ့ရှိတဲ့ ကလေးမျိုးတွေပေါ့။ ဒီကလေးတိုင်းဟာ ကလေးဆိုးတွေ မဟုတ်ကြပေမယ့် သူတို့ ဟာ မိမိကိုယ်ကိုထိန်းကျောင်းနိုင်မှု၊ လျှပ်တပြက်ခံစားမှုတွေကို ထိန်းချူပ်နိုင်မှု၊ မိမိအလုပ်အပေါ် အာရုံစိုက်နိုင်မှု အားနည်းကြပုံပါပဲ။ ဒီတော့ ဒီလိုကလေးအများစုဟာ ကျောင်းသားဆိုးလေးတွေ ဖြစ်လာကြတာမဆန်းပါဘူး။
ဒီကလေးမျိုးတွေဟာ စာသင်နှစ်တွေတစ်လျှောက် ခေါင်းစဉ်အမျိုးမျိုးအတပ်ခံရတော့တာပါပဲ။
ပုန်ကန်တတ်သူ၊ အပြုအမူ မူမမှန်သူ၊ ညံ့ဖျင်းသူ စသဖြင့်ပေါ့။ စိတ်ပညာနဲ့  ဦးနှောက်ပိုင်းဆိုင်ရာ ပညာရပ်တွေမှာ နောက်ဆုံးတွေ့ ရှိချက်တွေကတော့ ကလေးတစ်ယောက်ရဲ့  အာရုံစူးစိုက်နိုင်စွမ်းနဲ့  ပတ်ဝန်းကျင် ဆွဲဆောင်မှုတွေကို တွန်းလှန်နိုင်စွမ်းတွေဟာ မူကြိုကျောင်းမှစပြီး ပညာသင်ကြားမှု တစ်လျှောက်မှာ အရေးပါတဲ့ သင်ယူမှတ်မိနိုင်စွမ်းရဲ့ အခြေခံ (Fundamental cognitive skills) တွေပဲလို့  ဆိုပါတယ်။ တကယ်တော့ ဒီစွမ်းရည်တွေဟာ ကလေးတစ်ယောက်ရဲ့  ကျောင်းတွင်းစွမ်းဆောင်မှုကို တိုင်းတာခန့် မှန်းရာမှာ သမားရိုးကျအိုင်ကျူ (Traditional IQ) ထက် ပိုပြီးအရေးကြီးပါတယ်။
ပညာရပ်ဆိုင်ရာဝေါဟာရအရတော့ ဒီစွမ်းရည်တွေကို Executive function (EF) လို့ ခေါ်ပါတယ်။ ကျောင်းသားရဲ့  အရည်အချင်းကို ဆန်းစစ်ရာမှာ သမားရိုးကျနည်းလမ်းတွေကို တဖြည်းဖြည်းချင်း အစားထိုးလာနိုင်မယ့် အယူအဆတစ်ရပ်ပါ။ အီးအက်ဖ် (EF) ဟာ ထိန်းချုပ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းတွေတင် မကပါဘူး။ လိုအပ်တဲ့ အချက်အလက်တွေကို မှတ်မိနိုင်စွမ်း (Working memory) နဲ့  လက်တွေ့ ကျကျ တွေးခေါ်နိုင်စွမ်းတွေ (Mental flexibility) ပါ အကျုံးဝင်နေပါတယ်။ နောက်ဆုံးသုသေတနတစ်ခုကတော့ သဒ္ဒါ၊ သချာင်္ စတဲ့အခြေခံဘာသာရပ်တွေမှာ အီးအက်ဖ်ဟာ အိုင်ကျူထက် ပိုပြီး အရေးပါတာ တွေ့ လာပါတယ်။ ကြွက်သားလှုပ်ရှားရတဲ့ ပုံမှန်လေ့ကျင့်ခန်းတွေကနေ အီးအက်ဖ်စွမ်းရည်တွေကို တိုးပွားလာစေတယ်လို့ လည်း ဆိုပါတယ်။
