Friday, August 22, 2008

သဘောကျမိလို့ ပါ


When a Diplomat says YES he means PERHAPS

When he says PERHAPS, he means NO,

When he says NO he is not a Diplomat.

So also,

When a Lady says NO, she means PERHAPS

When she says PERHAPS, she means YES

When she says YES, she is not a LADY.



(From Take before you shake - Dr. Ajay Kothari)





Read More...

Thursday, August 21, 2008

အန္တရာယ်နဲ့ ရင်းပြီး သုံးနေကြတဲ့ Microwave Oven များ


ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသောလူတွေဟာ သက်တောင့်သက်သာဖြစ်ဖို့ နဲ့  အချိန်ကိုချွေတာဖို့  မိမိကျန်းမာရေးထိခိုက်နိုင်မှုကို ဥပေက္ခာပြုနေကြပါတယ်။ Microwave oven အတွက် low-density microwave energy ရဲ့ သဘာဝကို စတင်ဖော်ထုတ်နိုင်ခဲ့ပုံလေးကိုလည်း ရှုစားကြည့်ပါဦး။ ၁၉၄၆ မှာ Dr. Percy Spencer ဟာ ရေဒါဆိုင်ရာ သုတေသနတစ်ခုကို လုပ်နေခဲ့တာ ပါ။ သူဟာ Magnetronလို့ ခေါ်တဲ့ vacuum tube လေးကို စမ်းသပ်နေစဉ်မှာ သူ့ အိတ်ကပ်ထဲက candy ချောင်းလေး အရည်ပျော်သွားတာကို စတင်သတိထားမိပါတယ်။ အဆိုပါ tube အနားကို ပေါက်ပေါက်ပြောင်းတွေထားကြည့်တော့ ပေါက်ထွက်ပြန့် ကျဲကုန်တာကို တွေ့ လိုက်ရတယ်။ ဒါနဲ့  tube အနားကို ကြက်ဥတစ်လုံးထားကြည့်လိုက်တယ်။ ကြက်ဥဟာလည်း တစ်ဖြည်းဖြည်းပူလာပြီး ပေါက်ထွက်သွားခဲ့ပါတယ်။ ဒီလိုနဲ့  အခြားသော အစားအစာများကို အလွယ်တကူချက်ပြုတ်နိုင်အောင် Microwave oven တွေကို စတင်တီထွင်ခဲ့တာပါ။



ဒီ electromagnetic waves တွေဟာ ဦးနှောက်မှာရှိတဲ့ ပီကျူထရီဂလင်း၊ မျက်လုံး၊ ဝှေးစေ့၊ သွေးဆဲလ်တွေကို အဓိက အန္တရာယ် ပေးပါတယ်။ Oven တွေမှာ အဆိုပါ waves တွေမထွက်အောင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတယ်လို့ တော့ ဆိုပါတယ်။ သို့ သော်လည်း ကျန်းမာရေးကို ခြိမ်းခြောက်မှုတွေက လျော့နည်းမသွားပါဘူး။ ဂျာမနီ Humbolt Universitat zu Berlin က ပြုလုပ်ခဲ့တဲ့  သုသေတနနဲ့  ရုရှား ရေဒီယိုတက်ခ်နော်လော်ဂျီ တက္ကသိုလ်များ ပူးပေါင်းပြုလုပ်ခဲ့တဲ့ သုတေသနတွေက မက်ခရိုဝေ့ဖ်သုံးအစားအစာများရဲ့  ကင်ဆာရောဂါဖြစ်စေနိုင်မှု၊ အစားအစာအရည်အသွေး လျော့ကျစေမှု (အာဟာရဓါတ်များဆုံးရှုံးမှု)၊ မိုက်ခရိုဝေ့ဖ်စွမ်းအင် စိမ့်ထွက်မှုဆိုးကျိုးများနဲ့  ပက်သက်ပြီး သက်သေအချက်အလက်များစွာ တင်ပြနိုင်ခဲ့ပါတယ်။
အဆိုပါသုတေသနများအရ ပေါ်ပေါက်လာတဲ့  မိုက်ခရိုဝေ့ဖ်သုံးစွဲမှုကို စွန့် လွှတ်သင့်သော အကြောင်းအရာတွေကတော့

- မိုက်ခရိုဝေ့ဖ်ကို ကာလရှည်ကြာ စွဲစွဲမြဲမြဲ သုံးစွဲသူတွေမှာ ဦးနှောက်တွင်း လျှပ်စီးမှုထိခိုက်ပျက်ယွင်းခြင်း

- မိုက်ခရိုဝေ့ဖ်သုံးအစားအစာများတွင် ပေါ်ပေါက်လာသော အမျိုးအမည်မသိဘေးထွက်ပစ္စည်းများကို ကိုယ်ခန္ဓာမှ မချေဖျက်နိုင်ခြင်း

