Sunday, December 14, 2008
ပြတင်းပေါက်
အသားကျ......
ဘယ်သူတွေ ဘာပြောပြော...
ငါ့ ကို ပိတ်မထားကြပါနဲ့ ..
ငါ က အိုမာခယမ်းကိုလည်း ရှုသွင်းချင်တယ်...
မြိုမငြိမ်းနဲ့ လည်း ပျံ့ လွင့် ချင်တယ်
မောင်ချောနွယ်ရဲ့ "ရထား"လည်း စီးချင်တယ်...
(ကို)အောင်ချိမ့် နဲ့ လည်း" ခရီး "သွားချင်သေး....
"မီးလောင်ပြင် " ရုပ်ရှင် ကိုတော့ (ကို)ဖော်ဝေး နဲ့ အတူကြည့် ချင်တယ်
ဘယ်သူတွေ ဘာပြောပြော...
ငါ ကိုပိတ်မထားကြပါနဲ့ ...
အိုဘားမားရဲ့ မိန့် ခွန်းတွေ လည်းနားထောင်ချင်တယ်..
အိုစမာ ကို တွေ့ ပြီလား ငါသိချင်တယ်..
မော်ရင်ဟို ဘာတွေကြွားလည်း ငါစိတ်ဝင်စားတယ်...
ဘယ်သူတွေ ဘာပြောပြော...
ငါ ကိုပိတ်မထားကြပါနဲ့ ...
ဘောင်တွေ ဘယ်လောက် ခတ်ထား ခတ်ထား...
ငါ့ ရင် ဘတ် ကို ငါ ဆွဲ ဖွင့် ထားမယ်...
လေကောင်းလေသန့် များ...
ဝင်ရောက်နိုင်ပါကြောင်း....။ ။ငလင်း
Idealistic or Realistic??
School life taught to be idealistic.. Life after school has been teaching to be realistic..
အချစ်တဲ့ လား.....ရူးနေပြီ..
အကွေ့ ကွေ့ ၊ အ၀ိုက်ဝိုက်
အရှိုက်ရှိုက်၊ အဖိုဖို....
နေညိုချိန် တောင်ပြာတန်းမှာ
ပုဝါပါးလေး လှမ်းထားတယ်....။
အယိမ်းယိမ်း၊ အနွဲ့ နွဲ့ 
အသွဲ့ သွဲ့ ၊ အယဉ်ယဉ်....
ရောထွေးယှက်တင်၊ စံပယ်တစ်ခင်း..
ခပ်ပြင်းပြင်းလေး မွှေးသွားတယ်။
အနုနု၊ အရွရွ
အလွလွ၊ အစိုင်စိုင်...
နှင်းဆီခိုင် ရင်အစူး ...
အကြိမ်ကြိမ် သာ ယစ်မူး လို့ ..
အရူးဖြစ်ခဲ့ ပြီ လေ..။ ။ငလင်း
ဒီကဗျာ လေး ရေးဖြစ်ပုံက ဒီလိုပါ...။ titanic ဇာတ်ကား ကိုကြည့် ပြီး ခံစားမိ ပုံ လေး ချရေးထားတာ..
ကျွန်တော် က video တို့ movies တို့ သိပ် မကြည့်  ပါဘူး..။titanic ဇာတ်ကားကတော့ အရမ်းလူပြောများ
ပြီး နာမည်ကြီး တော့ ကြည့် ချင်စိတ်တွေဖြစ် လာ လို့ ...ကြည့် လိုက်မိတဲ့ အခါ....ဒီကဗျာလေးကို ချ ရေး
လိုက်မိတာပါပဲ...။အဲဒီဇာတ်ကားထဲ က.....ပင်လယ်...
ကျောက်ဆောင်....
ကံတရား.....
သင်္ဘော...
အချစ်ရဲ့ ..ရယူခြင်း၊ပေးဆပ်ခြင်း....
ရုန်းကန်ခြင်း.....အဲဒါတွေ ကို ရယူခံစားမိပေမယ့် ...
ကျွန်တော်က သူမနဲ့ ချစ်ခြင်း တစွန်းတစ ကိုပဲ ရေဖွဲ့ ခံစား နိုင်ခဲ့ ပါတယ်...။