ဗြိတိန်ကိုလံဘီယာတက္ကသိုလ်မှ စိတ္တဗေဒပညာရှင် အက်ဒီလ်ဒိုင်းမန်းကတော့ စာသင်ခန်းထဲမှာ ဒီအီးအက်ဖ်အယူအဆကို စမ်းသပ်ကြည့်ရာမှာ ဆွေးနွေးစရာရလဒ်တွေ ရလာခဲ့ပါတယ်။ ပြီးခဲ့တဲ့သုတေသနတစ်ခုမှာ ဒိုင်းမန်းဟာ အမေရိကန်အရှေ့ မြောက်ဘက်က ခရိုင်ကျောင်းတစ်ခုမှာ မူကြိုကလေးတွေနဲ့  စတင်စမ်းသပ်သုတေသန ပြုပါတယ်။ တစ်ဝက်တိတိသော အတန်းတွေကို သမားရိုးကျသင်ရိုးနဲ့  သင်ပြီးတော့ တစ်ဝက်ကိုတော့ အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်းဖြစ်တဲ့ အီးအက်ဖ်ကို လှုံ့  ဆော်မယ့် သီးသန့် ဒီဇိုင်းထုတ်ထားတဲ့ သင်ရိုးနဲ့ ပါ။
အီးအက်ဖ်သင်ရိုးမှာ သင်ခန်းစာပုံစံအမျိုးမျိုးပါပါတယ်။ ဒါတွေကတော့ အမြည်းအနေနဲ့  တစ်ချို့  သင်ခန်းစာလေးတွေပေါ့။ စာသင်ခန်းကို ငြိမ်အောင်ထားမယ့်အစား ကလေးတွေကို ကိုယ့်ဘာသာကိုယ် စကားပြောနေလေ့ရှိအောင် သင်ပေး၊ အားပေးထားတယ်။ လေ့ကျင့်ချင်းတစ်ခုမှာတော့ ဆရာမက စက်ဝိုင်းပုံလေးကို မြှောက်လိုက်ရင် ကလေးတွေက လက်ခုပ်တီးကြရတယ်။ တြိဂံဆိုရင် ခုန်ကြရတယ်။ ဒီလိုနည်းနဲ့ ကလေးတွေဟာ ဆရာမကို ကြည့်ရင်း စိတ်ထဲက (ကဲ..အခုလက်ခုပ်တီးမယ်..အခုခုန်မယ်.. စသဖြင့် ) ဂီယာတွေ လိုက်ချိန်းနေကြရတယ်။ နှုတ်ကလဲ လိုက်ရွတ်နေကြတယ်။ လှုပ်ရှားမှုအသစ်တစ်ခုအတွက် ပထမတစ်ခုကို ချိုးနှိမ်ရတယ်။ တဖြည်းဖြည်းချင်းနှုတ်က ရွတ်နေစရာမလိုတော့ဘဲ စိတ်ထဲမှပင် ထိန်းချုပ်လှုပ်ရှားလာနိုင်တယ်။
နောက်သင်ခန်းစာတစ်ခုကတော့ ကလေးတွေကို တစ်ယောက်တစ်လှည့် ပုံပြောခိုင်းတာပါ။ ကလေးဟာ ကလေးပဲ ဖြစ်တဲ့အတွက် သူတို့ အချင်းချင်းထဲမှာ သူတို့ ဟာ ပုံပြောသူပဲ ဖြစ်ချင်ကြပါတယ်။ ဘယ်သူမှထိုင်ပြီး နားထောင်နေရုံ မနေချင်ကြပါဘူး။ တကယ်တော့ တစ်ကြိမ်မှာ တစ်ယောက်ပဲ ပုံပြောနိုင်မှာဖြစ်လို့  နောက်ပြောရမယ့် သူတွေက နားရွက်ပုံလေးကို ကိုင်ရင်း သူတို့ ဟာ ကိုယ်ပြောဖို့  အလှည့်ကို စောင့်ရင်း နားထောင်နေရတာပါလား ဆိုတာကို သဘောပေါက်စေတယ်။ ဒီလိုနည်းနဲ့ သူတို့  ဟာ ကလေးသဘာဝစိတ်ရင်းဖြစ်တဲ့ အလှည့်မရောက်သေးဘဲ ပြောချင်စိတ်ကို ထိန်းချုပ်နိုင်ကြတယ်။ တဖြည်းဖြည်းချင်း နားရွက်ပုံကို ပြနေစရာမလိုတော့ဘဲ သူတို့ ကိုယ်တိုင် သဘောပေါက်လာကြတယ်။