- မချေဖျက်နိုင်သော ဘေးထွက်ပစ္စည်းများ၏ မကောင်းသော အာနိသင်များ ကိုယ်ခန္ဓာတွင် ကျန်ရှိနေခြင်း

- အဆိုပါအစားအစာများကို ရေရှည်စားသုံးမှုကြောင့် ကျား/မဟော်မုန်းများထုတ်လုပ်မှု ပြောင်းလဲနိုင်ခြင်း

- ဗီတာမင်၊ သတ္တုဓါတ်၊ အာဟာရဓါတ်များ လျော့နည်းသွားခြင်း

- အသီးအရွက်များတွင်ပါရှိသော သတ္တုဓါတ်များမှ ကင်ဆာဖြစ်စေသော free radicals များအဖြစ် ပြောင်းလဲသွားခြင်း

- အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာများ ဖြစ်စေခြင်း ( အမေရိကမှာ အူမကြီးကင်ဆာဖြစ်ပွားမှု တိုးလာစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုလို့  ဆိုကြပါတယ်)

- ကင်ဆာဆဲလ်များ သွေးထဲရောက်ရှိမှုကို ပိုမိုများပြားစေခြင်း

- ပြန်ရည်ကျိတ်နှင့်သွေးအတွင်း ပြောင်းလဲမှုများကြောင့် ကိုယ်ခန္ဓာခုခံအားစနစ် ချို့ တဲ့အားနည်းခြင်း

- မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်မှုများကို လျော့ကျစေခြင်းတို့ ဖြစ်ပါတယ်။

ဒါ့အပြင် မိုက်ခရိုဝေ့ဖ်နဲ့ ပက်သက်လို့  အလုပ်ရှုပ်လှပါတယ်ဆိုတဲ့ နို့ ဘူးတိုက်မေမေများ အထူးသတိထားစရာ တစ်ချက်ရှိပါသေးတယ်။ အချိန်မရှိလို့ ဆိုပြီး ကလေးနို့ ဘူးကို မိုက်ခရိုဝေ့ဖ်ထဲ သွားမထည့်လိုက်ပါနဲ့ ။ နို့ ဘူးမှာ အေးပုံပေါက်နေသော်လည်း အတွင်းရှိနို့ များပူနေလို့  ကလေးရဲ့ ပါးစပ်နဲ့ လည်ချောင်း အပူလောင်သွားတတ်ပါတယ်။ နို့ မှာပါဝင်တဲ့ အချို့ အမိုင်နိုအက်စစ်တွေဟာ အသွင်ပြောင်းသွားပြီး ကလေးရဲ့  အာရုံကြောနဲ့  ကျောက်ကပ်တွေကို ထိခိုက်စေနိုင်ပါသေးတယ်။

၁၉၉၁ က အမေရိကန်၊ အော့ကလာဟိုးမားဆေးရုံတစ်ခုမှာ မိုက်ခရိုဝေ့ဖ်နဲ့ အပူပေးထားတဲ့ သွေးကိုသွင်းပေးလိုက်လို့  သာမန်သွေးသွင်းမှုလေးမှ လူနာတစ်ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။ မိုက်ခရိုဝေ့ဖ်ကြောင့် သွေးအတွင်းပစ္စည်းများကို ပြောင်းလဲစေခဲ့ပုံပါပဲ။

၂၁ ရာစုလူသားများကတော့ ထိုသို့  ဘေးထွက်ဆိုးကျိုးများလှသော မိုက်ခရိုဝေ့ဖ်များကို မက်မက်မောမော သုံးစွဲနေကြပါတယ်။ အချိန်ကုန်လည်း သက်သာပါတယ်။ လူလည်းသက်သာလှပါတယ်။ အရသာလည်း ထူးကဲလှပါတယ်။ ပူပူနွေးနွေးလေးတွေလည်း စားရပါတယ်။

အချိန်ကုန်သက်သာသော်လည်း မိမိလူ့ သက်တမ်းကိုထိခိုက်စေကြောင်း….

လူသက်သာသော်လည်း မမြင်နိုင်သော ထိခိုက်မှုများ ကိုယ်ခန္ဓာတွင်း ဖြစ်ပွားနေကြောင်း…

အရသာထူးလှသော်လည်း အာဟာရဓါတ်များ ချို့ တဲ့နေကြောင်း…

ပူပူနွေးနွေးလေးရဲ့ နောက်ကွယ်မှာ ကင်ဆာဖြစ်စေသည့်ဓါတ်ပစ္စည်းပါဝင်နေနိုင်ကြောင်းကိုတော့ဖြင့်…………

ကိုးကား
http://www.mercola.com/article/microwave/hazards.htm
http://www.gallawa.com/microtech/history.html
http://www.manbir-online.com/htm3/new.42.htm

Read More...