( ကျွန်တော့် သူငယ်ချင်း wynnsun က ကဗျာ ရေးခိုင်းတာ တစ်ရက်တောင် မပြည့် သေးဘူး..
အငမ်းမရ ထ ရေးဖြစ်တယ်...ဘယ်အချိန်ထဲ ကရေးချင် နေတယ် ...သိဝူး...ဟီး)
to be continued....
ကဗျာအရေးကောင်းသော သူငယ်ချင်းတစ်ယောက်အား ကြိုဆိုခြင်း
သူငယ်ချင်း .. မင်းခံစားရေးဖွဲ့ထားတဲ့ ကဗျာလေးတွေကို ၀က်ဘ်ပေ့ခ်ျ ပေါ်မှာ မှတ်တမ်းတင်ကြရအောင်..
Saturday, October 25, 2008
Tag ခံရခြင်း
ကျွန်တော်ကတော့ မနက် (၈)နာရီခွဲ ၀ါ့ဒ်ထဲမှာ လုပ်တဲ့ discussion မှီအောင် နေ့စဉ် (၇) နာရီလောက် အဆောင်ကထွက်ရပါတယ်။ ဒီတော့ (၆)နာရီလောက်ထ၊ ခေါက်ဆွဲပြုတ်၊ ကော်ဖီဖျော်၊ ရေမိုးချိုး၊ အ၀တ်လဲ၊ တစ်နေ့တာအတွက် လိုအပ်မယ်ထင်တာလေးတွေကို ခေါက်ဆွဲစား၊ ကော်ဖီသောက်ရင်း အင်တာနက်မှာ ရှာဖွေဖတ်၊ စားထားတဲ့ ခေါက်ဆွဲပန်းကန်းတောင် တခါတလေ မဆေးနိုင်တော့ဘဲ ကသုတ်ကရုတ် ထွက်ရပါတယ်။ အဲ.. ည ၁၊ ၂ နာရီလောက်မှ အိပ်ဖြစ်တဲ့ညဆိုရင်တော့ ခေါက်ဆွဲလည်း မပြုတ်နိုင်၊ ကော်ဖီလည်းမဖျော်နိုင်တော့ပဲ လစ်ရတော့တာပဲ။
ကဲ..ဆေးရုံရောက်ပြီ။ ရုရှားဆရာဝန်တွေ တော်တော်အံ့သြဖို့တော့ ကောင်းတယ်။ အခန်းထဲမှာ ကော်ဖီရှိတယ်။ တိုလီမုတ်စမုန့်လေးတွေရှိတယ်။ ကြုံတဲ့သူက ၀ယ်ဖြည့်ထားတာပါ။ တနေကုန်ကို ကော်ဖီသောက်လိုက်၊ ၀ါ့ဒ်ထဲမှာအလုပ်လုပ်လိုက်၊ ကိုယ့်အခန်း ပြန်ဝင်လာတဲ့အချိန် မုန့်လေးတွေ ကောက်စားလိုက်နဲ့ ဘယ်လို ဗိုက်ပြည့်နေကြလဲဆိုတာ ကျွန်တော်တော့ စဉ်းစားလို့ကို မရတာ။ ကျွန်တော်တို့လို ပေသီးခေါက်နေရတာလည်း ဖြစ်တော့ ဖြစ်နိုင်တယ်။ ဒီမှာ ဆရာဝန်က လခနည်းပါတယ်။ မာစတာတက်နေတဲ့ ဆရာဝန်ငယ်တွေဟာ ဒေါ်လာ (၁၀၀) ပဲရပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကနေပြီး သူတို့ တစ်လကို ဒေါ်လာ (၁၀၀၀) လောက်တော့ဝင်ပါတယ်။ လူပြောများနေတဲ့ ရုရှားရဲ့ corruption ကို ကိုယ်တွေ့ကြုံတာပါ။ ကန်တင်းမှာ အမြဲသွားစားနေတဲ့သူတွေလည်း ရှိတော့ရှိပါတယ်။ ကျွန်တော်တော့ အဖော်ကောင်းလို့ ကန်တင်းလေး သွားထိုင်ပြီး နေ့လည်စာ စားမိပါတယ်။ ရူဘယ် (၂၅၀) လောက်ထွက်သွားလို့ မြန်မာငွေဆို (၁၅၀၀၀)လောက်ကျတာဆိုပြီး နောက်နောင် အခန်းထဲက တိုလီမုတ်စမုန့်လေးတွေနဲ့ပဲ နှစ်ပါးသွားလိုက်ပါတော့တယ်။ ကော်ဖီကတော့ စွဲသွားမှာတောင်ကြောက်ရပါတယ်။ သောက်လွန်းလို့ပါ။
အဲ.. အဆောင်ပြန်ရောက်ပြီဆိုတော့လည်း ချက်ရပြုတ်ရပြီပေါ့ဗျာ။ အပြန် စူပါမားကဒ်က ၀င်ဝယ်လာတာလေးတွေပေါ့။ ပုံမှန်ချက်ဖြစ်တာတွေကတော့ အအေးခန်းထဲက ကြက်သား၊ ကြက်ဥ၊ ငါး၊ ငါးသေတ္တာ ပါပဲ။ ၀က်သားကတော့ ပိတ်ရက်လောက်မှပဲ စားနိုင်ပါတယ်။ အသီးအရွက်အစားနည်းရခြင်း နောက်တစ်ကြောင်းကလည်း အဲဒါပါပဲ။ အသားဟင်းက တစ်ခွက်၊ အသီးအရွက်က တစ်ခွက်ဆို အချိန်က ပေးရရော။ ကြားရက်တွေမှာ အဲလောက် အချိန်မပေးနိုင်ပါ။ တစ်နေကုန်ပင်ပန်းလာပြီး အစားတစ်လုပ်အတွက် အဲလောက်အချိန်ထပ်မပေးနိုင်တော့ပါ။ ဒီရောက်မှ လူလဲ ဘက်စုံရတော့တာပဲ (ဟင်းချက်ပညာကို ပြောတာပါ)။ တစ်သက်လုံး သူများချက်တာ အခန့်သားစားလာပြီး ခုတော့ ကောင်းကောင်းကြီး ကိုယ်ချင်းစာမိသွားပါပြီဗျာ။သတိရတုန်း အမေနှင့်တစ်ကွ ထမင်းချက်သော အမများ၊ အန်တီများကို စားခဲ့ရသော ထမင်းအလုပ်ပေါင်းများစွာအတွက် ဒီနေရာက ရှိခိုးကန်တော့လိုက်ပါတယ်ဗျာ။
အဲ.. ညနေစာ (ခေါ်) နေ့ပေါင်းညစာ စားတဲ့အချိန်လေးကတော့ ကျွန်တော်ရဲ့ အနားယူချိန်၊ ဗဟုသုတရှာမှီးချိန်ပါ။ ကျွန်တော်က ညနေစာစားရင်း စိတ်ဝင်စားတဲ့ သတင်းဝက်ဘ်ဆိုက်တွေလျှောက်ဖတ်တတ်လို့ပါ။ လူကြီးတွေကြားရင်တော့ အစာစားရင်း တခြားအလုပ်လုပ်လို့ နဗန်ကျင်းချင်မလား မသိဘူး။ ကျွန်တော်ကတော့ အကျင့်ပါနေလို့ပါ။ အင်တာနက်မရှိတဲ့နေရာများကတည်းက စာအုပ်တစ်အုပ်နဲ့ အစားစားတဲ့အကျင့်ကြီးက ပါလာတာပါ။ ညဘက်က ကျွန်တော်ရဲ့စာကြည့်ချိန်ပါ။ သတ်သတ်မှတ်မှတ်တော့ မထားပါဘူး။ သိချင်တဲ့စိတ်များရင် များသလို စာများများဖတ်ဖြစ်ပါတယ်။ ပင်ပန်းရင် ပင်ပန်းသလို အနားယူတဲ့အခါလည်း ယူဖြစ်ပါတယ်။ သေချာတာတော့ အဲဒီအချိန်တွေမှာ ကော်ဖီလေးတစ်ခွက်နဲ့ ခေါက်ဆွဲပြုတ်လေး (သို့) မုန့်လေးတစ်ခုလောက်တော့ အနားမှာ ရှိနေတာပေါ့ဗျာ။
ကဲ.. မီးငယ်။ ဆရာဝန်တစ်ယောက်ရဲ့ စားပုံသောက်ပုံဆိုတဲ့ အညွှန်းကိုတော့ ဖြုတ်သင့်ပြီလို့ထင်တယ်။ အမှားသရုပ်ပြနေလို့လေ။ အတတ်နိုင်ဆုံးတော့ အာဟာရကို မျှတအောင်စားပါတယ်။ သတိထားပြီး ကိုယ့်မှာ ချို့တဲ့နိုင်တာကို ပိုစားပါတယ်။ အစားအသောက်တွေကို အာဟာရဆိုတာမျိုးအပြင် refreshment အဖြစ် မြင်ပါတယ်။ အာဟာရဓါတ် ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကို ပိုမိုချစ်မြတ်နိုးလာမိပါတယ်။ လတ်ဆတ်တဲ့ အသား၊ ငါး၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို မြန်မာနိုင်ငံပြန်ရောက်ရင် ပိုမိုတန်ဖိုးထားစားသုံးတတ်လာမယ် ဆိုတာတော့ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ ယုံကြည်နေပါတယ်။