သရုပ်ဆောင်ကစားနည်းလေးတွေကလည်း ကလေးတွေရဲ အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်းအီးအက်ဖ် တိုးတက်ဖို့  တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။ ၄၊၅ နှစ်အရွယ်လောက်ပဲ ရှိကြသေးတဲ့ မူကြိုကလေးတွေဟာ သူတို့ ကစားမယ့် ဇာတ်လမ်းကို သူတို့ ကိုယ်တိုင် ဖန်တီးကြတာပါ။ ကဲ..ကစားကြမယ်..မင်းကငါ့မာမီလုပ်.. ငါကမင်းရဲ့ ကလေးပေါ့.. ငါကဖျားမယ်.. မင်းကအမေဆိုတော့ ငါ့ကိုဆရာဝန်ဆီ ခေါ်သွား.. စသဖြင့် စီမံပြီး သူတို့ ကစားကြတယ်။ ဒီလိုသရုပ်ဆောင်ကြရင်း ကြုံလာတဲ့ ပြဿနာလေးတွေကိုလည်း ဖြေရှင်းသွားကြတယ်။ ဒါမျိုးလေးတွေကို ကစားစေတဲ့ ရည်ရွယ်ချက်ကတော့ ဒီကစားနည်းလေးတွေဟာ ကလေးတွေရဲ့ စိတ်ထဲကို လိုက်နာရမယ့်စည်းမျဉ်းလေးတွေ၊ မျှော်လင့်ချက်လေးတွေကို သွတ်သွင်းပေးတဲ့အပြင် မိမိအခန်းကဏ္ဍအတွက် စိတ်နှစ်ဆောင်ရွက်တတ်တဲ့ အလေ့အထတွေရရှိဖို့ ပါ။ အရေးကြီးတာက ဒါမျိုးလေ့ကျင့်ခန်းတွေကို သီးသန့် သင်ကြားမှုအနေနဲ့  မဟုတ်ဘဲ ကလေးတွေရဲ့ တနေ့ တာ လုပ်ဆောင်မှုတွေတိုင်းမှာ ပါဝင်နေအောင် လုပ်ပေးထားဖို့ ပါပဲ။
ဒါဟာ ရှင်းလင်းလွယ်ကူအောင်လုပ်ထားတဲ့ သင်ရိုးတစ်ခုဖြစ်ပြီးတော့ ကလေးတွေရဲ့  ဦးနှောက်ဖွံဖြိုးမှုဆိုင်ရာ စနစ်တကျ သုတေသနပြုချက်များအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ အများလက်ခံဖို့  နှစ်အတော်များများတော့ အချိန်ယူလိုက်ရတယ်။ ဒီသင်ရိုးထဲကလေ့ကျင့်ခန်းတွေဟာ သိပ်ပြီးလေးလေးနက်နက် မရှိလှဘူး.. ကလေးတွေကို ခက်ခဲတဲ့သင်ခန်းစာတွေမသင်ချင်အောင် ဆွဲဆောင်နေတယ်..လို့ လဲတချို့ က ယူဆကြတယ်။ ဒါပေမယ့် ဒိုင်းမန်းရဲ့ ရလဒ်တွေကတော့ အဲဒီလို မပြနေပါဘူး။ ချီကာဂိုစိတ္တဗေဒအဖွဲ့ အစည်း (The Association for Psychological Science in Chicargo) ကို သူမ တင်ပြခဲ့ တာကတော့ သမားရိုးကျစာသင်ခန်းတွေရော၊ သုသေတနပြုစာသင်ခန်းမှာပါ နှစ်နှစ်ကြာပြီးနောက်မှာ အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်းအီးအက်ဖ်စစ်ဆေးမှု (EF Tests) များစစ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးမှုတွေမှာ အင်မတန်ခက်ခဲတဲ့ သင်ကြားမှတ်ယူနိုင်စွမ်းစစ်ဆေးမှုတွေ ပါပါတယ်။ စစ်ဆေးမှုတစ်ခုစီတိုင်းမှာ သုသေတနပြုစာသင်ခန်းများမှ ကလေးများက သာလွန်ကောင်းမွန်စွာ ဖြေဆိုသွားနိုင်တယ်လို့  ဆိုပါတယ်။ တကယ်တော့ ပထမတစ်နှစ်အတွင်းမှာတင် သုတေသနပြုအတန်းတွေနဲ့  သမားရိုးကျအတန်းတွေ ကြားမှာ သိပ်ကိုကွာခြားနေတဲ့အတွက် အချို့  သောကျောင်းအာဏာပိုင်များက သုသေတနတန်းတွေကို ဖြုတ်ပြီး ကလေးအားလုံးကို ဒီလေ့ကျင့်မှုတွေရဲ့  ရလဒ်ကောင်းတွေကို ခံစားနိုင်စေဖို့ တောင် ကြိုးစားခဲ့ကြပါတယ်။
ဒါတင်မကပါဘူး။ ပန်စူဗေးနီးယားပြည်နယ်တက္ကသိုလ်မှ စိတ္တဗေဒပညာရှင် ကလန်စီဘလဲကည်း အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်း (အီးအက်ဖ်)ကောင်းတဲ့ မူကြိုကလေးတွေဟာ သာမာန်ကလေးတွေထက် သချာင်္ လို ဘာသာရပ်တွေမှာ ပိုတော်ကြောင်း သက်သေပြခဲ့ပါတယ်။ တနည်းအားဖြင့် ဒီလိုလူကြီးလုပ်တမ်းကစားနည်းလေးတွေ၊ မှတ်ဥာဏ်အသုံးချကစားနည်းလေးတွေကို စောစောစီးစီး ထိတွေ့ ရတဲ့ ကလေးတွေဟာ နောင်ကျောင်းတွင်းပညာသင်ကြားမှုတွေမှာ အောင်အောင်မြင်မြင်ဖြစ်လာကြတယ်လို့  ဆိုပါတယ်။
ကလေးတွေတော်တော်များများဟာ အခြေခံပညာကျောင်းတွေမှာတင် အထုတ်ခံနေကြရပါတယ်။ ဒီအာရုံစိုက်ဆောင်ရွက်နိုင်စွမ်း (အီးအက်ဖ်)ဟာ စီပွားရေးကျပ်တည်းတဲ့ ပတ်ဝန်းကျင်က ကလေးတွေမှာ ဆိုးဆိုးရွားရွားကို အားနည်းကြတာတွေ့ ရပါတယ်။ အမေရိကန်မှာ လူဖြူကလေးတွေနဲ့  အမေရိကန်-အာဖ၇ိကန်ကလေးတွေကြားမှာ အခြေခံပညာသင်ယူရန် အရည်အသွေး (School readiness) ကွာခြားနေတာတွေရဲ့ တ၀က်လောက်ဟာ အီးအက်ဖ်ကွာခြားမှုတွေကြောင့်ဆိုတာ ပေါ်လွင်လာခဲ့ပါတယ်။
စာရေးသူရေးဟားဘားဒ်က ဒီလိုကလေးတွေကို ကူညီမယ်ဆိုတဲ့ ၂၀၀၁ မည်သည့်ကလေးမှချန်မထားရေး (No Child Left Behind Act) ဖက်ဒရယ်အက်ရဲ့  အရည်အချင်းစစ်ဆေးမှုဆိုင်ရာကိုတော့ ဝေဖန်လိုပုံရပါတယ်။ ကလေးတွေရဲ့  အခြေခံဦးနှောက်ပိုင်းရာ စွမ်းဆောင်နိုင်စွမ်းတွေကို မျက်ကွယ်ပြုရင် ကလေးတွေကို ပိုမိုပျက်စီးစေတဲ့လမ်းကြောင်းပေါ်မှာ ချန်ထားတာ၊ သူတို့ ရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်တွေကို မောင်းထုတ်လိုက်တာမျိုး ဖြစ်သွားနိုင်တယ်လို့ ဆိုထားပါတယ်။
( Wrey Herbert ရဲ့  Is executive function the new IQ? ကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ )
Read More...