Wednesday, July 23, 2008

ပီတာ

ဒီမှာတော့ ပီတာဆိုတာနဲ့  စိန့် ပီတာစဘတ်မြို့ ကို ပြောမှန်း လူတိုင်းသိကြပါတယ်။ရုရှားမှာ မော်စကိုမြို့  ကို အာရှမြို့ ၊ ပီတာကို ဥရောပမြို့ လို့ ပြောကြတယ်။ ကျွန်တော်တို့ ဆီမှာ မန္တလေးလိုမြို့ မျိုးပါ။ နန်းစိုက်ခဲ့တဲ့မြို့ ဆိုတော့ အထင်ကရနေရာတွေအပြည့်နဲ့ ပေါ့။ ရုရှားကိုအလည်လာတဲ့ တိုးရစ်တွေဆိုလဲ မော်စကိုမြို့ ကို အသာထားပြီး ပီတာကိုတော့ အရောက်သွားကြတာပါ။ ပထမပီတာဘုရင် စတင်တည်ထောင်ပြီး နှစ်ပေါင်းနှစ်ရာကျော် ရုရှားရဲ့ မြို့ တော်ဖြစ်ခဲ့ပါတယ်။ လီနင်ဂရက်၊ ပီတာဂရက်၊စိန့်  ပီတာစဘတ်စတဲ့ အမည်နာမအမျိုးမျိုး အတပ်ခံခဲ့ရတဲ့ လှပလှတဲ့မြို့ လေးဟာ ဘောလ်တစ်ပင်လယ်ကို မေးတင်ထားလို့  ဥရောပပြတင်းပေါက်ဆိုပြီး ပီတာဘုရင်က အလွန်နှစ်သက်ခဲ့ပါတယ်။ညဲဗာမြစ်က မြို့  အလှဂုဏ်ကိုဆောင်ပြီး များပြားလှတဲ့ မြို့ တွင်းတူးမြောင်းတွေကြောင့် ရုရှားရဲ့ ဗင်းနစ်မြို့ လို့ လဲ ခေါ်ကြပါတယ်။ ပီတာအကြောင်းပြောရင် သူ့ ရဲ့ ထင်ရှားလှတဲ့ ဂုဏ်သတင်းတစ်ခုဖြစ်တဲ့ လင်းသောညများအကြောင်းလည်း ချန်ထားလို့ မရပါဘူး။ နွေဦးမှာ တစ်ညလုံးမိုးမချုပ်တဲ့မြို့ ပါ။မြို့  တည်စဉ်က ရုရှားဗိသုကာပညာရှင်တွေသာမက ဥရောပတစ်ဝှမ်းက ပညာရှင်တွေ ခေါ်ယူတည်ဆောက်ခဲ့လို့  ဥရောပအနုပညာလက်ရာတွေ ကိန်းဝပ်ရာမြို့ တစ်မြို့ ပါ။ ပီတာမြို့ သားတွေကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ရက်ပေါင်း (၈၇၂) ရက်ကြာအောင် ဂျာမနီ၊ ဖင်လန် အ၀ိုင်းခံခဲ့ပြီး မြို့ နေလူထု သန်းနှင့်ချီငတ်ပြတ်သေဆုံးခဲ့တဲ့ ကြေကွဲဖွယ် (သို့ ) ဂုဏ်ယူအားတက်ဖွယ် သမိုင်းကြောင်းကို ပြန်ပြောပြလေ့ရှိပါတယ်။ ဒုတိယကမ္ဘာစစ် ဗုံးဒဏ်များ၊ ကွန်မြူနစ်ခေတ် ရှေးဟောင်းလက်ရာများ (အထူးသဖြင့် ဘာသာရေးအဆောက်အအုံများ) ဖျက်ဆီးမှုဒဏ်များကြားမှ မြို့  နှင့်တစ်ကွ အနုပညာလက်ရာများ မပျောက်ပျက်ရအောင် ထိန်းသိမ်းနိုင်ခဲ့သည်ကတော့ ချီးကျူးဖွယ်ပင်ဖြစ်သည်။





ဘုရင်ကြီး ပီတာ (၁)


ဥရောပအကြီးဆုံး ဘုရားကျောင်းတစ်ခုဖြစ်တဲ့ အီစာကီရဲ့ ဖ်စကီးဘုရားကျောင်း


အီစာကီရဲ့ ဖ်စကီးဘုရားကျောင်းရဲ့ အတွင်းတစ်နေရာ


အီစာကီရဲ့ ဖ်စကီးဘုရားကျောင်းပေါ်က မြင်ရတဲ့ ပီတာ


ကယ်တင်ခြင်း ဘုရားကျောင်း




ညဲဗာမြစ်နှင့်ပီတာ


ညဲဗာမြစ်ထဲက ခံတပ်ကျွန်းကြီး


ပီတာ၊ ညဲဗာ၊ ဗမာ


ညဲဗာမြစ်ကမ်းပေါ်က အဲမြင်တက်ရှ်ပြတိုက် (Hermitage)