Friday, August 22, 2008
သဘောကျမိလို့ ပါ
When a Diplomat says YES he means PERHAPS
When he says PERHAPS, he means NO,
When he says NO he is not a Diplomat.
So also,
When a Lady says NO, she means PERHAPS
When she says PERHAPS, she means YES
When she says YES, she is not a LADY.
(From Take before you shake - Dr. Ajay Kothari)
Thursday, August 21, 2008
အန္တရာယ်နဲ့ ရင်းပြီး သုံးနေကြတဲ့ Microwave Oven များ
ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသောလူတွေဟာ သက်တောင့်သက်သာဖြစ်ဖို့ နဲ့  အချိန်ကိုချွေတာဖို့  မိမိကျန်းမာရေးထိခိုက်နိုင်မှုကို ဥပေက္ခာပြုနေကြပါတယ်။ Microwave oven အတွက် low-density microwave energy ရဲ့ သဘာဝကို စတင်ဖော်ထုတ်နိုင်ခဲ့ပုံလေးကိုလည်း ရှုစားကြည့်ပါဦး။ ၁၉၄၆ မှာ Dr. Percy Spencer ဟာ ရေဒါဆိုင်ရာ သုတေသနတစ်ခုကို လုပ်နေခဲ့တာ ပါ။ သူဟာ Magnetronလို့ ခေါ်တဲ့ vacuum tube လေးကို စမ်းသပ်နေစဉ်မှာ သူ့ အိတ်ကပ်ထဲက candy ချောင်းလေး အရည်ပျော်သွားတာကို စတင်သတိထားမိပါတယ်။ အဆိုပါ tube အနားကို ပေါက်ပေါက်ပြောင်းတွေထားကြည့်တော့ ပေါက်ထွက်ပြန့် ကျဲကုန်တာကို တွေ့ လိုက်ရတယ်။ ဒါနဲ့  tube အနားကို ကြက်ဥတစ်လုံးထားကြည့်လိုက်တယ်။ ကြက်ဥဟာလည်း တစ်ဖြည်းဖြည်းပူလာပြီး ပေါက်ထွက်သွားခဲ့ပါတယ်။ ဒီလိုနဲ့  အခြားသော အစားအစာများကို အလွယ်တကူချက်ပြုတ်နိုင်အောင် Microwave oven တွေကို စတင်တီထွင်ခဲ့တာပါ။
ဒီ electromagnetic waves တွေဟာ ဦးနှောက်မှာရှိတဲ့ ပီကျူထရီဂလင်း၊ မျက်လုံး၊ ဝှေးစေ့၊ သွေးဆဲလ်တွေကို အဓိက အန္တရာယ် ပေးပါတယ်။ Oven တွေမှာ အဆိုပါ waves တွေမထွက်အောင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတယ်လို့ တော့ ဆိုပါတယ်။ သို့ သော်လည်း ကျန်းမာရေးကို ခြိမ်းခြောက်မှုတွေက လျော့နည်းမသွားပါဘူး။ ဂျာမနီ Humbolt Universitat