Thursday, June 12, 2008

Medical Jokes (1)

ပေါ့ပေါ့ပါးပါးလေး ဖြစ်သွားစေမယ့် ဟာသလေးတွေပါ.. ဘာသာပြန်ကြည့်ပါသေးတယ်.. ပေါ့ရွှတ်ရွှတ်ဖြစ်သွားလို့  ဒီအတိုင်းပဲ တင်ပေးလိုက်တာပါ့.. Medical Joke websites တွေကပါ..

အ၀တ်အစားဆိုတာ ကြေမွနေရင် မီးပူတိုက်ရမှာပေါ့..

An old woman went to visit her daughter and she found her naked, waiting for her husband. The mother asks the daughter: "What are you doing naked?" The daughter responds: "This is the dress of love." When the mother returns home, she strips naked and waits for her husband. When her husband arrives, he asks her: "What are you doing naked, woman?" She responds: "This is the dress of love." And he said to her, "Well, go iron it first."

အတိုကောက်အရေးကောင်းပုံများ..
A woman in Arkansas brought her baby in to see the doctor, and he determined right away the baby had an ear ache.

He wrote a prescription for ear drops. In the directions he wrote, "Put two drops in right ear every four hours" and he abbreviated "right" as an R with a circle around it.

Several days passed, and the woman returned with her baby, complaining that the baby still had an earache, and his little behind was getting really greasy with all those drops of oil.

The doctor looked at the bottle of ear drops and sure enough, the pharmacist had typed the following instructions on the label: "Put two drops in R ear every four hours."


သြော်.. လက်စသတ်တော့ သူနာနေတာ လက်ကိုး..

A man goes to the doctor and says to the doctor:
"It hurts when I press here" (pressing his side)
"And when I press here" (pressing the other side)
"And here" (his leg)
"And here, here and here" (his other leg, and both arms)

So the doctor examined him all over and finally discovered what was wrong... "You've got a broken finger!

ဆုံးရှုံးလိုက်ပုံများ..

A streetwalker was visiting her doctor for a regular check-up. "Any
specific problems you should tell me about?" the doctor asked.

"Well, I have noticed lately that if I get even the tiniest cut, it seems
to bleed for hours," she replied. "Do you think I might be a
hemophiliac?"

"Well," the doctor answered, "hemophilia is a genetic disorder and it is
more often found in men, but it is possible for a woman to be a
hemophiliac. Tell me, how much do you lose when you have your
period?" the doctor inquired.

After calculating for a moment the hooker replied, "Oh, about seven or
eight hundred dollars, I guess."

Read More...

Tuesday, June 10, 2008

Is Executive Function the New IQ?


Why the ability to resist distraction, a skill scientists call "executive function," may be more important to academic success than traditional measures of intelligence.

Wray Herbert

Editor-in-chief of Psychology Today
Newsweek Web Exclusive

အတော်များများ တွေ့ ဖူးကြမှာပါ။ စာသင်ခုံကိုမြဲအောင်မထိုင်နိုင်၊ကိုယ့်အလှည့်မဟုတ်ဘဲ ၀င်ဝင်ပြောတတ်တဲ့၊ အမြဲဂနာမငြိမ်ဖြစ်နေတတ်တဲ့ ကလေးတစ်ယောက်တစ်လေကိုပေါ့။ သူတို့ ရဲ့  ကျောပိုးအိတ်တွေမှာတော့ ကျောင်းကစာရွက်စာတမ်းတွေကို လုံးထွေးထည့်ထားလေ့ရှိပြီးတော့ အိမ်စာဘာပေးလိုက်လဲဆိုတာ တစ်ခြားကလေးတွေကို ပြန်ပြန်မေးရလေ့ရှိတဲ့ ကလေးမျိုးတွေပေါ့။ ဒီကလေးတိုင်းဟာ ကလေးဆိုးတွေ မဟုတ်ကြပေမယ့် သူတို့ ဟာ မိမိကိုယ်ကိုထိန်းကျောင်းနိုင်မှု၊ လျှပ်တပြက်ခံစားမှုတွေကို ထိန်းချူပ်နိုင်မှု၊ မိမိအလုပ်အပေါ် အာရုံစိုက်နိုင်မှု အားနည်းကြပုံပါပဲ။ ဒီတော့ ဒီလိုကလေးအများစုဟာ ကျောင်းသားဆိုးလေးတွေ ဖြစ်လာကြတာမဆန်းပါဘူး။