ရုရှားပြည်ရဲ့ ဗင်းနစ်မြို့ 


ကာဇန်းစကီးဘုရားကျောင်း


ဒါမျိုးအရုပ်တွေက ပေါမှပေါ


အရုပ်တွေနဲ့ အလှဆင်ထားတဲ့ နွေရာသီပန်းခြံ


သင်္ဘောတွေဖြတ်ဖို့  ညဘက်ပွင့်တဲ့ တံတားကြီး


ပီတာရဲ့ ည






ပီတာဘုရင်အနားယူရာ ပီတာဂေါ့ဖ်


ပီတာဂေါ့ဖ်မှ ရေပန်းများ




Pushkin ရဲ့ မြို့ ကလေးက ဘုရင်မနန်းတော်


ပီတာ လက်ဆောင်များ


ရုရှားပြည်ရဲ့သင်္ကေတ



Read More...

Monday, July 14, 2008

ညဲဗာမြစ်ကမ်းပါးက ဥရောပအနုပညာတို့ စုဝေးရာ

"Museums are institutions that collect, safeguard and make accessible artefacts and specimens, which they hold in trust for society." (The Museums Association)


The State Hermitage Museum (Государственный Эрминтаж) ဟာ ကမ္ဘာ့ အကောင်းဆုံး ပြတိုက်ကြီးများထဲက တစ်ခုအပါအ၀င်ပါ။ ဒုတိယမြောက် ကက်သရင်းဘုရင်မကြီး (Екатерина II) က အနောက်ဥရောပအနုပညာလက်ရာများကို ကိုယ်ပိုင်စုဆောင်းရာမှ အခြေပြုဖြစ်ပေါ်လာတဲ့ ပြတိုက်ကြီးပါ။ ရုရှားသာမက ဥရောပအနုပညာလက်ရာများကို စုံစုံလင်လင်တွေ့ မြင်နိုင်တဲ့ ပြတိုက်ကြီးပါ။ အနုပညာ လက်ရာပေါင်း သုံးသန်းကျော် ခင်းကျင်းပြသထားပါတယ်။ ပစ္စည်းတစ်ခုကို သုံးမိနစ် ရပ်ကြည့်မယ်ဆိုရင်တောင် (၁၅) နှစ်လောက်ကြည့်ရမယ်လို့  ဆိုကြပါတယ်။ ဘုရင့် ဆောင်းရာသီနန်းတော်ကို ပြတိုက်လုပ်ထားတာဖြစ်လို့  အဆောက်အဦးအတွင်းအပြင် အခင်းအကျင်းသက်သက်ကတင် အလွန်စိတ်ဝင်စားစရာကောင်းနေတာပါ။ ပြတိုက်ကြီးဟာ စိန့်ပီတာစဘတ်မြို့ ရဲ့  ကျက်သရေဆောင်မြစ်တစ်ခုဖြစ်တဲ့ ညဲဗာမြစ် (Река Нева) ကမ်းပါးမှာ ခန့်ညားလှပစွာ တည်ရှိနေတာဖြစ်ပါတယ်။




ပြတိုက်ကြီးရဲ့  အထင်ကရပြခန်းတွေကို ဝေမျှပေးလိုက်ပါတယ်။


The Boudoir of Empress Maria Alexandrovna (1853)


The Snyders Room (1842-51)


The Raphael Loggias (1783-1792)


The Large Throne Room (1838-41)


The Golden Drawing Room (1838-41)


The Pavilion Hall (1850-58)


The Small Dining Room (1894-96)


The Green Dining Room (1850)


The display of Russian culture of the first half of the 18th century


The Gallery of 1812. 1826; 1838-39


The Main Staircase (1754-62)


The Large Italian Skylight Hall (1842-51)


The Cavalcade of Knights


The Concert Hall (1791-93)


The Display of Sculpture of imperial Rome (1st to 4th Century)


The Hall of the Kolyvan Vase (1831-43)


The Display of French 18th Century Art


The Peter the Great Hall (1833)


The Dining room of Peter I (1720)


The Peacock Clock ( 2nd half of the 18th century, England)


The Hall of Frescoes of the Raphael School


The Leonardo da Vinci Hall (1858-60)


The Field Marshals' Hall (1838-39)


The White Hall (1838-41)


The Twenty-Column Hall (1842-51)


The Raphael Hall ( Hall of 16th-century Italian Majolica)


The Library of Nicolas II (1894-96)


The Malachite Room (1838-39)


The Gallery of the History of Ancient Painting


The auditorium of the Hermitage Theatre (1783-85)


The Main Staircase of the New Hermitage (1842-51)


Read More...