zu Berlin က ပြုလုပ်ခဲ့တဲ့  သုသေတနနဲ့  ရုရှား ရေဒီယိုတက်ခ်နော်လော်ဂျီ တက္ကသိုလ်များ ပူးပေါင်းပြုလုပ်ခဲ့တဲ့ သုတေသနတွေက မက်ခရိုဝေ့ဖ်သုံးအစားအစာများရဲ့  ကင်ဆာရောဂါဖြစ်စေနိုင်မှု၊ အစားအစာအရည်အသွေး လျော့ကျစေမှု (အာဟာရဓါတ်များဆုံးရှုံးမှု)၊ မိုက်ခရိုဝေ့ဖ်စွမ်းအင် စိမ့်ထွက်မှုဆိုးကျိုးများနဲ့  ပက်သက်ပြီး သက်သေအချက်အလက်များစွာ တင်ပြနိုင်ခဲ့ပါတယ်။
အဆိုပါသုတေသနများအရ ပေါ်ပေါက်လာတဲ့  မိုက်ခရိုဝေ့ဖ်သုံးစွဲမှုကို စွန့် လွှတ်သင့်သော အကြောင်းအရာတွေကတော့
- မိုက်ခရိုဝေ့ဖ်ကို ကာလရှည်ကြာ စွဲစွဲမြဲမြဲ သုံးစွဲသူတွေမှာ ဦးနှောက်တွင်း လျှပ်စီးမှုထိခိုက်ပျက်ယွင်းခြင်း
- မိုက်ခရိုဝေ့ဖ်သုံးအစားအစာများတွင် ပေါ်ပေါက်လာသော အမျိုးအမည်မသိဘေးထွက်ပစ္စည်းများကို ကိုယ်ခန္ဓာမှ မချေဖျက်နိုင်ခြင်း
- မချေဖျက်နိုင်သော ဘေးထွက်ပစ္စည်းများ၏ မကောင်းသော အာနိသင်များ ကိုယ်ခန္ဓာတွင် ကျန်ရှိနေခြင်း
- အဆိုပါအစားအစာများကို ရေရှည်စားသုံးမှုကြောင့် ကျား/မဟော်မုန်းများထုတ်လုပ်မှု ပြောင်းလဲနိုင်ခြင်း
- ဗီတာမင်၊ သတ္တုဓါတ်၊ အာဟာရဓါတ်များ လျော့နည်းသွားခြင်း
- အသီးအရွက်များတွင်ပါရှိသော သတ္တုဓါတ်များမှ ကင်ဆာဖြစ်စေသော free radicals များအဖြစ် ပြောင်းလဲသွားခြင်း
- အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာများ ဖြစ်စေခြင်း ( အမေရိကမှာ အူမကြီးကင်ဆာဖြစ်ပွားမှု တိုးလာစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုလို့  ဆိုကြပါတယ်)
- ကင်ဆာဆဲလ်များ သွေးထဲရောက်ရှိမှုကို ပိုမိုများပြားစေခြင်း
- ပြန်ရည်ကျိတ်နှင့်သွေးအတွင်း ပြောင်းလဲမှုများကြောင့် ကိုယ်ခန္ဓာခုခံအားစနစ် ချို့ တဲ့အားနည်းခြင်း
- မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်မှုများကို လျော့ကျစေခြင်းတို့ ဖြစ်ပါတယ်။
ဒါ့အပြင် မိုက်ခရိုဝေ့ဖ်နဲ့ ပက်သက်လို့  အလုပ်ရှုပ်လှပါတယ်ဆိုတဲ့ နို့ ဘူးတိုက်မေမေများ အထူးသတိထားစရာ တစ်ချက်ရှိပါသေးတယ်။ အချိန်မရှိလို့ ဆိုပြီး ကလေးနို့ ဘူးကို မိုက်ခရိုဝေ့ဖ်ထဲ သွားမထည့်လိုက်ပါနဲ့ ။ နို့ ဘူးမှာ အေးပုံပေါက်နေသော်လည်း အတွင်းရှိနို့ များပူနေလို့  ကလေးရဲ့ ပါးစပ်နဲ့ လည်ချောင်း အပူလောင်သွားတတ်ပါတယ်။ နို့ မှာပါဝင်တဲ့ အချို့ အမိုင်နိုအက်စစ်တွေဟာ အသွင်ပြောင်းသွားပြီး ကလေးရဲ့  အာရုံကြောနဲ့  ကျောက်ကပ်တွေကို ထိခိုက်စေနိုင်ပါသေးတယ်။