ဒီကလေးမျိုးတွေဟာ စာသင်နှစ်တွေတစ်လျှောက် ခေါင်းစဉ်အမျိုးမျိုးအတပ်ခံရတော့တာပါပဲ။

ပုန်ကန်တတ်သူ၊ အပြုအမူ မူမမှန်သူ၊ ညံ့ဖျင်းသူ စသဖြင့်ပေါ့။ စိတ်ပညာနဲ့  ဦးနှောက်ပိုင်းဆိုင်ရာ ပညာရပ်တွေမှာ နောက်ဆုံးတွေ့ ရှိချက်တွေကတော့ ကလေးတစ်ယောက်ရဲ့  အာရုံစူးစိုက်နိုင်စွမ်းနဲ့  ပတ်ဝန်းကျင် ဆွဲဆောင်မှုတွေကို တွန်းလှန်နိုင်စွမ်းတွေဟာ မူကြိုကျောင်းမှစပြီး ပညာသင်ကြားမှု တစ်လျှောက်မှာ အရေးပါတဲ့ သင်ယူမှတ်မိနိုင်စွမ်းရဲ့ အခြေခံ (Fundamental cognitive skills) တွေပဲလို့  ဆိုပါတယ်။ တကယ်တော့ ဒီစွမ်းရည်တွေဟာ ကလေးတစ်ယောက်ရဲ့  ကျောင်းတွင်းစွမ်းဆောင်မှုကို တိုင်းတာခန့် မှန်းရာမှာ သမားရိုးကျအိုင်ကျူ (Traditional IQ) ထက် ပိုပြီးအရေးကြီးပါတယ်။



ပညာရပ်ဆိုင်ရာဝေါဟာရအရတော့ ဒီစွမ်းရည်တွေကို Executive function (EF) လို့ ခေါ်ပါတယ်။ ကျောင်းသားရဲ့  အရည်အချင်းကို ဆန်းစစ်ရာမှာ သမားရိုးကျနည်းလမ်းတွေကို တဖြည်းဖြည်းချင်း အစားထိုးလာနိုင်မယ့် အယူအဆတစ်ရပ်ပါ။ အီးအက်ဖ် (EF) ဟာ ထိန်းချုပ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းတွေတင် မကပါဘူး။ လိုအပ်တဲ့ အချက်အလက်တွေကို မှတ်မိနိုင်စွမ်း (Working memory) နဲ့  လက်တွေ့ ကျကျ တွေးခေါ်နိုင်စွမ်းတွေ (Mental flexibility) ပါ အကျုံးဝင်နေပါတယ်။ နောက်ဆုံးသုသေတနတစ်ခုကတော့ သဒ္ဒါ၊ သချာင်္ စတဲ့အခြေခံဘာသာရပ်တွေမှာ အီးအက်ဖ်ဟာ အိုင်ကျူထက် ပိုပြီး အရေးပါတာ တွေ့ လာပါတယ်။ ကြွက်သားလှုပ်ရှားရတဲ့ ပုံမှန်လေ့ကျင့်ခန်းတွေကနေ အီးအက်ဖ်စွမ်းရည်တွေကို တိုးပွားလာစေတယ်လို့ လည်း ဆိုပါတယ်။

ဗြိတိန်ကိုလံဘီယာတက္ကသိုလ်မှ စိတ္တဗေဒပညာရှင် အက်ဒီလ်ဒိုင်းမန်းကတော့ စာသင်ခန်းထဲမှာ ဒီအီးအက်ဖ်အယူအဆကို စမ်းသပ်ကြည့်ရာမှာ ဆွေးနွေးစရာရလဒ်တွေ ရလာခဲ့ပါတယ်။ ပြီးခဲ့တဲ့သုတေသနတစ်ခုမှာ ဒိုင်းမန်းဟာ အမေရိကန်အရှေ့ မြောက်ဘက်က ခရိုင်ကျောင်းတစ်ခုမှာ မူကြိုကလေးတွေနဲ့  စတင်စမ်းသပ်သုတေသန ပြုပါတယ်။ တစ်ဝက်တိတိသော အတန်းတွေကို သမားရိုးကျသင်ရိုးနဲ့  သင်ပြီးတော့ တစ်ဝက်ကိုတော့ အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်းဖြစ်တဲ့ အီးအက်ဖ်ကို လှုံ့  ဆော်မယ့် သီးသန့် ဒီဇိုင်းထုတ်ထားတဲ့ သင်ရိုးနဲ့ ပါ။