Tuesday, June 3, 2008
What should we care?
ပုန်းကွယ်နေသော မှတ်ချက်များ
လူဆိုတာ ပတ်ဝန်းကျင်အပေါ်မှာ အမှီပြုပြီး ရင့်ကျက်လာကြတဲ့ သတ္တ၀ါတွေပါ.. လူတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေအားလုံးဟာ သူဖြတ်သန်းလာခဲ့ရတဲ့ ဘ၀၊ ပတ်ဝန်းကျင်ရဲ့ ရောင်ပြန်ဟပ်မှုတွေ ပါပဲ…
ဘာဖြစ်လို့ လဲ?..
ဒီလူဟာ ဒီပတ်ဝန်းကျင်မှာ ရပ်တည်ရှင်သန်နိုင်ဖို့  အတတ်နိုင်ဆုံး မိမိကိုယ်ကို ပြုပြင်ပြောင်းလဲယူလာရတာကိုး…
ပတ်ဝန်းကျင်ဆိုတာ အလိုက်သင့် ရေစုန်မျှောပြီး လိုက်သွားဖို့ လဲမသင့်၊ တစ်ချိန်လုံး ဆန်ကူးနေလို့ လဲ မဖြစ်တဲ့ ရေစီးကြမ်းတဲ့မြစ်တစ်စင်းပါ… အကူးမတတ်ရင် နစ်မြုပ်သွားမှာ မုချပါ.. တစ်ချို့  သောပတ်ဝန်းကျင်က စုပ်ဝဲနဲ့ တူပါတယ်.. အချိန်တန်ရင် မိုးခါးရည်သောက်ရမဲ့ ပတ်ဝန်းကျင်မျိုးပေါ့.. တစ်ချို့  သောပတ်ဝန်းကျင်ကတော့ ကမ်းခြေကို အရှိန်ပြင်းပြင်းနဲ့  အရောက်ပို့ မယ့် ဒီလှိုင်းတွေလိုပေါ့… အင်မတန်ကောင်းတဲ့ ပတ်ဝန်းကျင်မျိုး ဆိုပါတော့..
ဘယ်လိုပတ်ဝန်းကျင်မျိုးမှာပဲဖြစ်ဖြစ် ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ က အရေးအကြီးဆုံးပါ… ကျွန်တော်သတိထားမိသလောက် ကျွန်တော်တို့ ကို အဓိကထိုးနှက်နေတာ ပတ်ဝန်းကျင်က မှတ်ချက်တွေပါ.. ရည်ရွယ်ချက်တွေကို ကြည့်ပြီး အမျိုးအစားခွဲကြည့်လိုက်တော့
  • ရည်ရွယ်ချက်မဲ့ပြီး ၀သီအရ သူတပါးက မိမိကဲ့သို့ မစွမ်းဆောင်နိုင်ဆိုသော အတ္တ မာနမှ အခြေပြုသော ဝေဖန်မှတ်ချက်များ
  • ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်အောင် ပြောဆိုသော ဝေဖန်မှတ်ချက်များ
  • ကောင်းစေလိုသော ဆန္ဒ၊ ရည်ရွယ်ချက်ဖြင့် ပြောဆိုသော ဝေဖန်မှတ်ချက်များ
  • အကျိုးတစ်ခုခုကို မျှော်ကိုးသော မစစ်မှန်သည့် ချီးမွမ်းမှတ်ချက်များ
  • မည်သို့ သောအကျိုးရလဒ်မျှ မမျှော်ကိုးသော စစ်မှန်သည့် ချီးမွမ်းမှတ်ချက်များ ဆိုတာတွေ ရလာပါတယ်…
သို့ သော်..