၁၉၉၁ က အမေရိကန်၊ အော့ကလာဟိုးမားဆေးရုံတစ်ခုမှာ မိုက်ခရိုဝေ့ဖ်နဲ့ အပူပေးထားတဲ့ သွေးကိုသွင်းပေးလိုက်လို့  သာမန်သွေးသွင်းမှုလေးမှ လူနာတစ်ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။ မိုက်ခရိုဝေ့ဖ်ကြောင့် သွေးအတွင်းပစ္စည်းများကို ပြောင်းလဲစေခဲ့ပုံပါပဲ။
၂၁ ရာစုလူသားများကတော့ ထိုသို့  ဘေးထွက်ဆိုးကျိုးများလှသော မိုက်ခရိုဝေ့ဖ်များကို မက်မက်မောမော သုံးစွဲနေကြပါတယ်။ အချိန်ကုန်လည်း သက်သာပါတယ်။ လူလည်းသက်သာလှပါတယ်။ အရသာလည်း ထူးကဲလှပါတယ်။ ပူပူနွေးနွေးလေးတွေလည်း စားရပါတယ်။
အချိန်ကုန်သက်သာသော်လည်း မိမိလူ့ သက်တမ်းကိုထိခိုက်စေကြောင်း….
လူသက်သာသော်လည်း မမြင်နိုင်သော ထိခိုက်မှုများ ကိုယ်ခန္ဓာတွင်း ဖြစ်ပွားနေကြောင်း…
အရသာထူးလှသော်လည်း အာဟာရဓါတ်များ ချို့ တဲ့နေကြောင်း…
ပူပူနွေးနွေးလေးရဲ့ နောက်ကွယ်မှာ ကင်ဆာဖြစ်စေသည့်ဓါတ်ပစ္စည်းပါဝင်နေနိုင်ကြောင်းကိုတော့ဖြင့်…………
ကိုးကား
http://www.mercola.com/article/microwave/hazards.htm
http://www.gallawa.com/microtech/history.html
http://www.manbir-online.com/htm3/new.42.htm
Wednesday, July 23, 2008
ပီတာ
ဒီမှာတော့ ပီတာဆိုတာနဲ့  စိန့် ပီတာစဘတ်မြို့ ကို ပြောမှန်း လူတိုင်းသိကြပါတယ်။ရုရှားမှာ မော်စကိုမြို့  ကို အာရှမြို့ ၊ ပီတာကို ဥရောပမြို့ လို့ ပြောကြတယ်။ ကျွန်တော်တို့ ဆီမှာ မန္တလေးလိုမြို့ မျိုးပါ။ နန်းစိုက်ခဲ့တဲ့မြို့ ဆိုတော့ အထင်ကရနေရာတွေအပြည့်နဲ့ ပေါ့။ ရုရှားကိုအလည်လာတဲ့ တိုးရစ်တွေဆိုလဲ မော်စကိုမြို့ ကို အသာထားပြီး ပီတာကိုတော့ အရောက်သွားကြတာပါ။ ပထမပီတာဘုရင် စတင်တည်ထောင်ပြီး နှစ်ပေါင်းနှစ်ရာကျော် ရုရှားရဲ့ မြို့ တော်ဖြစ်ခဲ့ပါတယ်။ လီနင်ဂရက်၊ ပီတာဂရက်၊စိန့်  ပီတာစဘတ်စတဲ့ အမည်နာမအမျိုးမျိုး အတပ်ခံခဲ့ရတဲ့ လှပလှတဲ့မြို့ လေးဟာ ဘောလ်တစ်ပင်လယ်ကို မေးတင်ထားလို့  ဥရောပပြတင်းပေါက်ဆိုပြီး ပီတာဘုရင်က အလွန်နှစ်သက်ခဲ့ပါတယ်။ညဲဗာမြစ်က မြို့  အလှဂုဏ်ကိုဆောင်ပြီး