အီးအက်ဖ်သင်ရိုးမှာ သင်ခန်းစာပုံစံအမျိုးမျိုးပါပါတယ်။ ဒါတွေကတော့ အမြည်းအနေနဲ့  တစ်ချို့  သင်ခန်းစာလေးတွေပေါ့။ စာသင်ခန်းကို ငြိမ်အောင်ထားမယ့်အစား ကလေးတွေကို ကိုယ့်ဘာသာကိုယ် စကားပြောနေလေ့ရှိအောင် သင်ပေး၊ အားပေးထားတယ်။ လေ့ကျင့်ချင်းတစ်ခုမှာတော့ ဆရာမက စက်ဝိုင်းပုံလေးကို မြှောက်လိုက်ရင် ကလေးတွေက လက်ခုပ်တီးကြရတယ်။ တြိဂံဆိုရင် ခုန်ကြရတယ်။ ဒီလိုနည်းနဲ့ ကလေးတွေဟာ ဆရာမကို ကြည့်ရင်း စိတ်ထဲက (ကဲ..အခုလက်ခုပ်တီးမယ်..အခုခုန်မယ်.. စသဖြင့် ) ဂီယာတွေ လိုက်ချိန်းနေကြရတယ်။ နှုတ်ကလဲ လိုက်ရွတ်နေကြတယ်။ လှုပ်ရှားမှုအသစ်တစ်ခုအတွက် ပထမတစ်ခုကို ချိုးနှိမ်ရတယ်။ တဖြည်းဖြည်းချင်းနှုတ်က ရွတ်နေစရာမလိုတော့ဘဲ စိတ်ထဲမှပင် ထိန်းချုပ်လှုပ်ရှားလာနိုင်တယ်။

နောက်သင်ခန်းစာတစ်ခုကတော့ ကလေးတွေကို တစ်ယောက်တစ်လှည့် ပုံပြောခိုင်းတာပါ။ ကလေးဟာ ကလေးပဲ ဖြစ်တဲ့အတွက် သူတို့ အချင်းချင်းထဲမှာ သူတို့ ဟာ ပုံပြောသူပဲ ဖြစ်ချင်ကြပါတယ်။ ဘယ်သူမှထိုင်ပြီး နားထောင်နေရုံ မနေချင်ကြပါဘူး။ တကယ်တော့ တစ်ကြိမ်မှာ တစ်ယောက်ပဲ ပုံပြောနိုင်မှာဖြစ်လို့  နောက်ပြောရမယ့် သူတွေက နားရွက်ပုံလေးကို ကိုင်ရင်း သူတို့ ဟာ ကိုယ်ပြောဖို့  အလှည့်ကို စောင့်ရင်း နားထောင်နေရတာပါလား ဆိုတာကို သဘောပေါက်စေတယ်။ ဒီလိုနည်းနဲ့ သူတို့  ဟာ ကလေးသဘာဝစိတ်ရင်းဖြစ်တဲ့ အလှည့်မရောက်သေးဘဲ ပြောချင်စိတ်ကို ထိန်းချုပ်နိုင်ကြတယ်။ တဖြည်းဖြည်းချင်း နားရွက်ပုံကို ပြနေစရာမလိုတော့ဘဲ သူတို့ ကိုယ်တိုင် သဘောပေါက်လာကြတယ်။

သရုပ်ဆောင်ကစားနည်းလေးတွေကလည်း ကလေးတွေရဲ အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်းအီးအက်ဖ် တိုးတက်ဖို့  တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။ ၄၊၅ နှစ်အရွယ်လောက်ပဲ ရှိကြသေးတဲ့ မူကြိုကလေးတွေဟာ သူတို့ ကစားမယ့် ဇာတ်လမ်းကို သူတို့ ကိုယ်တိုင် ဖန်တီးကြတာပါ။ ကဲ..ကစားကြမယ်..မင်းကငါ့မာမီလုပ်.. ငါကမင်းရဲ့ ကလေးပေါ့.. ငါကဖျားမယ်.. မင်းကအမေဆိုတော့ ငါ့ကိုဆရာဝန်ဆီ ခေါ်သွား.. စသဖြင့် စီမံပြီး သူတို့ ကစားကြတယ်။ ဒီလိုသရုပ်ဆောင်ကြရင်း ကြုံလာတဲ့ ပြဿနာလေးတွေကိုလည်း ဖြေရှင်းသွားကြတယ်။ ဒါမျိုးလေးတွေကို ကစားစေတဲ့ ရည်ရွယ်ချက်ကတော့ ဒီကစားနည်းလေးတွေဟာ ကလေးတွေရဲ့ စိတ်ထဲကို လိုက်နာရမယ့်စည်းမျဉ်းလေးတွေ၊ မျှော်လင့်ချက်လေးတွေကို သွတ်သွင်းပေးတဲ့အပြင် မိမိအခန်းကဏ္ဍအတွက် စိတ်နှစ်ဆောင်ရွက်တတ်တဲ့ အလေ့အထတွေရရှိဖို့ ပါ။ အရေးကြီးတာက ဒါမျိုးလေ့ကျင့်ခန်းတွေကို သီးသန့် သင်ကြားမှုအနေနဲ့  မဟုတ်ဘဲ ကလေးတွေရဲ့ တနေ့ တာ လုပ်ဆောင်မှုတွေတိုင်းမှာ ပါဝင်နေအောင် လုပ်ပေးထားဖို့ ပါပဲ။