သို့ သော်.. အဆိုပါမှတ်ချက်များအားလုံးကို ကျွန်တော်တို့  အချိန်ပြည့်ပြောမနေနိုင်ကြပါ… ဘာဖြစ်လို့ လဲ?..
မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်း..တစ်ဦးချင်းစီအတွက် ဖွင့်မပြောတဲ့ စစ်မှန်တဲ့မှတ်ချက်တွေ ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာ ကိုယ်စီကိုယ်စီ ရှိကြပြီးသားပဲမဟုတ်လား..
ကျွန်တော်တို့  တကယ်အလုပ်လုပ်နေကြတာ ဒီမှတ်ချက်တွေနဲ့ ပဲ မဟုတ်လား..
ဒါတွေဟာ အစစ်အမှန်တွေပါပဲ..
ဒီတော့ ပတ်ဝန်းကျင်က ထုတ်ဖော်ပြောနေတယ့် စစ်မှန်မှုနည်းပါးတဲ့မှတ်ချက်တွေမှာ ဘာလို ကျွန်တော်တို အာရုံအနောက်ခံကြမှာလဲ
ဒီလိုဆို ပတ်ဝန်းကျင်ကို၊ မှတ်ချက်တွေကို ကျွန်တော်တို လုံးဝဂရုစိုက်စရာ မလိုတော့ဘူးပေါ့ ?...
NO..မဟုတ်ပါဘူး
ကျွန်တော်တို ပတ်ဝန်းကျင်ရဲ့ စစ်မှန်တဲ့ ရင်ထဲက မှတ်ချက်တွေကို လေးစားကြရပါမယ်.. ကျွန်တော်တို့ ရဲ့ နေ့ စဉ်အသေးအမွှား အပြုအမူလေးတွေကို မြင်ပြီး ရှင်သန်လာတဲ့ မှတ်ချက်တွေ ဖြစ်လို့ ပါ..
ဥပမာ.. ကျွန်တော်ဟာ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့သူတစ်ယောက် ဆိုပါတော့ကျွန်တော်ဟာ အပြောတစ်ခြား၊ အလုပ်တစ်ခြား အမြဲလုပ်တယ်ဆိုပါတော့ဗျာ..ရေရှည်မှာ ကျွန်တော့်ကို ဘယ်သူမှ ယုံကြည်တော့မှာ မဟုတ်ဘူး.. ကျွန်တော်ဟာ ဘာအရည်အချင်းမှမရှိဘဲ စိုင်ကော်လို့ ချူံပေါ်ရောက်ပြီး ဟိတ်ဟန်တစ်ခွဲသားနဲ နေတယ်ဆိုပါတော့ဗျာရေရှည်မှာ ကျွန်တော့်ကို ဘယ်သူမှာ လေးစားမှာ မဟုတ်ဘူး..အားလုံးဟာ ကျွန်တော်တို့ ရဲ့ နေ့ စဉ်လုပ်နေတဲ့ အသေးအဖွဲအမှားအယွင်းတွေ ရဲ့ ရလဒ်တွေပါ..
ကျွန်တော်တို့ ဟာ အပြင်မှာ ပြုံးပြဆက်ဆံနေကြပေမယ့် ဒီလူဟာ မယုံကြည်ရပါလား.. အသုံးမကျပါလား.. စိတ်ဓါတ်မကောင်းပါလား.. အလုပ်ကြိုးစားပါလား..၀ီရိယရှိပါလား... စတဲ့..စတဲ့မှတ်ချက်များစွာက ကျွန်တော်တို့  ရဲ့ မသိစိတ်တွေထဲမှာ …. …. …. …. ….
Read More...