များပြားလှတဲ့ မြို့ တွင်းတူးမြောင်းတွေကြောင့် ရုရှားရဲ့ ဗင်းနစ်မြို့ လို့ လဲ ခေါ်ကြပါတယ်။ ပီတာအကြောင်းပြောရင် သူ့ ရဲ့ ထင်ရှားလှတဲ့ ဂုဏ်သတင်းတစ်ခုဖြစ်တဲ့ လင်းသောညများအကြောင်းလည်း ချန်ထားလို့ မရပါဘူး။ နွေဦးမှာ တစ်ညလုံးမိုးမချုပ်တဲ့မြို့ ပါ။မြို့  တည်စဉ်က ရုရှားဗိသုကာပညာရှင်တွေသာမက ဥရောပတစ်ဝှမ်းက ပညာရှင်တွေ ခေါ်ယူတည်ဆောက်ခဲ့လို့  ဥရောပအနုပညာလက်ရာတွေ ကိန်းဝပ်ရာမြို့ တစ်မြို့ ပါ။ ပီတာမြို့ သားတွေကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ရက်ပေါင်း (၈၇၂) ရက်ကြာအောင် ဂျာမနီ၊ ဖင်လန် အ၀ိုင်းခံခဲ့ပြီး မြို့ နေလူထု သန်းနှင့်ချီငတ်ပြတ်သေဆုံးခဲ့တဲ့ ကြေကွဲဖွယ် (သို့ ) ဂုဏ်ယူအားတက်ဖွယ် သမိုင်းကြောင်းကို ပြန်ပြောပြလေ့ရှိပါတယ်။ ဒုတိယကမ္ဘာစစ် ဗုံးဒဏ်များ၊ ကွန်မြူနစ်ခေတ် ရှေးဟောင်းလက်ရာများ (အထူးသဖြင့် ဘာသာရေးအဆောက်အအုံများ) ဖျက်ဆီးမှုဒဏ်များကြားမှ မြို့  နှင့်တစ်ကွ အနုပညာလက်ရာများ မပျောက်ပျက်ရအောင် ထိန်းသိမ်းနိုင်ခဲ့သည်ကတော့ ချီးကျူးဖွယ်ပင်ဖြစ်သည်။
ဘုရင်ကြီး ပီတာ (၁)
ဥရောပအကြီးဆုံး ဘုရားကျောင်းတစ်ခုဖြစ်တဲ့ အီစာကီရဲ့ ဖ်စကီးဘုရားကျောင်း
အီစာကီရဲ့ ဖ်စကီးဘုရားကျောင်းရဲ့ အတွင်းတစ်နေရာ
အီစာကီရဲ့ ဖ်စကီးဘုရားကျောင်းပေါ်က မြင်ရတဲ့ ပီတာ
ကယ်တင်ခြင်း ဘုရားကျောင်း
ညဲဗာမြစ်နှင့်ပီတာ
ညဲဗာမြစ်ထဲက ခံတပ်ကျွန်းကြီး
ပီတာ၊ ညဲဗာ၊ ဗမာ
ညဲဗာမြစ်ကမ်းပေါ်က အဲမြင်တက်ရှ်ပြတိုက် (Hermitage)
ရုရှားပြည်ရဲ့ ဗင်းနစ်မြို့ 
ကာဇန်းစကီးဘုရားကျောင်း
ဒါမျိုးအရုပ်တွေက ပေါမှပေါ
အရုပ်တွေနဲ့ အလှဆင်ထားတဲ့ နွေရာသီပန်းခြံ
သင်္ဘောတွေဖြတ်ဖို့  ညဘက်ပွင့်တဲ့ တံတားကြီး
ပီတာရဲ့ ည
ပီတာဘုရင်အနားယူရာ ပီတာဂေါ့ဖ်
ပီတာဂေါ့ဖ်မှ ရေပန်းများ
Pushkin ရဲ့ မြို့ ကလေးက ဘုရင်မနန်းတော်
ပီတာ လက်ဆောင်များ
ရုရှားပြည်ရဲ့သင်္ကေတ
Monday, July 14, 2008
ညဲဗာမြစ်ကမ်းပါးက ဥရောပအနုပညာတို့ စုဝေးရာ
"Museums are institutions that collect, safeguard and make accessible artefacts and specimens, which they hold in trust for society." (The Museums Association)
ပြတိုက်ကြီးရဲ့  အထင်ကရပြခန်းတွေကို ဝေမျှပေးလိုက်ပါတယ်။