ဒါဟာ ရှင်းလင်းလွယ်ကူအောင်လုပ်ထားတဲ့ သင်ရိုးတစ်ခုဖြစ်ပြီးတော့ ကလေးတွေရဲ့  ဦးနှောက်ဖွံဖြိုးမှုဆိုင်ရာ စနစ်တကျ သုတေသနပြုချက်များအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ အများလက်ခံဖို့  နှစ်အတော်များများတော့ အချိန်ယူလိုက်ရတယ်။ ဒီသင်ရိုးထဲကလေ့ကျင့်ခန်းတွေဟာ သိပ်ပြီးလေးလေးနက်နက် မရှိလှဘူး.. ကလေးတွေကို ခက်ခဲတဲ့သင်ခန်းစာတွေမသင်ချင်အောင် ဆွဲဆောင်နေတယ်..လို့ လဲတချို့ က ယူဆကြတယ်။ ဒါပေမယ့် ဒိုင်းမန်းရဲ့ ရလဒ်တွေကတော့ အဲဒီလို မပြနေပါဘူး။ ချီကာဂိုစိတ္တဗေဒအဖွဲ့ အစည်း (The Association for Psychological Science in Chicargo) ကို သူမ တင်ပြခဲ့ တာကတော့ သမားရိုးကျစာသင်ခန်းတွေရော၊ သုသေတနပြုစာသင်ခန်းမှာပါ နှစ်နှစ်ကြာပြီးနောက်မှာ အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်းအီးအက်ဖ်စစ်ဆေးမှု (EF Tests) များစစ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးမှုတွေမှာ အင်မတန်ခက်ခဲတဲ့ သင်ကြားမှတ်ယူနိုင်စွမ်းစစ်ဆေးမှုတွေ ပါပါတယ်။ စစ်ဆေးမှုတစ်ခုစီတိုင်းမှာ သုသေတနပြုစာသင်ခန်းများမှ ကလေးများက သာလွန်ကောင်းမွန်စွာ ဖြေဆိုသွားနိုင်တယ်လို့  ဆိုပါတယ်။ တကယ်တော့ ပထမတစ်နှစ်အတွင်းမှာတင် သုတေသနပြုအတန်းတွေနဲ့  သမားရိုးကျအတန်းတွေ ကြားမှာ သိပ်ကိုကွာခြားနေတဲ့အတွက် အချို့  သောကျောင်းအာဏာပိုင်များက သုသေတနတန်းတွေကို ဖြုတ်ပြီး ကလေးအားလုံးကို ဒီလေ့ကျင့်မှုတွေရဲ့  ရလဒ်ကောင်းတွေကို ခံစားနိုင်စေဖို့ တောင် ကြိုးစားခဲ့ကြပါတယ်။

ဒါတင်မကပါဘူး။ ပန်စူဗေးနီးယားပြည်နယ်တက္ကသိုလ်မှ စိတ္တဗေဒပညာရှင် ကလန်စီဘလဲကည်း အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်း (အီးအက်ဖ်)ကောင်းတဲ့ မူကြိုကလေးတွေဟာ သာမာန်ကလေးတွေထက် သချာင်္ လို ဘာသာရပ်တွေမှာ ပိုတော်ကြောင်း သက်သေပြခဲ့ပါတယ်။ တနည်းအားဖြင့် ဒီလိုလူကြီးလုပ်တမ်းကစားနည်းလေးတွေ၊ မှတ်ဥာဏ်အသုံးချကစားနည်းလေးတွေကို စောစောစီးစီး ထိတွေ့ ရတဲ့ ကလေးတွေဟာ နောင်ကျောင်းတွင်းပညာသင်ကြားမှုတွေမှာ အောင်အောင်မြင်မြင်ဖြစ်လာကြတယ်လို့  ဆိုပါတယ်။

ကလေးတွေတော်တော်များများဟာ အခြေခံပညာကျောင်းတွေမှာတင် အထုတ်ခံနေကြရပါတယ်။ ဒီအာရုံစိုက်ဆောင်ရွက်နိုင်စွမ်း (အီးအက်ဖ်)ဟာ စီပွားရေးကျပ်တည်းတဲ့ ပတ်ဝန်းကျင်က ကလေးတွေမှာ ဆိုးဆိုးရွားရွားကို အားနည်းကြတာတွေ့ ရပါတယ်။ အမေရိကန်မှာ လူဖြူကလေးတွေနဲ့  အမေရိကန်-အာဖ၇ိကန်ကလေးတွေကြားမှာ အခြေခံပညာသင်ယူရန် အရည်အသွေး (School readiness) ကွာခြားနေတာတွေရဲ့ တ၀က်လောက်ဟာ အီးအက်ဖ်ကွာခြားမှုတွေကြောင့်ဆိုတာ ပေါ်လွင်လာခဲ့ပါတယ်။

စာရေးသူရေးဟားဘားဒ်က ဒီလိုကလေးတွေကို ကူညီမယ်ဆိုတဲ့ ၂၀၀၁ မည်သည့်ကလေးမှချန်မထားရေး (No Child Left Behind Act) ဖက်ဒရယ်အက်ရဲ့  အရည်အချင်းစစ်ဆေးမှုဆိုင်ရာကိုတော့ ဝေဖန်လိုပုံရပါတယ်။ ကလေးတွေရဲ့  အခြေခံဦးနှောက်ပိုင်းရာ စွမ်းဆောင်နိုင်စွမ်းတွေကို မျက်ကွယ်ပြုရင် ကလေးတွေကို ပိုမိုပျက်စီးစေတဲ့လမ်းကြောင်းပေါ်မှာ ချန်ထားတာ၊ သူတို့ ရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်တွေကို မောင်းထုတ်လိုက်တာမျိုး ဖြစ်သွားနိုင်တယ်လို့ ဆိုထားပါတယ်။

( Wrey Herbert ရဲ့  Is executive function the new IQ? ကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ )

Read More...

Tuesday, June 3, 2008

What should we care?

ပုန်းကွယ်နေသော မှတ်ချက်များ

လူဆိုတာ ပတ်ဝန်းကျင်အပေါ်မှာ အမှီပြုပြီး ရင့်ကျက်လာကြတဲ့ သတ္တ၀ါတွေပါ.. လူတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေအားလုံးဟာ သူဖြတ်သန်းလာခဲ့ရတဲ့ ဘ၀၊ ပတ်ဝန်းကျင်ရဲ့ ရောင်ပြန်ဟပ်မှုတွေ ပါပဲ…

ဘာဖြစ်လို့ လဲ?..

ဒီလူဟာ ဒီပတ်ဝန်းကျင်မှာ ရပ်တည်ရှင်သန်နိုင်ဖို့  အတတ်နိုင်ဆုံး မိမိကိုယ်ကို ပြုပြင်ပြောင်းလဲယူလာရတာကိုး…

ပတ်ဝန်းကျင်ဆိုတာ အလိုက်သင့် ရေစုန်မျှောပြီး လိုက်သွားဖို့ လဲမသင့်၊ တစ်ချိန်လုံး ဆန်ကူးနေလို့ လဲ မဖြစ်တဲ့ ရေစီးကြမ်းတဲ့မြစ်တစ်စင်းပါ… အကူးမတတ်ရင် နစ်မြုပ်သွားမှာ မုချပါ.. တစ်ချို့  သောပတ်ဝန်းကျင်က စုပ်ဝဲနဲ့ တူပါတယ်.. အချိန်တန်ရင် မိုးခါးရည်သောက်ရမဲ့ ပတ်ဝန်းကျင်မျိုးပေါ့.. တစ်ချို့  သောပတ်ဝန်းကျင်ကတော့ ကမ်းခြေကို အရှိန်ပြင်းပြင်းနဲ့  အရောက်ပို့ မယ့် ဒီလှိုင်းတွေလိုပေါ့… အင်မတန်ကောင်းတဲ့ ပတ်ဝန်းကျင်မျိုး ဆိုပါတော့..