The Boudoir of Empress Maria Alexandrovna (1853)

The Snyders Room (1842-51)

The Raphael Loggias (1783-1792)

The Large Throne Room (1838-41)

The Golden Drawing Room (1838-41)

The Pavilion Hall (1850-58)

The Small Dining Room (1894-96)

The Green Dining Room (1850)

The display of Russian culture of the first half of the 18th century

The Gallery of 1812. 1826; 1838-39

The Main Staircase (1754-62)

The Large Italian Skylight Hall (1842-51)

The Cavalcade of Knights

The Concert Hall (1791-93)

The Display of Sculpture of imperial Rome (1st to 4th Century)

The Hall of the Kolyvan Vase (1831-43)

The Display of French 18th Century Art

The Peter the Great Hall (1833)

The Dining room of Peter I (1720)

The Peacock Clock ( 2nd half of the 18th century, England)

The Hall of Frescoes of the Raphael School

The Leonardo da Vinci Hall (1858-60)

The Field Marshals' Hall (1838-39)

The White Hall (1838-41)

The Twenty-Column Hall (1842-51)

The Raphael Hall ( Hall of 16th-century Italian Majolica)

The Library of Nicolas II (1894-96)

The Malachite Room (1838-39)

The Gallery of the History of Ancient Painting

The auditorium of the Hermitage Theatre (1783-85)

The Main Staircase of the New Hermitage (1842-51)