ဘယ်လိုပတ်ဝန်းကျင်မျိုးမှာပဲဖြစ်ဖြစ် ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ က အရေးအကြီးဆုံးပါ… ကျွန်တော်သတိထားမိသလောက် ကျွန်တော်တို့ ကို အဓိကထိုးနှက်နေတာ ပတ်ဝန်းကျင်က မှတ်ချက်တွေပါ.. ရည်ရွယ်ချက်တွေကို ကြည့်ပြီး အမျိုးအစားခွဲကြည့်လိုက်တော့

  • ရည်ရွယ်ချက်မဲ့ပြီး ၀သီအရ သူတပါးက မိမိကဲ့သို့ မစွမ်းဆောင်နိုင်ဆိုသော အတ္တ မာနမှ အခြေပြုသော ဝေဖန်မှတ်ချက်များ
  • ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်အောင် ပြောဆိုသော ဝေဖန်မှတ်ချက်များ
  • ကောင်းစေလိုသော ဆန္ဒ၊ ရည်ရွယ်ချက်ဖြင့် ပြောဆိုသော ဝေဖန်မှတ်ချက်များ
  • အကျိုးတစ်ခုခုကို မျှော်ကိုးသော မစစ်မှန်သည့် ချီးမွမ်းမှတ်ချက်များ
  • မည်သို့ သောအကျိုးရလဒ်မျှ မမျှော်ကိုးသော စစ်မှန်သည့် ချီးမွမ်းမှတ်ချက်များ ဆိုတာတွေ ရလာပါတယ်…

သို့ သော်..

သို့ သော်.. အဆိုပါမှတ်ချက်များအားလုံးကို ကျွန်တော်တို့  အချိန်ပြည့်ပြောမနေနိုင်ကြပါ… ဘာဖြစ်လို့ လဲ?..

မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်း..တစ်ဦးချင်းစီအတွက် ဖွင့်မပြောတဲ့ စစ်မှန်တဲ့မှတ်ချက်တွေ ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာ ကိုယ်စီကိုယ်စီ ရှိကြပြီးသားပဲမဟုတ်လား..

ကျွန်တော်တို့  တကယ်အလုပ်လုပ်နေကြတာ ဒီမှတ်ချက်တွေနဲ့ ပဲ မဟုတ်လား..

ဒါတွေဟာ အစစ်အမှန်တွေပါပဲ..

ဒီတော့ ပတ်ဝန်းကျင်က ထုတ်ဖော်ပြောနေတယ့် စစ်မှန်မှုနည်းပါးတဲ့မှတ်ချက်တွေမှာ ဘာလို ကျွန်တော်တို အာရုံအနောက်ခံကြမှာလဲ

ဒီလိုဆို ပတ်ဝန်းကျင်ကို၊ မှတ်ချက်တွေကို ကျွန်တော်တို လုံးဝဂရုစိုက်စရာ မလိုတော့ဘူးပေါ့ ?...

NO..မဟုတ်ပါဘူး

ကျွန်တော်တို ပတ်ဝန်းကျင်ရဲ့ စစ်မှန်တဲ့ ရင်ထဲက မှတ်ချက်တွေကို လေးစားကြရပါမယ်.. ကျွန်တော်တို့ ရဲ့ နေ့ စဉ်အသေးအမွှား အပြုအမူလေးတွေကို မြင်ပြီး ရှင်သန်လာတဲ့ မှတ်ချက်တွေ ဖြစ်လို့ ပါ..

ဥပမာ.. ကျွန်တော်ဟာ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့သူတစ်ယောက် ဆိုပါတော့ကျွန်တော်ဟာ အပြောတစ်ခြား၊ အလုပ်တစ်ခြား အမြဲလုပ်တယ်ဆိုပါတော့ဗျာ..ရေရှည်မှာ ကျွန်တော့်ကို ဘယ်သူမှ ယုံကြည်တော့မှာ မဟုတ်ဘူး.. ကျွန်တော်ဟာ ဘာအရည်အချင်းမှမရှိဘဲ စိုင်ကော်လို့ ချူံပေါ်ရောက်ပြီး ဟိတ်ဟန်တစ်ခွဲသားနဲ နေတယ်ဆိုပါတော့ဗျာရေရှည်မှာ ကျွန်တော့်ကို ဘယ်သူမှာ လေးစားမှာ မဟုတ်ဘူး..အားလုံးဟာ ကျွန်တော်တို့ ရဲ့ နေ့ စဉ်လုပ်နေတဲ့ အသေးအဖွဲအမှားအယွင်းတွေ ရဲ့ ရလဒ်တွေပါ..

ကျွန်တော်တို့ ဟာ အပြင်မှာ ပြုံးပြဆက်ဆံနေကြပေမယ့် ဒီလူဟာ မယုံကြည်ရပါလား.. အသုံးမကျပါလား.. စိတ်ဓါတ်မကောင်းပါလား.. အလုပ်ကြိုးစားပါလား..၀ီရိယရှိပါလား... စတဲ့..စတဲ့မှတ်ချက်များစွာက ကျွန်တော်တို့  ရဲ့ မသိစိတ်တွေထဲမှာ …. …. …. …. ….

Read More...

Friday, May 30, 2008

Who are our true things?

နောင်တ …

တန်ဖိုးထားရမယ့်အရာတစ်ခုကို တန်းဖိုးမထားမိလို့  ဖြစ်လာရတာပါ..

တန်ဖိုးထားရမယ့် လူတွေအကြောင်းပါ..

တန်ဖိုးထားရမယ့်လူတွေက ဘယ်သူတွေများလဲ..

ပတ်ဝန်းကျင်က လူတွေအားလုံးဟာ တန်ဖိုးထားရမယ့်လူတွေပါပဲ..

အထင်သေးမိတဲ့သူတွေကို လေ့လာကြည့်ပါ..

ကျွန်တော်တို့  မဖြတ်သန်းခဲ့ရတဲ့ဘ၀တွေကို သူတို့ ဖြတ်သန်းခဲ့ကြရတယ်..

ကျွန်တော်တို့ မှာ မရှိတဲ့ အရည်အချင်းတွေ သူတို့ မှာ ရှိနေကြတယ်..

ကျွန်တော်တို့ ကို ခင်မင်ချစ်မြတ်နိုးတဲ့သူတွေကို စာနာကြည့်ပါ..

ဘယ်လိုအကျိုးကျေးဇူးကိုမှ မမျှော်လင့်ဘဲ အနစ်နာခံနေတဲ့သူတွေ

အများကြီးရှိနေတယ်..

ကျွန်တော်တို့ ပြန်မပေးနိုင်တဲ့ မေတ္တာတွေကို သူတို့ ကျွန်တော်တို့ ကို ပေးနေကြတယ်..

ကျွန်တော်တို့ ဟာ ကိုယ့်ကိုပေးတဲ့ မေတ္တာတွေမှာ ပျော်မွေ့ ရင်း

ကိုယ်ကတုန့် ပြန်ဖို့  တွန့် ဆုတ်ရင်းနဲ့ 

ပတ်ဝန်းကျင်က မအောင်မြင်သူတွေကို နှိုမ့်ချရင်း

မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ရင်း

အောင်မြင်မှုတွေကို စားသုံးလာကြတယ်

တစ်ချိန်တည်းမှာပဲ

ကိုယ့်ကို မေတ္တာမတုန့် ပြန်သူတွေကို မေတ္တာတွေပေးရင်း

မိမိညံ့ဖျင်းမှုတွေနဲ့  ပြိုင်ဘက်တွေကို လမ်းခင်းပေးရင်း

ကျဆုံးနေကြတယ်

သဘာဝတရားက ကျွန်တော်တို့ ကို ဒါဏ်ခတ်တာပါ..

တန်ဖိုးမထားတတ်တဲ့ ကျွန်တော်တို့ ဟာ ဒါဏ်ခတ်ခံကြရတာပါ..

(One True Thing ကို ကြည့်ပြီးတော့ တွေးမိလာတဲ့ အတွေးလေးကို ချရေးထားတာပါ။ မကြည့်ရသေးရင်တော့ ညွှန်းလိုက်ပါရစေ။)

Read More...

Friday, May 23, 2008

CHELSEA & ME!!!


ချယ်လ်ဆီးဆိုတာ ကံကောင်းတတ်လှတဲ့ အသင်းတော့မဟုတ်ဘူးဆိုတာ ဟိုး...ဗီရာလီတို့ လက်ထက်ကတည်းက သိပြီးသားပါပဲ..

ချယ်လ်ဆီးဆိုတာ ဖလားတွေအများကြီးကို ပိုင်ဆိုင်ဖူးတဲ့ အသင်းကြီးမဟုတ်မှန်းလဲ အစကတည်းက သိခဲ့ပြီးသားပါပဲ..

ချယ်လ်ဆီးဆိုတာ သမိုင်းမှာ အောင်မြင်မှုတွေရေးထိုးနိုင်အောင် ကြိုးစားနေဆဲ အသင်းတစ်ခုဆိုတာလဲ သိပြီးသားပါပဲ..

ဒါပေမယ့် အပြာရောင်ကို ချစ်တယ်

.. .. .. အားမာန်တွေကို အားကျတယ်

.. .. .. ကြိုးစားမှုတွေကို လေးစားတယ်

.. .. .. ၀ီရိယတွေကို တန်ဖိုးထားတယ်

အောင်မြင်မှုတွေကို ပါကင်ထုတ်ပြီးသားမလိုချင်ဘူး..

ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ထက်

ပွင့်ဖူးလာဖို့  ကြိုးစားနေတဲ့ ပန်းကလေးကို

ပိုပြီး မြတ်နိုးမိတယ်..

ပိုင်ဆိုင်မှုထက် ပိုင်ဆိုင်ခွင့်ရဖို့ 

ကြိုးစားနေရတာကို ပိုကျေနပ်မိတယ်..

ဒါတွေဟာ ချယ်လ်ဆီးရဲ့ စိတ်ဓါတ်တွေလား..

ချယ်လ်ဆီးဟာ ကျွန်တော့်ရဲ့  အားမာန်တွေလား.

ဒါဆိုရင်

ချယ်လ်ဆီးဟာ ကျွန်တော်

ကျွန်တော်ဟာ ချယ်လ်ဆီးပဲပေါ့ဗျာ..

Read More...

Monday, April 14, 2008

Let's think together (3)

Friends??? What kind of friend would you like to be?

We've got a lot of friends around us. But what kinds of friend are they? what kind are you?

I see my friends around in these categories:


  • (1) those who always do nonsense things & persuade others (their friends) to do like them
  • (2) those who always do nonsense things but encourage others to do the best
  • (3) those who don't care others
  • (4) those who ever seek their best way & persuade others to do like them
  • (5) those who ever seek their best way but don't like to let others share their best (they never hesitate to blow others on their way).

Please let me know what kinds among them you'd like to choose as your closed friends.

And let's think what kinds we're.

Read More...

Sunday, April 6, 2008

Why hasn't yet a cancer screening day come up for worldwide ( like national immunization program)?

Let's figure it out! I think it'll be beneficial for both developed & developing countries.

At that day, we can screen all the people through history taking, examination & investigation on step by step by organizing campaigns countrywide on those days (seizing risky ones to go on steps upwards i.e. to save time & cost).

If you still think it'll take long time, you can even reduce the load by letting people fill up the prestructured questions & seizing risky ones. Today’s cancer screening programs are being like a privilege of only developed countries ( PSA, mammogram, etc.) They're actually unfeasible for poor countries.

Can only they screen the victims of cancer? No, I don't think so. Why should we leave our clinical skills like taking history (which is still being the most cost-effective way in clinical practice)? Please don't see screening methods only like those PSA, mammogram. ..I mean for all commonly occurred cancers.. .. For example, in oral cavity you can seek erythroplakia, leukoplakia as a risk….Regarding probability of breast cancer you can ask about history in family (can guess BRCA1,2 mutation if strongly positive family history).....I mean it....

It’s just an idea. So it’s not an executive program. Let’s somewhat think about it!

Followings are replies from different persons of different countries. How about yours????

Rachel:

Well, that would be wonderful!

If your planning on being an oncologist and have an idea of how to do it, please voice that to someone.

I think the biggest problem would be that there are so many different types and so many different locations cancer can form. Some of them are still undetectable until they get to the later stages and nothing can really be done! So even if that was possible, how could you possibly do a screening to help detect those kinds?

Source(s):

Medical Student

Gillianprowe:

Umm here in Ireland we do not have a National Cervical Screening program let alone mammogram facility YET! They have been promising since 1998, still waiting! Likewise, only yesterday the Government apologies to a female who had a mammogram and biopsy, was given the 'all clear' only to later find out she had breast cancer. So if you want a Worldwide Day, you can rule us out as we do not yet have the facilities. Best of Luck

Source(s):

http://www.rte.ie/news/2008/0404/cancer....

Ghost who walks:

Good idea. But world wide campiagns are organised for polio immunisations, malria, etc only. Cancer is a rare one affecting only a minority of population and may be the reason why no such campaigns done.

Susan S:

It would be very cumbersome.
There would be false positives as well as false negatives.
The people in poorer countries could not afford treatment.
Prostate, colon and breast cancer are not common in less developed countries.

What about an international stop smoking day? Smoking kills so many people each year.

Read More...